ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၈/၁ စာ. ၂၈
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မြင့်မြတ်သောသွန်သင်ခြင်းသည် နတ်ဆိုးတို့၏သွန်သင်ချက်များနှင့်ဆန့်ကျင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၈/၁ စာ. ၂၈

စာရှုသူများထံမှ မေးခွန်းလွှာ

တပည့်နောက်လိုက်များအား ယေရှုက “စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ” ဟုမိန့်ဆိုသောအခါ အဘယ်အရာကိုဆိုလိုသနည်း။

ယေရှုသည် တပည့်နောက်လိုက် ၇၀ ကို ရွေးချယ်ပြီးခါစဖြစ်၍ သူတို့ကို “ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်သို့ ရှေ့တော်၌ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်” လိုက်လေသည်။ အဆိုပါ တပည့်နောက်လိုက် ၇၀ ပြန်ရောက်လာကြသောအခါ သူတို့၏အောင်မြင်မှုအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ သူတို့က “သခင်၊ ကိုယ်တော်၏နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်” ဟုလျှောက်ကြ၏။ ထိုအခါ ယေရှုက “စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ” ဟု မိန့်ဆိုခဲ့သည်။—လုကာ ၁၀:၁၊ ၁၇၊ ၁၈။

ဤသို့ဆိုသည့်အတွက် ယေရှုသည် ဖြစ်ပြီးနှင့်သော ဖြစ်ရပ်တစ်ခုကို ရည်ညွှန်းနေခြင်းဖြစ်ဟန်တူသည်။ သို့တိုင်၊ အထက်ပါစကားများကို ယေရှုမိန့်ဆိုပြီးနောက် နှစ်ပေါင်း ၆၀ အကြာတွင် အသက်အရွယ်ကြီးရင့်သူ တမန်တော်ယောဟန်က အလားတူစကားများကို ဤသို့ရေးသားဖော်ပြခဲ့သည်– “တစ်လောကလုံးကိုလှည့်ဖြား၍ . . .၊ စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်လေ၏။”—ဗျာ. ၁၂:၉၊ သမ္မာ။

အဆိုပါစကားများကို ယောဟန်ရေးသားခဲ့ချိန်က စာတန်သည် ကောင်းကင်၌ တည်ရှိနေဆဲဖြစ်သည်။ မည်သို့သိရသနည်း။ အကြောင်းမှာ ဗျာဒိတ်ကျမ်းသည် သမိုင်းစာအုပ်မဟုတ်ဘဲ ပရောဖက်ပြုချက်စာအုပ်ဖြစ်ခြင်းကြောင့်ပင်။ (ဗျာ. ၁:၁) ထို့ကြောင့် ယောဟန်အသက်ရှင်စဉ်က စာတန်သည် မြေကြီးပေါ်သို့ ချပစ်ခြင်းမခံရသေးချေ။ အမှန်ဆိုရလျှင်၊ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော် ဘုရင်အဖြစ် ယေရှုနန်းတင်ခံရပြီးနောက်မှသာ ထိုအမှုဖြစ်ပျက်ခဲ့ကြောင်း အထောက်အထားရှိသည်။a—ဗျာ. ၁၂:၁-၁၀။

သို့ဆိုလျှင် စာတန်ကောင်းကင်မှကျလာခြင်းကို ဖြစ်ပျက်ခဲ့ပြီးသည့်အလား ယေရှုအဘယ်ကြောင့် ပြောဆိုရသနည်း။ ကျမ်းပညာရှင်တချို့က ယေရှုသည် တလွဲမာန်တက်နေကြသည့် မိမိ၏တပည့်နောက်လိုက်များကို ပြစ်တင်ပြောဆိုနေခြင်းဖြစ်၏ဟု အကြံပြုကြသည်။ အမှန်မှာ ကိုယ်တော်က ‘နတ်ဆိုးတို့ကို သင်တို့အနိုင်ရသောကြောင့် မဝါကြွားကြနှင့်။ စာတန်သည် မာန်တက်ခဲ့သဖြင့် အလျင်အမြန်ကျဆုံးခဲ့သည်’ ဟု ပြောဆိုနေခြင်းဖြစ်ကြောင်း သူတို့ယူဆကြသည်။

အဆိုပါကိစ္စကို ကျွန်ုပ်တို့ တရားသေစွဲကိုင်၍မရနိုင်ပါ။ သို့ရာတွင်၊ ယေရှုသည် မိမိ၏တပည့်နောက်လိုက်များနည်းတူ ဝမ်းမြောက်ပြီး စာတန်၏အနာဂတ် ကျဆုံးမှုကို ရည်ညွှန်းနေခြင်း ဖြစ်နိုင်သည်။ စာတန်၏ ဆိုးညစ်၍ ရန်လိုမုန်းထားမှုကို တပည့်နောက်လိုက်များ သိသည်ထက် ယေရှုပို၍သိရှိသည်။ တန်ခိုးစွမ်းအားရှိ နတ်ဆိုးများသည် မစုံလင်သည့်လူသားမျှဖြစ်သော မိမိ၏တပည့်နောက်လိုက်များကို လက်အောက်ခံခဲ့ရကြောင်း ယေရှုကြားသိသောအခါ ကိုယ်တော်ခံစားခဲ့ရမည့် ရွှင်လန်းဝမ်းမြောက်မှုကို စဉ်းစားကြည့်ပါ! နတ်ဆိုးများ ဤသို့လက်အောက်ခံဘဝရောက်သွားခြင်းသည် ကောင်းကင်တမန်မင်း မိက္ခေလဖြစ်သော ယေရှုသည် စာတန်နှင့် စစ်ဆင်နွှဲသောအခါ ၎င်းအား ကောင်းကင်မှ မြေကြီးပေါ်သို့ နှင်ချတော့မည့် အနာဂတ်နေ့ရက်ကို ကြိုမြင်စေခြင်းသာဖြစ်ခဲ့သည်။

ယေရှုက စာတန် “ကျသည်” ကို မြင်သည်ဟု မိန့်ဆိုရာတွင် စာတန်၏ကျဆုံးမှုသည် အမှန်တကယ်ဖြစ်လာမည်ကို ကိုယ်တော်အလေးပေးနေခြင်းဖြစ်သည်မှာ ထင်ရှား၏။ ယင်းသည် အနာဂတ်ဖြစ်ရပ်များကို အတိတ်ကာလသဏ္ဌာန်ဖြင့် ပြောဆိုသော အခြားကျမ်းစာ ပရောဖက်ပြုချက်များနှင့် ဆင်တူပါသည်။ ဥပမာ၊ ဟေရှာယ ၅၂:၁၃–၅၃:၁၂ ပါ မေရှိယနှင့်စပ်လျဉ်းသည့် ပရောဖက်ပြုချက်တွင် အတိတ်နှင့် အနာဂတ်ကာလသဏ္ဌာန်များ ရောနှောဖော်ပြထားပုံကို သတိပြုပါ။ ကောင်းကင်မှ စာတန်ဖြုတ်ချခံရခြင်းသည် ခမည်းတော်၏ရည်ရွယ်ချက်နှင့်အညီ ဖြစ်ပျက်လာမည်ကို ယေရှုယုံကြည်စိတ်ချကြောင်း ဖော်ပြနေခြင်းဖြစ်ပေမည်။ ထို့အပြင် ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် စာတန်နှင့် သူ၏နတ်ဆိုးများသည် တွင်းနက်ကြီးထဲချပစ်ခံရပြီး ၎င်းနောက် တစ်ကြိမ်တည်းနှင့်အပြီးအပိုင် ဖျက်ဆီးခံရမည်ကိုလည်း ယေရှုတပ်အပ်သိရှိထားဟန်တူသည်။—ရောမ ၁၆:၂၀; ဟေဗြဲ ၂:၁၄; ဗျာ. ၂၀:၁-၃၊ ၇-၁၀။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများထုတ်ဝေသော ထာဝရအသက်ရစေသော အသိပညာ၊ အခန်း ၁၀ နှင့် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! အခန်း ၂၇ တို့ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ