ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁/၁ စာ. ၃၂
  • သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁/၁ စာ. ၃၂

သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်

လွန်ခဲ့သောအနှစ် ၂,၀၀၀ ခန့်က သခင်ယေရှုခရစ်အစပြုခဲ့သော သခင့်ညစာစားပွဲသည် စိတ်ဝင်စားဖွယ်သမိုင်းဖြစ်ရပ်တစ်ခုမျှသာမဟုတ်ချေ။ ၎င်းပွဲကို စတင်ကျင်းပချိန် ကတည်းက ယင်းသည် လူတို့အပေါ် တန်ခိုးပါသောအကျိုးသက်ရောက်မှုရှိခဲ့ပြီ။ အဆိုပါညတွင် ဖြစ်ပျက်ခဲ့ရာများကို ခရစ်ဝင်ကျမ်းမှတ်တမ်းများ၌ ဖတ်ရှုပြီးနောက် များစွာသောသူတို့သည် သခင့်ညစာစားပွဲကို နည်းအမျိုးမျိုးဖြင့်ကျင်းပရန် ကြိုးစားခဲ့ကြသည်။

ဤသို့ဖြစ်ရခြင်းကို နားလည်နိုင်ပါသည်၊ အကြောင်းမှာ ယေရှုခရစ်ကိုယ်တော်တိုင်က ဤပွဲကိုကျင်းပရန် မိမိ၏နောက်လိုက်များအားမိန့်မှာခဲ့ပြီး ယင်းကို သူတို့မှန်မှန်ကျင်းပကြရမည်ဖြစ်သည်။ ကိုယ်တော်က “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟု အတိအလင်းမိန့်မှာခဲ့သည်။—လုကာ ၂၂:၁၉; ၁ ကောရိန္သု ၁၁:၂၃-၂၅။

ထိုပွဲကို အမှန်ပင်အကျိုးဖြစ်ထွန်းစွာကျင်းပဖို့ ၎င်းပွဲ၏အဓိပ္ပာယ်ကို သမ္မာကျမ်းစာဖော်ပြထားသည့်အတိုင်း တိကျမှန်ကန်စွာ သိနားလည်ထားရမည်ဖြစ်သည်။ ထို့အပြင် ၎င်းပွဲကို အဘယ်အချိန်တွင်မည်သို့ကျင်းပရမည့်အကြောင်း သမ္မာကျမ်းစာအဆိုကို သိထားဖို့အရေးကြီးသည်။

ယေရှု၏မိန့်မှာချက်ကို နာခံသည့်အနေနှင့် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ယေရှု၏သေခြင်း အောက်မေ့ရာပွဲကို ကျင်းပရန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့ညနေပိုင်းတွင် အတူတကွစုရုံးကြပါမည်။ သူတို့အတွက် ထိုအချိန်သည် ကျမ်းစာကိုဆန်းစစ်ကြည့်ရန်အချိန်ဖြစ်မည်၊ ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏’ ဟုမိန့်ဆိုခဲ့သော သခင်ယေရှုခရစ်အား ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို အားသစ်လောင်းပေးသည့် အခါသမယလည်းဖြစ်ပါလိမ့်မည်။ (ယောဟန် ၃:၁၆) အသင်လည်း ယေရှုခရစ်တော်နှင့် ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်အား ယုံကြည်ခြင်းနှင့် ချစ်ခြင်း ပိုမိုခိုင်မြဲစေဖို့ အဆိုပါညနေပိုင်းတွင် သူတို့နှင့်အတူစုရုံးစည်းဝေးရန် သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ