ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၃/၁ စာ. ၂၇
  • “ဆက်ပြောဦး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဆက်ပြောဦး”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန်ဒရေ နက်စ်မတ်ခ်ျနီ– ဘောလုံးကန်တာက ကျွန်တော်အသက်ရှင်ရတဲ့ အကြောင်းရင်းပါ
    ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
  • အမြင်ပြောင်းလဲသွားသော ဆရာမတစ်ဦး
    နိုးလော့!—၂၀၀၉
  • ကျောင်းတွင် ယေဟောဝါအားချီးမွမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • လူငယ်များ—သင်တို့၏အလုပ်ကို ယေဟောဝါမေ့လျော့မည်မဟုတ်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၃/၁ စာ. ၂၇

“ဆက်ပြောဦး”

ရုရှားနိုင်ငံ၊  နီဇ်လိုဘနာယာမြို့ရှိ အထက်တန်းကျောင်း  ရသစာပေအချိန်တွင် ရုရှားစာရေးဆရာ မစ်ခေအီလ် ဘူလ်ဂဲကာဖ်၏စာပေကို  လေ့လာနေကြသည်။  သူ၏စာပေတွင်  စာတန်ကို သူရဲကောင်းအဖြစ်  အမွှမ်းတင်ထားပြီး ယေရှုခရစ်ကို အထင်သေးသည့်ပုံစံဖြင့် ရေးသားထားသော ဝတ္ထုရှည်တစ်ပုဒ်ပါဝင်သည်။ အတန်းလိုက်ဆွေးနွေးပြီးနောက် ဆရာမက ဤဝတ္ထုရှည်အပေါ် အခြေခံ၍  စာစီစာကုံးရေးခိုင်းသည်။ သို့သော် အဲန်ဒရေအမည်ရှိ ၁၆ နှစ်အရွယ် ယေဟောဝါသက်သေ ကျောင်းသားတစ်ဦးသည် ဤစာပေမျိုးကို လေ့လာရန် မိမိ၏မှားမှန်သိသောစိတ်က ခွင့်မပြုသောကြောင့် မရေးဘဲနေ၍ရမည်လောဟု ယဉ်ကျေးစွာ တောင်းပန်ခဲ့သည်။ ယင်းအစား ယေရှုခရစ်နှင့်ပတ်သက်၍ မိမိ၏ရှုမြင်ပုံကို ရှင်းပြမည့် စာစီစာကုံးတစ်ပုဒ် ရေးလိုကြောင်း ပြောပြ၏။ ထိုအခါ ဆရာမ သဘောတူလိုက်သည်။

အချို့သူများ၏ထင်မြင်ချက်ကို မိမိလေးစားသော်လည်း ယေရှုအကြောင်းသိရှိရန် အကောင်းဆုံးနည်းမှာ ခရစ်ဝင်ကျမ်းလေးကျမ်းမှ တစ်ကျမ်းကို ဖတ်ရှုခြင်းဖြစ်ကြောင်း စာစီစာကုံးတွင် အဲန်ဒရေ ရှင်းပြခဲ့သည်။ ထိုသို့ဖတ်ရှုခြင်းဖြင့် “သင်သည် မျက်မြင်သက်သေများ၏မှတ်တမ်းများကို အခြေခံ၍ ယေရှု၏အသက်တာနှင့် သွန်သင်ချက်များကို သိရှိလာလိမ့်မည်။” အဲန်ဒရေသည် ဤသို့ထပ်ဆင့်ဆို၏– “စဉ်းစားစရာနောက်တစ်ခု မှာ စာတန်အကြောင်း ဖော်ပြထားပုံ ဖြစ်သည်။ စာတန်ကို သူရဲကောင်းအဖြစ် ရေးသားဖော်ပြထားသောစာအုပ်ကိုဖတ်၍ အချို့သူများ သဘောကျကြမည် ဖြစ်သော်လည်း ကျွန်ုပ်မူ သဘောမတွေ့ချေ။” အမှန်စင်စစ် စာတန်သည် ဘုရားသခင်ထံမှ ဝေးကွာသွားပြီး လူ့ မိသားစုအတွင်း ဆိုးသွမ်းမှု၊ ရောဂါဝေဒနာနှင့် ဆင်းရဲခက် ခဲမှုတို့ကို ဖြစ်ပေါ်စေသော တန်ခိုးကြီးနာမ်ဝိညာဉ်ဆိုးတစ်ပါးဖြစ်သည်ဟု သူ ရှင်းပြခဲ့၏။ ထို့ နောက် အဲန်ဒရေသည် စာစီစာကုံးကို ဤသို့ နိဂုံးချုပ်လိုက်သည်– “ဤဝတ္ထုရှည်ကို ကျွန်ုပ်ဖတ်လျှင် အကျိုးရှိမည်ဟု မထင်ပါ။ ဘူလ်ဂဲကာဖ်ကို ဆန့်ကျင်နေခြင်းမဟုတ်ချေ။ သို့သော် ကျွန်ုပ်အနေနှင့် ယေရှုခရစ်အကြောင်း သမိုင်းဝင်အမှန်တရားကိုသိရှိရန် သမ္မာကျမ်းစာကိုသာ ဖတ်ရှုတော့မည်။”

အဲန်ဒရေ၏ဆရာမသည် စာစီစာကုံးကို အလွန်သဘောကျသွားပြီး  ယေရှုခရစ်အကြောင်း နှုတ်တိုက်ပြောဆိုရန်ပြင်ဆင်ခိုင်းသည်။ အဲန်ဒရေသည် တလိုတလား  သဘောတူလိုက်သည်။ ရသစာပေ နောက်တစ်ချိန်တွင် အဲန်ဒရေသည် အတန်းရှေ့တွင် သူ၏ပြင်ဆင်ချက်ကို ဖတ်ပြရသည်။ ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်သည်ဟု မိမိ အဘယ်ကြောင့်ယူမှတ်ရကြောင်းကို သူ ရှင်းပြ၏။ ထို့နောက် ရှင်မဿဲခရစ်ဝင်ကျမ်းမှ ယေရှုသေခြင်းနှင့်ပတ်သက်သည့် အခန်းကြီးတစ်ခန်းကို ဖတ်ပြသည်။ သတ်မှတ်ထားသောအချိန် ကုန်ခါနီးပြီဖြစ်သည့်အတွက်  အဲန်ဒရေ  နိဂုံးချုပ်ချင်သော်လည်း အတန်းဖော်များက  “ဆက်ပြောဦး။ နောက်ဘာဖြစ်သေးလဲ” ဟုတိုက်တွန်းကြသည်။ ထို့ ကြောင့် မဿဲကျမ်းမှ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဆက်ဖတ်ပြခဲ့သည်။

အဲန်ဒရေ ဖတ်ပြပြီးသောအခါ အတန်းဖော်များသည် ယေရှုနှင့် ယေဟောဝါအကြောင်း မေးခွန်းများစွာ ထုတ်လေသည်။ “ဉာဏ်ပညာပေးပါလို့ ယေဟောဝါဆီ ကျွန်တော်ဆုတောင်းခဲ့တယ်။ ကျွန်တော့်ရဲ့ဆုတောင်းချက်ကို ကိုယ်တော်ဖြေကြားပေးတဲ့အတွက် သူတို့မေးခွန်းအားလုံးကို ကျွန်တော် ဖြေဆိုနိုင်ခဲ့တယ်” ဟု အဲန်ဒရေပြောပြသည်။ ထိုအတန်းပြီးနောက် အဲန်ဒရေသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား aစာအုပ်ကို ဆရာမအား ပေးလိုက်ရာ လိုလိုလားလားလက်ခံခဲ့သည်။ အဲန်ဒရေ ဤသို့ပြောပြသည်– “ဆရာမက ကျွန်တော့်ပြင်ဆင်ချက်ကို အမှတ်အများကြီးပေးတယ်။ ကျွန်တော့်ဆီမှာ ကိုယ်ပိုင်ယုံကြည်ချက်တွေရှိပြီး အဲ့ဒီအတွက် မရှက်မကြောက်တာကို ချီးမွမ်းခဲ့တယ်။ ကျွန်တော့်ယုံကြည်ချက်တချို့ကို ဆရာမ လက်ခံတယ်လို့လည်း ပြောတယ်။”

အဲန်ဒရေသည် ယေဟောဝါနှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့အား ရှုတ်ချထားသည့်စာပေကို မဖတ်ဘဲ ကျမ်းစာဖြင့်လေ့ကျင့်ထားသော မိမိကိုယ်ကိုသိသောစိတ်အတိုင်း လိုက်လျှောက်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် အားရရွှင်လန်းခဲ့ရသည်။ ဤသို့ဆုံးဖြတ်ခဲ့သောကြောင့် ကျမ်းစာနှင့်မညီသော ရှုမြင်ချက်များမှ သူ့ကိုယ်သူ ကာကွယ်နိုင်ရုံသာမက အခြားသူများကိုလည်း အရေးကြီးကျမ်းစာအမှန်တရား ပြောပြရသည့် ထူးမြတ်သောအခွင့်ကောင်း ရ ရှိစေခဲ့သည်။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများက ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ