ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁/၁၅ စာ. ၃၁
  • “လက်ရာမြောက်လှသော အင်ဂျင်နီယာအတတ်ပညာတစ်ရပ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လက်ရာမြောက်လှသော အင်ဂျင်နီယာအတတ်ပညာတစ်ရပ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁/၁၅ စာ. ၃၁

“လက်ရာမြောက်လှသော အင်ဂျင်နီယာအတတ်ပညာတစ်ရပ်”

လွန်ခဲ့သောအနှစ် ၃၀၀၀ ခန့်က ရှောလမုန်ဘုရင်အုပ်စိုးချိန်အတွင်း ယေရုရှလင်မြို့၌ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်ကို ဆောက်လုပ်သောအခါ အိမ်တော်ဝင်ပေါက်အပြင်ဘက်တွင် လှပသောကြေး ရေလှောင်ကန်တစ်ခု ဆောက်လုပ်ခဲ့သည်။ တန်ချိန် ၃၀ ကျော်လေးပြီး ရေဂါလံ ၁၁,၀၀၀ ခန့်ဆံ့သည်။ ဤအင်တုံကြီးကို ကြေးရေကန်ဟု ခေါ်ထားသည်။ (၃ ဓမ္မရာဇဝင် ၇:၂၃-၂၆) “ယင်းသည် ဟေဗြဲလူမျိုးတို့ ဆောက်လုပ်ခဲ့သမျှတွင် လက်ရာမြောက်လှသော အင်ဂျင်နီယာအတတ်ပညာတစ်ရပ် အမှန်ဖြစ်နိုင်သည်” ဟု ကနေဒါနိုင်ငံ၏ အမျိုးသားသုတေသနအဖွဲ့မှ စက်မှုအတတ်ပညာရှင်ဟောင်း အဲလ်ဘတ် ဇိုအစ်ဟော့ဖ်က ကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသနပညာရှင်မဂ္ဂဇင်းတွင် ဆို၏။

ထိုကြေးရေကန်ကို မည်သို့ဆောက်လုပ်ခဲ့ကြသနည်း။ “ယော်ဒန်ချိုင့် ... တွင် သရွတ်လုပ်စရာကောင်းသောမြေ၌ [ကြေးဝါတန်ဆာများကို] ရှင်ဘုရင်သွန်းလေ၏” ဟု သမ္မာကျမ်းစာကဖော်ပြသည်။ (၃ ဓမ္မရာဇဝင် ၇:၄၅၊ ၄၆) “ပုံသွန်းသည့်နည်းမှာ ကြေးခေါင်းလောင်းကြီးများပြုလုပ်ရာ၌ အသုံးပြုနေဆဲဖြစ်သော ‘ဖယောင်းပျော်ကျ’ နည်းနှင့် ဆင်တူပေမည်” ဟု ဇိုအစ်ဟော့ဖ်ကဆို၏။ သူဤသို့ရှင်းပြသည်– “အခြေခံအားဖြင့် လုံးဝခြောက်သွေ့နေသော အတွင်းပိုင်းဆိုင်ရာပုံစံဖြစ်သော ရွှံ့ပုံစံတုံးအပေါ်၌ ဖယောင်းဖြင့် မှောက်ခုံ အင်တုံပုံစံတစ်ခုကို မံလိုက်သည်။ ... ၎င်းကိုပြုလုပ်ပြီးနောက် သတ္တုသွန်းလုပ်သူများသည် ဖယောင်းပုံစံအပေါ်တွင် ထပ်၍ ရွှံ့ဖြင့်မံလိုက်ကာ အခြောက်ခံသည်။ နောက်ဆုံးအဆင့်များမှာ ဖယောင်းကို အပူပေး အရည်ပျော်စေပြီး ချိုင့်ကလိုင်ခေါင်းထဲသို့ ကြေးအရည်ကို လောင်းထည့်လိုက်ခြင်းဖြစ်သည်။”

သွန်းလုပ်သော ထိုကြေးရေကန်၏ အရွယ်အစားနှင့် အလေးချိန်မှာ ကြီးမားလွန်းသဖြင့် ဆောက်လုပ်ရာ၌ အလွန်ကျွမ်းကျင်ဖို့ လိုသည်။ အတွင်းပိုင်း ရွှံ့တုံးနှင့် အပြင်ဘက်ရှိ ရွှံ့ပုံစံခုံးတို့သည် တန်ချိန် ၃၀ ခန့်ရှိသော ကြေးရည်ဖိအားကို ခံနိုင်ရမည်ဖြစ်ပြီး အက်ကြောင်းများ သို့မဟုတ် အနာများမရှိစေဖို့ ကျိုထားသည့်သတ္တုကို ဆက်တိုက်သွန်းလောင်းထည့်ရကြမည်ဖြစ်သည်။ ဤသို့ ပုံစံခွက်ထဲသို့ ကျိုထားသည့်သတ္တုရည် လောင်းထည့်နိုင်ရန် မီးဖိုကြီးများကို တစ်ဆက်တည်း စီတန်းတည်ဆောက်ထားရန်လိုမည်။ ဧရာမလုပ်ငန်းကြီးပါတကား!

ဝတ်ပြုရာအိမ်တော်အပ်နှံပွဲ ဆုတောင်းချက်တွင် ဘုရင်ရှောလမုန်သည် ဝတ်ပြုရာအိမ်တော်လုပ်ငန်းအားလုံး ပြီးစီးသွားသည့်အတွက် ယေဟောဝါဘုရားသခင်ကို ဤသို့ချီးကျူးဂုဏ်ပြုခဲ့သည်– “[ကိုယ်တော်သည်] ... ကတိတော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း [လက်ရုံးတော်ဖြင့်] ယနေ့ပြုတော်မူပြီ။”—၃ ဓမ္မရာဇဝင် ၈:၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ