ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၈/၁၅ စာ. ၃၂
  • ကျမ်းစာစိတ်ဝင်စားမှုကို ချီးမွမ်းခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစိတ်ဝင်စားမှုကို ချီးမွမ်းခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၈/၁၅ စာ. ၃၂

ကျမ်းစာစိတ်ဝင်စားမှုကို ချီးမွမ်းခဲ့

မာရီယာနာသည် အသက် ၁၈ နှစ်ရှိ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူ၊ အီတလီတောင်ပိုင်းမှ ယေဟောဝါသက်သေတစ်ဦး ဖြစ်သည်။ သူ့ကျောင်းတွင် အခြားသက်သေခံလူငယ်များလည်းရှိသည်။

“ကျွန်မတို့ သူငယ်ချင်းတချို့ အားလပ်ချိန်မှာစုပြီး ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်ကို အတူဖတ်ကြတာ နှစ်နဲ့ချီရှိပြီ” ဟုမာရီယာနာ စာရေးပြောပြသည်။ “ဒီလိုဖတ်နိုင်တဲ့နေရာဆိုလို့ ဆရာ/ဆရာမတွေ အနားယူတဲ့အခန်းနားက လမ်းကြားလေးတစ်ခုပဲရှိတယ်။ အရမ်းတိတ်ဆိတ်တဲ့ နေရာတော့မဟုတ်ဘူး။ ကျွန်မတို့ဘာလုပ်နေကြတယ်ဆိုတာကို ဆရာ/ဆရာမတွေ ဖြတ်သွားတဲ့အခါတွေ့တယ်၊ တချို့ဆိုရင် ရပ်တောင်ကြည့်သွားကြသေးတယ်။ အဲဒါကြောင့် သူတို့မေးခွန်းမေးတဲ့အခါ ဖြေဖို့အခွင့်အရေးရခဲ့ဖူးတယ်။ နေ့တိုင်းလိုလို ဆရာ/ဆရာမတစ်ယောက်ယောက်ကတော့ မေးတတ်တယ်။ ကျွန်မတို့ကျမ်းချက်ဖတ်ပြီးဆွေးနွေးတာကို ဆရာ/ဆရာမတချို့ ရပ်နားထောင်ပြီး သက်သေခံတွေ ဝိညာဉ်ရေးရာကို စိတ်ဝင်စားကြတဲ့အတွက် ချီးမွမ်းစကားပြောကြတယ်။ တစ်ခါဆိုရင် ဆရာ/ဆရာမ အနားယူတဲ့အခန်းထဲမှာ ဝင်ဆွေးနွေးကြဖို့ လက်ထောက်ကျောင်းအုပ်ကြီးက ကျွန်မတို့ကို ခွင့်ပြုဖူးတယ်။

“ကျွန်မတို့နေ့စဉ်ကျမ်းချက်ဆွေးနွေးကြတဲ့နေရာကို မြင်ပြီး ကျွန်မရဲ့ဆရာက ပိုတိတ်ဆိတ်တဲ့ စာသင်ခန်းတစ်ခန်းကို ကျွန်မတို့အသုံးပြုနိုင်မလားလို့ ကျောင်းအုပ်ကြီးကို မေးပေးတယ်။ ကျောင်းအုပ်ကြီးက ခွင့်ပြုလိုက်တယ်၊ အဲဒီအပြင် ကျွန်မရဲ့ဆရာက တစ်တန်းလုံးရှေ့မှာ ကျွန်မတို့ရဲ့ကောင်းတဲ့ပုံသက်သေကို ချီးမွမ်းပြောဆိုခဲ့တယ်။ ယေဟောဝါပေးသနားတဲ့ မဟာအခွင့်ထူးအတွက် ကျွန်မတို့အားလုံး အရမ်းဝမ်းသာမိတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ