ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၁/၁၅ စာ. ၂၇
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါသက်သေတွေက မွေးနေ့ပွဲကို ဘာကြောင့် မကျင်းပတာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ပွဲနေ့အားလုံးကို ဘုရားသခင် လက်ခံသလား
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ဘုရားသခင် မနှစ်သက်တဲ့ ပွဲနေ့များ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၁/၁၅ စာ. ၂၇

စာရှုသူများထံမှမေးခွန်းလွှာ

နေ့သင့်နံသင့်ကျောက်မျက်များ အသုံးပြုခြင်းကို ခရစ်ယာန်များ မည်သို့ရှုမြင်အပ်သနည်း။

ယဉ်ကျေးမှုအချို့တွင် နေ့သင့်နံသင့်ကျောက်မျက်များကို မွေးဖွားသည့်လနှင့်ဆက်စပ်ထားကြသည်။ ခရစ်ယာန်တစ်ဦးသည် ကျောက်မျက်လက်စွပ် ဝတ်မည်မဝတ်မည်ကို ကိုယ်ပိုင်ဆုံးဖြတ်ရမည်။ (ဂလာတိ ၆:၅) ဆုံးဖြတ်ရာတွင် စဉ်းစားသုံးသပ်ရမည့် အရေးကြီးအချက်များရှိပါသည်။

“နေ့သင့်နံသင့်ကျောက်မျက်သည် မွေးဖွားသည့်ရက်စွဲနှင့် ဆက်နွှယ်ပြီး အတိတ်နိမိတ်ကောင်းစေသည် သို့မဟုတ် ကျန်းမာရေးကောင်းစေသည်ဟူ၍ ယူဆကာ ဝတ်ဆင်ကြသည်” ဟုဗြိတဲန်နီကာစွယ်စုံကျမ်း ကဖော်ပြသည်။ အဆိုပါကိုးကားဖော်ပြချက်က ဤသို့ထပ်ဆင့်ဆို၏– “ကျောက်မျက်တချို့သည် ထူးကဲသော အစွမ်းများရှိ၏ဟု နက္ခတ်ဗေဒင်ဆရာများ ယူမှတ်ခဲ့ကြသည်မှာ ကြာမြင့်ပြီ။” ထူးသဖြင့် ရှေးခေတ်က နေ့သင့်နံသင့်ကျောက်မျက် ဝတ်ဆင်ထားသူအတွက် အတိတ်နိမိတ်ကောင်းစေနိုင်သည်ဟု လူအများက ယူမှတ်ကြ၏။ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် ထိုသို့ယူမှတ်သလော။ မယူမှတ်ပါ၊ အကြောင်းမှာ ယေဟောဝါသည် မိမိအား စွန့်သွားသူများနှင့် ‘ကံဘုရား’ အား ကိုးစားသူများကို ပြစ်တင်ရှုတ်ချကြောင်း သိရှိထားသောကြောင့်ဖြစ်သည်။—ဟေရှာယ ၆၅:၁၁၊ သမ။

အလယ်ခေတ်က ဗေဒင်ဆရာများသည် နှစ်၏လတိုင်းအတွက် ကျောက်မျက်တစ်မျိုးစီကို ရွေးချယ်သတ်မှတ်ခဲ့ကြသည်။ သူတို့က မွေးသည့်လအတွက် ရွေးချယ်ထားသော ကျောက်မျက်ကို ဝတ်ဆင်ထားလျှင် ဘေးကင်းလုံခြုံမည်ဟုဆိုကာ ယင်းကို ဝတ်ဆင်စေခဲ့ကြ၏။ သို့ရာတွင် ဗေဒင်ဆရာများကို သမ္မာကျမ်းစာက အပြစ်တင်ထားရာ သူတို့ပြောဆိုသည့်အတိုင်း ခရစ်ယာန်များ လုပ်ဆောင်ခြင်းသည် ကျမ်းစာအရ မှားပေမည်။—တရားဟောရာ ၁၈:၉-၁၂။

နေ့သင့်နံသင့်ကျောက်မျက်လက်စွပ်ကို အထူးအဓိပ္ပာယ်ဖြင့် ခရစ်ယာန်များ ဝတ်ဆင်ထားခြင်းသည်လည်း မသင့်လျော်ပေ။ ယေဟောဝါသက်သေများသည် မွေးနေ့ပွဲများ မကျင်းပကြချေ။ ဤသို့သောပွဲများသည် လူတစ်ဦးကို အလွန်အမင်းအာရုံစိုက်စေပြီး ကျမ်းစာတွင် မှတ်တမ်းတင်ထားသော မွေးနေ့များသည် ဘုရားသခင်အား ဝတ်မပြုကြသော အုပ်စိုးရှင်များ၏မွေးနေ့များသာဖြစ်သောကြောင့်တည်း။—ကမ္ဘာဦး ၄၀:၂၀; မဿဲ ၁၄:၆-၁၀။

နေ့သင့်နံသင့်ကျောက်မျက်လက်စွပ် ဝတ်ဆင်ထားခြင်းသည် ဝတ်ဆင်သူ၏ဥပဓိရုပ်ကို အကျိုးပြုစေသည်ဟု လူအချို့က ယူမှတ်ကြ၏။ သို့သော် ယင်းကို ခရစ်ယာန်စစ်များ မယုံကြချေ၊ အကြောင်းမှာ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လွှမ်းမိုးမှုကိုခံယူပြီး ကျမ်းစာမူများကို လိုက်နာကျင့်သုံးခြင်းအားဖြင့်သာ “ဥပဓိရုပ်သစ်” ကိုယူတင်ဝတ်ဆင်နိုင်ကြောင်း သဘောပေါက်ထား၏။—ဧဖက် ၄:၂၂-၂၄၊ ကဘ။

အလွန်အရေးပါသောအချက်ကား ရည်ရွယ်ချက်ဖြစ်၏။ ခရစ်ယာန်တစ်ဦးသည် နေ့သင့်နံသင့် ကျောက်မျက်လက်စွပ်ကို ဝတ်သင့်၊ မဝတ်သင့်ဆုံးဖြတ်ရာတွင် မိမိကိုယ်ကို ဤသို့မေးရမည်– ‘နေ့သင့်နံသင့်ကျောက်မျက်ဖြစ်နေသော်လည်း ဤကျောက်မျက်လက်စွပ်ကို အကျွန်ုပ်ကြိုက်နှစ်သက်၍သာ ဝတ်ဆင်လိုခြင်းလော။ သို့မဟုတ် ထိုသို့သောကျောက်မျက်များနှင့် စပ်လျဉ်း၍ လူအချို့တွင်ရှိသည့် အယူသီးမှုများက အကျွန်ုပ်ကို အတော်အတန် လွှမ်းမိုးထား၍လော။’

ခရစ်ယာန်တစ်ဦးသည် မိမိရည်ရွယ်ချက်ကိုစိစစ်ရန် သူ၏နှလုံးကို ဆန်းစစ်သင့်သည်။ “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့” ဟုသမ္မာကျမ်းစာက ဆို၏။ (သု. ၄:၂၃) ခရစ်ယာန်တိုင်းသည် နေ့သင့်နံသင့်ကျောက်မျက်များနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရာတွင် မိမိ၏ရည်ရွယ်ချက်အပြင် မိမိလုပ်ရပ်ကြောင့် မိမိကိုယ်ကိုနှင့် သူတစ်ပါးအပေါ် အကျိုးသက်ရောက်နိုင်မှုများကို စဉ်းစားသုံးသပ်လျှင် ကောင်းပေမည်။—ရောမ ၁၄:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ