ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၈/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • အသက်ရှင်တော်မူသော ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၈/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကိုဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ဟေရှာယ ၆၅:၁၇-၁၉ ပါ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ပရောဖက်ပြုချက်ပြည့်စုံခြင်းသည် သုံ့ပန်းဘဝမှ ဂျူးများပြန်လွတ်လာခြင်းထက်မကကိုဆိုလိုကြောင်း ကျွန်ုပ်တို့ မည်သို့သေချာနိုင်သနည်း။

တမန်တော်ပေတရုနှင့် ယောဟန်တို့၏ စီ.အီး. ပထမရာစုတွင်ရေးသားချက်က ခံစားကြရဦးမည့် ကောင်းချီးများနှင့်ပတ်သက်သည့် အနာဂတ်ပြည့်စုံချက်တစ်ခုကို ညွှန်ပြခဲ့သောကြောင့်ဖြစ်သည်။ (၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၁-၄)—၄/၁၅၊ စာမျက်နှာ ၁၀-၁၂။

• အကြမ်းဖက်သော ဘုရားတစ်ပိုင်း လူတစ်ပိုင်းများဖြစ်ကြသည့် ရှေးဂရိဒဏ္ဍာရီများသည် အဘယ်အရာအပေါ် အခြေပြုနိုင်သနည်း။

၎င်းတို့သည် ရေလွှမ်းမိုးဘေးမတိုင်မီက ကောင်းကင်တမန်အချို့ ကမ္ဘာပေါ်တွင် လူ့ကိုယ်ခန္ဓာယူခဲ့ကြကာ အကြမ်းဖက်ပြီး အကျင့်ပျက်ဘဝပုံစံ နေထိုင်ခဲ့သည့်အဖြစ်ကို ပုံကြီးချဲ့ခြင်းနှင့် အလွဲယူမှတ်ခြင်းများဖြစ်နိုင်သည်။ (ကမ္ဘာဦး ၆:၁၊ ၂)—၄/၁၅၊ စာမျက်နှာ ၂၇။

• မင်္ဂလာဆောင်ပွဲများတွင် ရင့်ကျက်သောခရစ်ယာန်များ သတိပြုရှောင်ရှားကြရမည့် အန္တရာယ်အချို့ကားအဘယ်နည်း။

အရက်ယမကာသောက်ကြူးပြီး ကျယ်လောင်စွာသီချင်းဖွင့်ကာ ပရမ်းပတာကခုန်ကြရာမှ ဖြစ်ပေါ်လာနိုင်သည့် ဆူညံစွာပွဲခံခြင်းကို ရှောင်ရှားရန်အရေးကြီးသည်။ ဧည့်ခံပွဲတစ်ခုသို့ လူတိုင်းအားဖိတ်ခေါ်ထား,မထား အသေအချာမသိဘဲနှင့် ဖိတ်ခေါ်မခံရသူများသည် မတက်ရောက်သင့်ချေ။ သတို့သားသည် တော်သင့်သောအချိန်၌ အခမ်းအနားပြီးဆုံးသည်တိုင်အောင် တာဝန်ခံခရစ်ယာန်များရှိနေကြရန် သေချာစွာစီစဉ်ထားသင့်သည်။—၅/၁၊ စာမျက်နှာ ၁၉-၂၂။

• ဆာလံ ၁၂၈:၃ တွင်သားသမီးများကို လူတစ်ဦး၏ စားပွဲပတ်လည်၌စိုက်ပျိုးသော ‘သံလွင်ပင်များနှင့်တူ’ ကြောင်းဖော်ပြခြင်းကား အဘယ်အရာကို ဆိုလိုသနည်း။

အညွန့်သစ်များသည် သံလွင်ပင်၏ပင်စည်မှ ထွက်လေ့ရှိသည်။ အပင်အိုလာ၍ အဓိကပင်စည်မှ သီးပွင့်ခြင်းမရှိတော့သည့်အခါ အညွှန့်သစ်များသည် မူလအပင်ပတ်လည်တွင် သန်သောပင်စည်များ ဖြစ်လာနိုင်သည်။ အလားတူစွာ မိဘများသည် မိမိတို့နှင့်အတူတကွ ယေဟောဝါအားဝတ်ပြု၍ အသီးများသီးပွင့်သော သားသမီးများရရှိထားသည်ကို ပီတိဖြစ်နိုင်ကြသည်။—၅/၁၅၊ စာမျက်နှာ ၂၇။

• အကျိုးဖြစ်ထွန်းစေသော မိသားစုအသိုင်းအဝိုင်းမှ ကလေးများရရှိသည့် အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။

၎င်းက အခွင့်အာဏာအပေါ် တော်မှန်သောအမြင်ရှိခြင်း၊ လျောက်ပတ်သောတန်ဖိုးထားရာများကို လေးမြတ်ခြင်းနှင့် အခြားသူတို့နှင့် ချမ်းမြေ့သောဆက်ဆံရေးတို့အတွက် အုတ်မြစ်ချပေးသည်။ ထိုသို့သောအသိုင်းအဝိုင်းသည် သူတို့ကို ယေဟောဝါနှင့်ရင်းနှီးကျွမ်းဝင်မှု တိုးပွားစေရန်လည်း ကူညီပေးနိုင်သည်။—၆/၁၊ စာမျက်နှာ ၁၈။

• အရှေ့ဖျားဒေသရှိ နိုင်ငံတစ်နိုင်ငံတွင် ခရစ်ယာန်အားလုံးသည် ညီအစ်ကိုများဖြစ်ကြခြင်းသဘောကို တိုးပွားစေရန် အဘယ်အရာကိုပြုလုပ်ခဲ့သနည်း။

အသင်းတော်အားလုံးသည် ဂုဏ်တင်မှုပြရန်အသုံးအနှုန်းကို အချို့သူများနှင့်ပတ်သက်၍ အသုံးမပြုကြရန်တိုက်တွန်းခံခဲ့ရသည်။ ယင်းအစား အားလုံးကို တန်းတူညီတူ ညီအစ်ကိုများဟု ခေါ်ဝေါ်သင့်ပေသည်။—၆/၁၅၊ စာမျက်နှာ ၂၁၊ ၂၂။

• ယေဟောဝါသက်သေများသည် သွေးမှထုတ်လုပ်သည့်ဆေးဝါးများကို လက်ခံကြသလော။

‘အသွေးကိုကြဉ်ရှောင်ရမည်’ ဟူသောကျမ်းစာပညတ်ချက်က ပကတိသွေး သို့မဟုတ် ၎င်း၏အဓိကအစိတ်အပိုင်းများ (ပလာစမာ၊ သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားများ) မသွင်းခြင်းကိုဆိုလိုသည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) အဓိကအစိတ်အပိုင်းများမှရရှိသည့် အပိုင်းအစငယ်များနှင့်စပ်လျဉ်း၍မူကား ခရစ်ယာန်တစ်ဦးစီသည် သမ္မာကျမ်းစာပြောဆိုထားရာများနှင့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးကို စိတ်ထဲစွဲမှတ်ထားကာ မိမိဘာသာဆုံးဖြတ်ရမည်ဖြစ်သည်။—၆/၁၅၊ စာမျက်နှာ ၂၉-၃၁။

• ယနေ့ အတွင်းငြိမ်သက်မှု အမှန်တကယ်ရရှိနိုင်ပါမည်လော။

ရရှိနိုင်ပါသည်။ သမ္မာကျမ်းစာအားဖြင့် ယေရှုခရစ်သည် လူများကို စင်ကြယ်သောဝတ်ပြုရေးလမ်းစဉ်နှင့် ဟေရှာယ ၃၂:၁၈ တွင်ဖော်ပြထားသည့် ငြိမ်သက်ခြင်းသို့ လမ်းညွှန်ပေးနေတော်မူသည်။ ထို့ပြင် အဆိုပါငြိမ်သက်မှုရရှိသူများသည် ဆာလံ ၃၇:၁၁၊ ၂၉ ၏ပြည့်စုံချက်ဖြစ်သော ကမ္ဘာပေါ်တွင် ထာဝစဉ်ငြိမ်သက်မှု ခံစားရမည့်အလားအလာကိုလည်း ရရှိမည်ဖြစ်သည်။—၇/၁၊ စာမျက်နှာ ၇။

• ခေတ်သစ်သီအိုကရက်တစ်သမိုင်းတွင် ဂျော့ချ်ယန်းသည် အဘယ်ကဏ္ဍမှပါဝင်ခဲ့သနည်း။

သူသည် ၁၉၁၇ ခုမှစတင်၍ နိုင်ငံများစွာတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း၏ အလင်းဆောင်သူတစ်ဦးဖြစ်ခဲ့သည်။ သူ၏ အမှုတော်ဆောင်ခြင်းက ကနေဒါနိုင်ငံတစ်လျှောက်၊ ကရစ်ဘီယံကျွန်းများ၊ ဘရာဇီး၊ တောင်အမေရိကရှိ အခြားနိုင်ငံများ၊ ဗဟိုအမေရိက၊ စပိန်၊ ပေါ်တူဂီ၊ ထိုစဉ်ကဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိစေခဲ့သည်။—၇/၁၊ စာမျက်နှာ ၂၂-၇။

• ၁ ကောရိန္သု ၁၅:၂၉ တွင် “သေလွန်သောသူတို့၏ကိုယ်စား [နှစ်ခြင်း] ခံကြ” သူအချို့ကိုဖော်ပြသည့်အခါ အဘယ်အရာကိုဆိုလိုသနည်း။

ဆိုလိုသည်မှာ ခရစ်ယာန်များသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက်ပေးခြင်းခံရသောအခါ သူတို့သည် သေခြင်းသို့ဦးတည်ကာ ကောင်းကင်အသက်တာသို့ ထမြောက်ခြင်းအသက်တာလမ်းစဉ်တွင် ကိုယ်ကိုကိုယ်နှစ်မြှုပ်ထားခြင်းဖြစ်သည်။—၇/၁၅၊ စာမျက်နှာ ၁၇။

• တမန်တော်ပေါလု၏ တိမ်မြုပ်နေသောနှစ်များအဖြစ် ဖော်ပြခဲ့သည့် အချိန်ကာလအတွင်း သူသည် အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။

သူသည် ရှုရိပြည်နှင့် ကိလိကိပြည်ရှိ အသင်းတော်များကိုတည်ထောင်ရန် သို့မဟုတ် ခိုင်ခံ့မြဲမြံစေရန် ကူညီပေးခဲ့ပေမည်။ ၂ ကောရိန္သု ၁၁:၂၃-၂၇ တွင်ဖော်ပြထားသည့် အခက်အခဲများစွာသည် ထိုအချိန်အတွင်းဖြစ်ပျက်ခဲ့ရမည်ဖြစ်ရာ သူသည် ဓမ္မအမှုကို တက်ကြွစွာထမ်းဆောင်နေကြောင်း ဖော်ပြသည်။—၇/၁၅၊ စာမျက်နှာ ၂၆၊ ၂၇။

• ကျွန်ုပ်တို့မျှော်လင့်ရာများသည် အကျိုးသင့်အကြောင်းသင့်ဖြစ်စေရန် အဘယ်အရာကကူညီပေးနိုင်သနည်း။

ယေဟောဝါသည် နားလည်မှုရှိကြောင်းကို သတိရပါ။ ကိုယ်တော်ထံဆုတောင်းခြင်းက ကျွန်ုပ်တို့တွေးခေါ်ပုံကို မျှတမှုရှိစေရန် ကူညီပေးနိုင်ပြီး ယင်းက ကျိုးနွံမှုရှိကြောင်း ဖော်ပြသည်။ အခြားအကူအညီတစ်ခုမှာ ရင့်ကျက်သည့်မိတ်ဆွေတစ်ဦးနှင့်ပြောဆိုခြင်းဖြင့် အမြင်သစ်ရရှိခြင်းဖြစ်သည်။—၈/၁၊ စာမျက်နှာ ၂၉၊ ၃၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ