ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁/၁ စာ. ၃၂
  • “မင်းပြောတာမှန်တယ်၊ ဘဝဟာ သာယာလှပတယ်!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မင်းပြောတာမှန်တယ်၊ ဘဝဟာ သာယာလှပတယ်!”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁/၁ စာ. ၃၂

“မင်းပြောတာမှန်တယ်၊ ဘဝဟာ သာယာလှပတယ်!”

အသင်သည် ဘဝ၏အဓိပ္ပာယ်အမှန်ကို သိလိုပါသလော။ ယင်းသို့သိရန် ပိုလန်နိုင်ငံ၊ ရှတက်ရှင်မြို့နေ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ဆယ့်ရှစ်နှစ်အရွယ် မာဒလေးနာသည် အထက်တန်းကျောင်းနေဖက် ကက်တဇီးနာအား ကူညီပေးခဲ့သည်။ ကက်တဇီးနာသည် မိမိကိုယ်ကို ဘုရားသခင်မဲ့ဝါဒီတစ်ဦးအဖြစ် ခံယူထားသည်၊ သို့သော် မာဒလေးနာက သူ့ကိုကျမ်းစာအကြောင်းပြောပြသောအခါ အမှန်စိတ်ဝင်စား၏။

သမ္မာကျမ်းစာထဲမှ မာဒလေးနာပြောပြသည့်အကြောင်းကို ကက်တဇီးနာနှစ်သက်သော်လည်း အကြွင်းမဲ့လက်မခံနိုင်ခဲ့ပေ။ တစ်နေ့သောအခါ မိတ်ဆွေစစ်များအကြောင်း မာဒလေးနာနှင့် ပြောဆိုဆွေးနွေးလေသော် ကက်တဇီးနာက “သူငယ်ချင်းမှာက ကျမ်းစာရှိတယ်; ဘယ်မူတွေကို လိုက်နာရမယ်၊ မိတ်ဆွေတွေကို ဘယ်မှာရှာယူရမယ်ဆိုတာကို သိထားတယ်။ ဒါပေမဲ့ အခုလောလောဆယ် အဲဒီမူတွေကို လက်မခံနိုင်သေးတဲ့သူတွေကျတော့ကော” ဟုပြောခဲ့ဖူးသည်။

ကက်တဇီးနာသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ခရီးထွက်ခဲ့ချိန်တွင် အခြေအနေပြောင်းလဲသွားသည်။ ထိုတွင်ရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ သူလည်ပတ်ခဲ့ရာ သူ့အားပြသခဲ့သောကြင်နာမှုကြောင့် စိတ်ထိမိခဲ့သည်။ သူ့အတွက် တံခါးဖွင့်ပေးခြင်းနှင့် သူပြောဆိုသည့်စကားကို စိတ်ဝင်စားမှုပြခြင်းစသည့် အသေးအဖွဲအပြုအမူလေးများက သူ့အတွက် နှစ်သက်သဘောကျစရာဖြစ်ခဲ့သည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် ကျောင်းပြန်ဖွင့်သောအခါ ကက်တဇီးနာသည် ကျမ်းစာသင်အံမှု လက်ခံရန် စိတ်ဆုံးဖြတ်ခဲ့သည်။ ယခု သူသည်ကျမ်းစာမူများကို တိုး၍တန်ဖိုးထားလေးမြတ်လာပြီး သူ၏နေ့စဉ်ဘဝတွင် ၎င်းတို့ကို လက်တွေ့ကျင့်သုံးနေလေပြီ။ မကြာသေးမီက မာဒလေးနာကို သူက “ဘဝအသစ်တစ်ခု စနေသလိုပဲ ဒို့ခံစားရတယ်” ဟုရင်ဖွင့်ခဲ့သည်။ ထို့အပြင် ဆယ်လူလာဖုန်းဖြင့် သူက “ဒီနေ့ ဒို့နဲ့ဖတ်ခဲ့တဲ့ ကျမ်းစာအကြောင်းအတွက် ကျေးဇူးအများကြီးတင်တယ်! မင်းပြောတာမှန်တယ်၊ ဘဝဟာ သာယာလှပတယ်! အဲဒီအတွက် ဘယ်သူ့ကို ကျေးဇူးတင်ရမယ်ဆိုတာသိရတာ တကယ်ဝမ်းသာစရာပဲ” ဟူသောသတင်းတိုကို ပေးပို့ခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ