ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၄/၁၅ စာ. ၂၇
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖန်နှင့် သူ၏မိသားစုကို သင်သိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူ သကဲ့သို့ ကြိုးစားရှုမြင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • နှိမ့်ချသောယောရှိ—ယေဟောဝါ၏မျက်နှာသာရရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၄/၁၅ စာ. ၂၇

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ရှာဖန်မိသားစုအကြောင်းသိရှိရခြင်းမှ ကျွန်ုပ်တို့မည်သို့အကျိုးရယူနိုင်သနည်း။

ရှာဖန်သည် ယုဒဘုရင်ယောရှိမင်း၏ အတွင်းရေးမှူးနှင့် စာရေးတော်တစ်ဦးဖြစ်သည်။ နိုင်ငံတော်တွင် ဩဇာအာဏာရှိသူတစ်ဦးအဖြစ် ရှာဖန်သည် ရှင်ဘုရင်၏ စစ်မှန်သောဝတ်ပြုရေး ပြန်လည်ထူထောင်ခြင်းလုပ်ငန်းကို ထောက်ပံ့ကူညီပေးခဲ့သည်။ ရှာဖန်၏သားနှစ်ဦးသည် ပရောဖက်ယေရမိအပေါ် တည်ကြည်ခဲ့ကြသည်။ နောက်သားတစ်ဦးနှင့် မြေးနှစ်ဦးတို့သည်လည်း စစ်မှန်သောဝတ်ပြုရေးအတွက် သူတို့၏သြဇာအာဏာကို အသုံးပြုခဲ့ကြ၏။ ထိုနည်းထပ်တူ၊ ကျွန်ုပ်တို့လည်း စစ်မှန်သောဝတ်ပြုရေးကို ထောက်ပံ့ကူညီပေးရန် ကျွန်ုပ်တို့၏ဥစ္စာအင်ခွင်နှင့် ဩဇာအာဏာကို အသုံးချသင့်သည်။—၁၂/၁၅၊ စာမျက်နှာ ၁၉-၂၂။

• အိုင်ရင်း ဟိုခ်စတန်ဘာခ်သည် အင်္ဂါချို့ယွင်းမှုကြီးကို မည်သို့ကျော်လွှားအောင်မြင်ခဲ့ပြီး ယေဟောဝါ၏အမှုတော်ကို မည်သို့ထမ်းဆောင်နိုင်ခဲ့သနည်း။

သူသည် အသက်ခုနစ်နှစ်အရွယ်တွင် နားပင်းသွားလေသည်။ နားပင်းနေသော်လည်း အခြားသူများနှင့်ဆက်သွယ်တတ်လာပြီး ယခုအခါ သူ၏ခင်ပွန်း (နယ်လှည့်ကြီးကြပ်မှူး) ဖြစ်သူနှင့်အတူ နယ်သာလန်နိုင်ငံရှိ အသင်းတော်များထံလှည့်လည်၍ အမှုဆောင်နေပါသည်။—၁/၁၊ စာမျက်နှာ ၂၃-၆။

• “ထက်သန်သော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီးတွင် အဘယ်လေ့လာမှုအထောက်အကူပြု စာအုပ်အသစ်နှစ်ခုကို ထုတ်ဝေခဲ့သနည်း။

ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်များသည် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်လက်ခံရရှိကြသည့်အတွက် ဝမ်းမြောက်ခဲ့ကြ၏၊ လူသစ်များနှင့် ထာဝရအသက်သို့ပို့ဆောင်သော အသိပညာစာအုပ်လေ့လာပြီးနောက် ၎င်းကို လေ့လာကြရန်ရည်ရွယ်ထားပါသည်; အခြားစာအုပ်အသစ်တစ်အုပ်မှာ ယေဟောဝါ၏အရည်အသွေးတော်များနှင့် ဆက်ဆံမှုများကို အဓိကအာရုံစိုက်သည့် ယေဟောဝါထံချဉ်းကပ်လော့ဖြစ်၏။ ကိုယ်တော်၏အရည်အသွေးတော်များကို ကျွန်ုပ်တို့မည်သို့တုပနိုင်ကြောင်းလည်း ဖော်ပြသည်။—၁/၁၅၊ စာမျက်နှာ ၂၃-၄။

• “သူတော်ကောင်းတို့၏အကြံအစည်သည် တော်မှန်၏” ဟူသော နယပုံပြင် ၁၂:၅ [သမ] ၏ အဓိပ္ပာယ်ကားအဘယ်နည်း။

သူတော်ကောင်းတို့၏အကြံအစည်များသည် မွန်မြတ်၏၊ တရားမျှတ၍ ဖြောင့်မတ်မှန်ကန်သည်။ ဖြောင့်မတ်သောသူသည် ဘုရားသခင်နှင့် လူသားချင်းကို ချစ်သောမေတ္တာ၏ လှုံ့ဆော်မှုကိုခံရသဖြင့် သူတို့၏ကြံရွယ်ချက်များမှာ မွန်မြတ်ပေသည်။—၁/၁၅၊ စာမျက်နှာ ၃၀။

• အလုပ်အကိုင်အပေါ် မျှတသောအမြင် မွေးမြူရန် အဘယ်အရာက အကူအညီပေးနိုင်သနည်း။

ကလေးဘဝမှစ၍ အလုပ်ကိုတန်ဖိုးထားတတ်ရန် လေ့ကျင့်ပေးခံရခြင်းသည် အထောက်အကူပြုသည်။ သမ္မာကျမ်းစာက ပျင်းရိခြင်းကိုရှောင်လျက် လုပ်ငန်းခွင်ကျင့်ဝတ်ကောင်းရှိရန် တိုက်တွန်းထားသည်။ (သု. ၂၀:၄) ထို့ပြင် အလုပ်တွင်အာရုံနစ်မြုပ်မနေကြရန် ခရစ်ယာန်များကို အားပေးထား၏။ ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ဘုရားသခင်၏အမှုတော်ဆောင်ခြင်းကို အဓိကထားထိုက်ကြောင်း အသိအမှတ်ပြုသင့်သည်။ (၁ ကောရိန္သု ၇:၂၉-၃၁) ထို့ပြင် စစ်မှန်သောခရစ်ယာန်များကို ဘုရားသခင်စွန့်ပစ်မည်မဟုတ်ကြောင်း သူတို့ယုံကြည်စိတ်ချကြ၏။—၂/၁၊ စာမျက်နှာ ၄-၆။

• သမ္မာကျမ်းစာတွင် ယဇ်ပလ္လင်ကို အဘယ်နေရာ၌ ဦးဆုံးဖော်ပြထားသနည်း။

ကမ္ဘာဦး ၈:၂၀ တွင်ဖြစ်သည်၊ ရေလွှမ်းမိုးဘေးပြီးနောက် သင်္ဘောထဲမှထွက်ခွာခဲ့ပြီး နောဧတည်ဆောက်ခဲ့သည့် ယဇ်ပလ္လင်ကို ထိုတွင်ရည်ညွှန်းသည်။ သို့ရာတွင် ကာဣနနှင့် အာဗေလတို့သည် မိမိတို့၏ပူဇော်ရာယဇ်များကို ပူဇော်ချိန်တွင် ယဇ်ပလ္လင်များကို အသုံးပြုခဲ့ပုံရ၏။ (ကမ္ဘာဦး ၄:၃၊ ၄)—၂/၁၅၊ စာမျက်နှာ ၂၈။

• ခရစ်ယာန်တချို့သည် ပြောင်းလဲသွားသည့်အခြေအနေများကို မည်သို့ကောင်းစွာ အသုံးချနိုင်မည်နည်း။

ခရစ်ယာန်တချို့သည် ဓမ္မအမှုတွင် တိုး၍ပါဝင်နိုင်ဖို့ မိမိတို့၏လုပ်ငန်းတွင် အပြောင်းအလဲများကိုလက်ခံခဲ့ကြ၏၊ သို့မဟုတ် အပြောင်းအလဲများပြုလုပ်ခဲ့ကြ၏။ အခြားသူတို့မှာမူ သားသမီးများ အရွယ်ရောက်လာကြပြီး အိမ်ထောင်ပြုသွားကြသည့်အတွက် မိသားစုတာဝန်များ လျော့နည်းသွားရာ ဘုရားသခင့်လုပ်ငန်းတော်တွင် မိမိတို့၏အချိန်နှင့် အခွင့်အရေးများကို တိုးများလာစေခဲ့ကြသည်။—၃/၁၊ စာမျက်နှာ ၁၉-၂၂။

• အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူသကဲ့သို့ ရှုမြင်ဖို့ ယောနနှင့် တမန်တော်ပေတရုတို့၏ ပုံနမူနာများက မည်သို့ကူညီပေးသနည်း။

ယောနနှင့်ပေတရုတို့သည် သူတို့စဉ်းစားတွေးခေါ်ပုံ၊ ယုံကြည်ခြင်းနှင့် နာခံမှုဆိုင်ရာ စမ်းသပ်မှုများကို တုံ့ပြန်ပုံတို့တွင် အမှားများပြုခဲ့ကြကြောင်း လူသိများသည်။ သို့တိုင် ယေဟောဝါသည် သူတို့တွင်ကောင်းသောအရည်အချင်းများကို အထင်အရှား တွေ့ မြင်တော်မူခဲ့ရာ မိမိ၏လုပ်ငန်းတွင် သူတို့ကို ဆက်လက်အသုံးပြုတော်မူခဲ့၏။ အခြားသူများသည် ကျွန်ုပ်တို့ကို စိတ်ထိခိုက်သွားစေမည်၊ သို့မဟုတ် စိတ်ပျက်စေမည်ဆိုလျှင် ယခင်က သူတို့တွင်တွေ့ မြင်ခဲ့သော နှစ်လိုဖွယ်အရည်အချင်းများနှင့် သူတို့တွင် ဘုရားသခင်ရှုမြင်သောကောင်းမှုကို ကျွန်ုပ်တို့အာရုံစိုက်နိုင်ကြသည်။—၃/၁၅၊ စာမျက်နှာ ၁၆-၁၉။

• ကျမ်းစာဘာသာပြန်များသည် ဆာလံကျမ်းကို အခန်းကြီးအခန်းငယ်ခွဲရာတွင် အဘယ်ကြောင့် ကွဲပြားကြသနည်း။

မူရင်းဟေဗြဲဘာသာစကားကျမ်းနှင့် ဂရိစက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းတွင် ဆာလံကျမ်းကို အခန်းကြီးအခန်းငယ်ခွဲရာတွင် ကွာဟမှုရှိနေသည်။ မကြာသေးမီက ဘာသာပြန်သောကျမ်းများသည် ဟေဗြဲကျမ်းကိုအခြေပြုခြင်းလော၊ စက်ပ်တွားဂျင့်ကျမ်းကိုအခြေပြုခြင်းလော ပေါ်မူတည်၍ ကွဲပြားနိုင်ပေသည်။—၄/၁၊ စာမျက်နှာ ၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ