ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၁/၁ စာ. ၂-၃
  • မမျှမတ လူ့လောက

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မမျှမတ လူ့လောက
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်”
  • ဤအတိုင်း အမြဲဖြစ်နေမည်လော
  • တစ်စုံတစ်ဦးသည်လောကကို အမှန်ပြောင်းလဲနိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • “လူ့ရှိသမျှတာဝန်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • စစ်မှန်တဲ့အောင်မြင်မှုကို ရှာဖွေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • လူတွေ ဘာကြောင့် မကောင်းမှု ကျူးလွန်ကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၁/၁ စာ. ၂-၃

မမျှမတ လူ့လောက

တရားမျှတမှုမရှိသော လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း သင်သဘောတူသလော။ လုံးဝ သဘောတူပေမည်။ ကျွန်ုပ်တို့၌ မည်မျှပင် ပင်ကိုအစွမ်းအစရှိပါစေ၊ အသက်တာအတွက် မည်သို့ပင် ပညာရှိရှိစီမံထားပါစေ ဥစ္စာစည်းစိမ်၊ အောင်မြင်မှု၊ အစားအစာပင်လျှင် အာမခံချက်မပေးနိုင်ပေ။ ရှေးခေတ်မှ ပညာရှိဘုရင် ရှောလမုန် မိန့်ဆိုခဲ့သည့်အတိုင်း ဖြစ်လေ့ရှိ၏– “ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။” အဘယ်ကြောင့်နည်း။ အကြောင်းမှာ “ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်” ဟုရှောလမုန်ဆက်ဆိုခဲ့၏။—ဒေ. ၉:၁၁။

“ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်”

“အချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း” ဟူသည် လူတို့သည် မရှိသင့်သောနေရာတွင် မရှိသင့်သောအချိန်၌ ရောက်နေကြသည်ကို ဆိုလိုနိုင်သောကြောင့် ကျွန်ုပ်တို့ သေချာပြင်ဆင်ထားသည့်အစီအစဉ်နှင့် အဖြစ်ချင်ဆုံးမျှော်လင့်ချက်များ ပျက်ပြားသွားတတ်သည်။ ရှောလမုန်၏အဆိုအရ ကျွန်ုပ်တို့သည် “ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့လည်းကောင်း၊ ညွှတ်ကွင်း၌မိသော ငှက်ကဲ့သို့လည်းကောင်း . . . ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်တတ်ကြ၏။” (ဒေ. ၉:၁၂) ဥပမာ၊ လူသန်းပေါင်းများစွာသည် မိသားစုဝမ်းရေးအတွက် မမောနိုင်မပန်းနိုင်ကြိုးစားကာ လယ်ယာစိုက်ပျိုးကြသော်လည်း မိုးခေါင်ရေရှားသောကြောင့် ကောက်ပဲသီးနှံများ ပျက်စီးသွားသည့်အခါ “ဘေးပြုရာကာလ” ထဲ ကျော့မိခဲ့ကြသည်။

အခြားသူတို့သည် ကြိုးစားကူညီကြသော်လည်း “ဘေးပြုရာကာလ” ထဲကျော့မိသွားသူများကို ကျန်လူ့ဘောင်အဖွဲ့အစည်းကပေးသော အကူအညီပင် မမျှမတဖြစ်လေ့ရှိသည်။ ဥပမာ၊ မကြာသေးမီနှစ်တစ်နှစ်က ငတ်မွတ်ဘေးတိုက်ဖျက်ရေးအတွက် “[အာဖရိ] တစ်တိုက်လုံး ရရှိခဲ့သော ငွေပမာဏသည် ပင်လယ်ကွေ့စစ်ပွဲတွင်သုံးရန် သတ်မှတ်ထားသည့် ငွေ၏ငါးပုံတစ်ပုံသာ ရှိသည်” ဟုကယ်ဆယ်ရေးအေဂျင်စီ ခေါင်းဆောင်တစ်ဦးက ဆိုသည်။ ငတ်မွတ်မှုကြောင့်ဖြစ်သော စိတ်မချမ်းမြေ့မှုနှင့် ဆင်းရဲခက်ခဲမှုတို့ကို လျော့နည်းစေရန် တိုက်တစ်တိုက်လုံးအတွက် အသုံးပြုသည့်ငွေသည် နိုင်ငံတစ်ခုတွင်ဖြစ်သော စစ်ပွဲ၌ အသုံးပြုသည့်ငွေ၏ ငါးပုံတစ်ပုံသာရှိခြင်းသည် တရားမျှတပါသလော။ လူများစွာသည် ချမ်းသာကြွယ်ဝနေကြချိန်ဝယ် ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံမှာ ဆင်းရဲမွဲတေနေကြခြင်း သို့မဟုတ် သန်းနှင့်ချီသောကလေးများမှာ ကာကွယ်တားဆီးနိုင်သည့်ရောဂါဖြင့် နှစ်စဉ်သေဆုံးနေရခြင်းသည် တရားမျှတပါသလော။ လုံးဝ မမျှတချေ။

“ဘေးပြုရာကာလ” တွင် “အချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း” တို့သာ ပါဝင်ပတ်သက်သည် မဟုတ်ပါ။ အင်အားစုကြီးများက ကျွန်ုပ်တို့၏အသက်တာကို လွှမ်းမိုးကြီးစိုးနေခြင်းကြောင့်လည်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်၊ ဆောင်းဦးရာသီတွင် မြောက်အိုဆက်ရှားရှိ ဘတ်စလန်မြို့မှ အဖြစ်အပျက်တစ်ခုသည် ယင်းအတိုင်းပင်ဖြစ်၏။ ကျောင်းဖွင့်သည့်နေ့တွင် အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့တို့ကြား တိုက်ခိုက်မှုတွင် လူရာနှင့်ချီသေဆုံးခဲ့ရပြီး အများစုမှာ ကလေးများဖြစ်ကြသည်။ ထိုအဖြစ်ဆိုးကြီးတွင် သေဆုံးသွားသူ၊ လွတ်မြောက်သွားသူတို့သည် အဆင်သင့်ခြင်းကြောင့်ဟု အများအားဖြင့် သတ်မှတ်ကြသော်လည်း ထို “ဘေးပြုရာကာလ” ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ လူတို့၏ပဋိပက္ခကြောင့်ဖြစ်၏။

ဤအတိုင်း အမြဲဖြစ်နေမည်လော

တရားမျှတမှုမရှိခြင်းအကြောင်း ပြောဆိုသည့်အခါ အချို့က “ဘဝဆိုတာ ဒီလိုပဲ အမြဲဖြစ်နေမှာပါ။ ဒီအတိုင်းဖြစ်ခဲ့သလို ဒီလိုပဲ ဆက်ဖြစ်သွားမှာပါ” ဟုပြောပေမည်။ သူတို့အဆိုအရ ကြီးနိုင်ငယ်ညှဉ်းခြင်း၊ ချမ်းသာသူက လူမွဲတို့ကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းတို့ ဆက်ရှိနေမည်သာ။ သူတို့အဆိုကို “အချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း” တို့နှင့်ပေါင်းလိုက်လျှင် ယင်းတို့သည် လူသားတို့တည်ရှိနေသရွေ့ ကျွန်ုပ်တို့ကို ထိခိုက်နေမည်ဖြစ်သည်။

အမှန်ပင် ထိုအတိုင်း ဆက်ဖြစ်နေမည်လော။ ကိုယ့်အစွမ်းအစကို ပညာရှိရှိအသုံးပြုနေသူတို့သည် ကြိုးစားလုပ်ဆောင်ရကျိုးနပ်ပါမည်လော။ တစ်စုံတစ်ဦးသည် တရားမျှတမှုမရှိသော လောကတွင် ရေရှည်တည်တံ့သော အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်မည်လော။ ဤအကြောင်းနှင့်ပတ်သက်၍ နောက်ဆောင်းပါးက မည်သို့ဆိုထားကြောင်း သုံးသပ်ကြည့်ပါလေ။

[Picture Credit Line on page 2]

မျက်နှာဖုံး– ကလေးချီထားသောအမျိုးသား– UN PHOTO 148426/McCurry/Stockbower

[Picture Credit Line on page 3]

MAXIM MARMUR/AFP/Getty Images

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ