သူတို့လက်ချောင်းများပေါ် လက်စွပ်များပြန်စွပ်ပေးခဲ့
“ငါ့လက်ချောင်းတွေကို ကြည့်စမ်း။ ထူးခြားတာတွေ့လား။” အမျိုးသားတစ်ဦးသည် သက်သေခံအမျိုးသမီးတစ်ဦးအား သူ၏လက်ကိုထုတ်ပြ၍ ကြည့်လိုက်ရာ ထိုသူ၏လက်ထပ်လက်စွပ်မရှိတော့သည်ကို ချက်ချင်းသတိပြုမိသည်။ သူနှင့်သူ၏ဇနီးသည် အဆင်မပြေတော့၍ ကွာရှင်းပြတ်စဲရန် ဆုံးဖြတ်ခဲ့ကြောင်း ရှင်းပြသည်။ “မဟုတ်တာ!” ဟူ၍သက်သေခံကဆိုသည်။ “ဒီစာအုပ်ကိုယူပြီးဖတ်ကြည့်။ ရှင့်အိမ်ထောင်ရေးကို ကူညီပေးလိမ့်မယ်။” သို့နှင့် အမျိုးသမီးက ထာဝရအသက်ရစေသောအသိပညာaဟူသည့် ကျမ်းစာအခြေပြုစာအုပ်တစ်အုပ်ကို သူ့အားပေးလိုက်သည်။
နောက်ရက်အနည်းငယ်ကြာသော် ထိုအမျိုးသားသည် သက်သေခံထံ ပျော်ပျော်ရွှင်ရွှင်ဖြင့်ပြန်လာသည်။ သက်သေခံအား သူ၏လက်ကိုပြသည်။ ဤအကြိမ်တွင် သူ၏လက်ထပ်လက်စွပ်ကိုဝတ်ထားသည်။ သူနှင့်သူ၏ဇနီးသည် အသိပညာစာအုပ်ကိုဖတ်ပြီးကြောင်း၊ ယခု သူတို့သည် အလွန်ပျော်ရွှင်ကြကြောင်း ပြောပြသည်။ ထိုစာအုပ်သည် သူတို့၏လက်ချောင်းများပေါ်တွင် လက်စွပ်များကို တကယ်ပင်ပြန်စွပ်ပေးခဲ့ပါသည်။
သမ္မာကျမ်းစာ၏အကြံပြုချက်သည် လင်နှင့်မယား တစ်ဦးအပေါ်တစ်ဦးစစ်မှန်သောမေတ္တာပြရန် ကူညီပေးနိုင်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ သမ္မာကျမ်းစာ၏အာဘော်ရှင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်သောကြောင့်ဖြစ်သည်။ ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။”—ဟေရှာယ ၄၈:၁၇။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။