ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၆/၁ စာ. ၃၀-၃၁
  • အကူအညီလိုအပ်ချိန်တွင် ကောင်းမှုပြုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကူအညီလိုအပ်ချိန်တွင် ကောင်းမှုပြုခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • လွန်ခဲ့သောနှစ်မှ ပေါ်လွင်ချက်များ
    ၂၀၀၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဝတ်ပြုရာနေရာများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ယခုခေတ် ယေဟောဝါ၏ကယ်တင်ခြင်း စီရင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၆/၁ စာ. ၃၀-၃၁

အကူအညီလိုအပ်ချိန်တွင် ကောင်းမှုပြုခြင်း

တမန်တော်ပေါလုက “ငါတို့သည်အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူး [“ကောင်းစွာသောအမှု၊” သမ္မ] ပြုကြကုန်အံ့” ဟုအားပေးတိုက်တွန်းခဲ့သည်။ (ဂလာတိ ၆:၁၀) ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် လူတိုင်းအပေါ်၊ အထူးသဖြင့် ယုံကြည်သူချင်းများအပေါ် ကောင်းမှုပြုခြင်းဖြင့် သူတို့အသက်တာတွင် ထိုမူကိုကျင့်သုံးရန် လုံ့လစိုက်ထုတ်ဖို့ကြိုးစားကြသည်။ ယင်းကို အကူအညီလိုအပ်ချိန်တွင် ထပ်ခါတလဲတွေ့ရှိရသည်။ နိုင်ငံသုံးနိုင်ငံမှ မကြာသေးမီကအဖြစ်အပျက်တို့ကို သုံးသပ်ကြည့်ကြစို့။

၂၀၀၂၊ ဒီဇင်ဘာလတွင် တစ်နာရီလျှင် မိုင် ၁၉၀ ရှိသော အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်းတစ်ခု ဂူအမ်ကျွန်းကို တိုက်ခတ်ခဲ့သည်။ အိမ်များစွာ ပြုတ်ပျက်ထွက်ကုန်ပြီး တချို့အိမ်များမူ လုံးလုံးပျက်စီးသွားသည်။ ဆိုးဆိုးဝါးဝါးရှုံးဆုံးခဲ့သည့် သက်သေခံမိသားစုများကို ကူညီပေးရန် ဒေသခံအသင်းတော်များသည် ရှင်းလင်းသုတ်သင်ရေးအဖွဲ့များ အလျင်အမြန် ဖွဲ့စည်းပေးခဲ့သည်။ ဂူအမ်ဌာနခွဲရုံးသည် ပျက်စီးသွားသောအိမ်များကို ပြန်ပြုပြင်ရန် လိုအပ်သောပစ္စည်းများနှင့် လုပ်သားများ စီစဉ်ပေးပြီး ဟာဝိုင်ရီဌာနခွဲသည်လည်း အထောက်အပံ့များပို့ပေးသည်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွင် ကူညီပေးရန် ဟာဝိုင်ရီမှ လက်သမားအုပ်စုတစ်စု ရက်သတ္တပတ်အနည်းငယ်အတွင်း ရောက်ရှိလာသည်၊ သူတို့ကိုအကူအညီပေးရန် ဒေသခံညီအစ်ကိုအချို့သည် အလုပ်များမှ ခွင့်ယူခဲ့ကြသည်။ ရွှင်လန်းစွာ အတူတကွ ပူးပေါင်းလုပ်ဆောင်သည့် စိတ်ဓာတ်ကြောင့် ရပ်ကွက်တွင် သက်သေခံချက်တစ်ခုဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ၊ မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် သိပ်မဝေးသောနေရာတွင် မီးလောင်ခဲ့သည်။ ၎င်းအနီးတွင် မလှုပ်ရှားတော့သည့် ကြေညာသူညီအစ်မတစ်ဦးနှင့် သူ၏မိသားစုအိမ်ရှိသည်။ သူ၏အိမ်ဘက်သို့ လေတိုက်နေသောကြောင့် အကူအညီတောင်းဆိုရန် ခန်းမသို့ သူပြေးသွားခဲ့သည်။ ထိုအချိန်တွင် ခန်းမပြုပြင်နေသဖြင့် ညီအစ်ကိုများစွာရှိနေသည်။ ထိုရပ်ကွက်တွင် ၎င်းညီအစ်မနေထိုင်ကြောင်း သူတို့မသိကြသောကြောင့် ညီအစ်မကိုတွေ့ရ၍ အံ့သြနေ၏။ ညီအစ်ကိုများသည် ထိုမိသားစု၏ပိုင်ဆိုင်ရာများကို ဘေးကင်းသည့်နေရာသို့ အလျင်အမြန်ရွှေ့ပြောင်းပေးခဲ့ကြသည်။ သက်သေခံမဟုတ်သော ခင်ပွန်းဖြစ်သူသည် မီးလောင်သည့်အကြောင်းကြား၍ အိမ်သို့အလျင်အမြန်ပြန်လာခဲ့ရာ သူ၏မိသားစုအား ညီအစ်ကိုများ ကူညီပေးနေသည်ကို တွေ့မြင်ပြီး ကျေးဇူးတင်လေးမြတ်ခဲ့သည်။ ဤသို့သောအခြေအနေမျိုး၌ ပစ္စည်းများသယ်ထုတ်နေချိန်တွင် အလစ်သုတ်သူများရှိတတ်သောကြောင့် ယခု သူစိတ်သက်သာရာ ရခဲ့သည်။ ညီအစ်ကိုများ၏ ကြင်နာသောလုပ်ရပ်ကြောင့် ထိုညီအစ်မနှင့် သူ၏သားသည် ခရစ်ယာန်အသင်းတော်နှင့် တစ်ဖန်ပြန်လည်ပူးပေါင်းပြီး ယခု အစည်းအဝေးအားလုံးကို တက်ရောက်နေပါသည်။

လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း မိုဇမ်ဘစ်နိုင်ငံတွင် မိုးခေါင်ပြီး စိုက်ပျိုးရေးမဖြစ်ထွန်းမှုတို့ကြောင့် များစွာသောသူတို့သည် အစာခေါင်းပါးမှုနှင့် ရင်ဆိုင်ခဲ့ရ၏။ ဒေသခံယေဟောဝါသက်သေဌာနခွဲရုံးသည် လိုအပ်နေသူများအတွက် အစားအစာများကို အလျင်အမြန် စုဆောင်းပြီးပေးပို့ခဲ့သည်။ အစားအစာများကို ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် ဝေငှပေးခဲ့ကြ၏၊ တစ်ခါတစ်ရံ အသင်းတော်အစည်းအဝေးများပြီးနောက်တွင် ဝေငှခဲ့ကြသည်။ ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်သူ ညီအစ်မတစ်ဦးက ဤသို့ပြောပြခဲ့၏– “အိမ်ပြန်ရောက်ရင် ကျွန်မရဲ့ကလေးတွေကို ဘာကျွေးရမလဲဆိုတာမသိဘဲ စိတ်ပျက်လက်ပျက်နဲ့ အစည်းအဝေးလာတက်တာ။” ညီအစ်ကိုများ၏ မေတ္တာပါသော ထောက်မကူညီပေးမှုက ထိုညီအစ်မကို ပြန်လည်စိတ်အားတက်ကြွစေခဲ့သည်။ “ကျွန်မအတွက် ရှင်ပြန်ထမြောက်လာရသလိုပဲ!” ဟုသူပြောခဲ့သည်။

သက်သေခံများသည် နှစ်သိမ့်မှုဖြစ်စေပြီး မျှော်လင့်ချက်ပေးသော သမ္မာကျမ်းစာသတင်းစကား ဝေမျှပေးခြင်းအားဖြင့်လည်း ဝိညာဉ်ရေးအရ ‘ကောင်းမှုပြု’ ကြသည်။ သူတို့သည် ရှေးပညာရှိကဲ့သို့ပင် ဤသို့ယုံကြည်ကြသည်– “[ဘုရားသခင်နှင့်ဆိုင်သော ဉာဏ်ပညာ] စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။”—သု. ၁:၃၃။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

၁၊ ၂။ မိုဇမ်ဘစ်နိုင်ငံတွင် အကူအညီလိုအပ်နေသူများကို အစားအစာဝေငှပေးနေ

၃၊ ၄။ ဂူအမ်ကျွန်းတွင် တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းက အိမ်များစွာကို ပျက်စီးစေခဲ့

[Credit Lines]

Child, left: Andrea Booher/FEMA News Photo; woman, above: AP Photo/Pacific Daily News, Masako Watanabe

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ