ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၄/၁ စာ. ၃၂
  • ဘုရားသခင် ထိန်းချုပ်နေဆဲလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် ထိန်းချုပ်နေဆဲလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၄/၁ စာ. ၃၂

ဖိတ်ခေါ်ချက် . . .

ဘုရားသခင် ထိန်းချုပ်နေဆဲလော

သဘာဝဘေးဒဏ်များ၊ သေစေနိုင်သောရောဂါဆိုးများ၊ အာဏာရှိသူတို့၏ ကိုယ်ကျင့်တရားပျက်ပြားမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ စစ်များ၊ ရာဇဝတ်မှု။ ထိုသတင်းမျိုးကို ကျွန်ုပ်တို့ နေ့စဉ်လိုလို ကြားနေရသည်။ အဆိုပါအခြေအနေမျိုးကို သင်ကိုယ်တိုင် ကြုံတွေ့နေရသည်ဖြစ်စေ၊ မကြုံတွေ့ရသည်ဖြစ်စေ ကမ္ဘာကြီးသည် အဘယ်အခြေအနေသို့ ဦးတည်နေပြီး အရာရာသည် ပိုကောင်းမွန်လာနိုင်မည်လောဟု သင်သိလိုပေမည်။

အဆိုပါရင်လေးဖွယ်ရာပြဿနာများကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၀၀ ကျော်မှ ယေဟောဝါသက်သေများသည် “ဘုရားသခင် ထိန်းချုပ်နေဆဲလော” ဟူသောခေါင်းစဉ်ရှိသည့် အချိန်တန်လူထုဟောပြောချက်ကို တင်ဆက်ပါလိမ့်မည်။ ယင်းဟောပြောချက်တွင် အောက်ပါမေးခွန်းများနှင့်စပ်လျဉ်း၍ မမှားယွင်းနိုင်သောနှုတ်မြွက်တော် သမ္မာကျမ်းစာတွင်ပါရှိသည့် ဘုရားသခင်မိန့်ဆိုထားရာများနှင့် ကတိတော်များအကြောင်း ဆွေးနွေးသုံးသပ်မည်ဖြစ်သည်။

ကမ္ဘာ့အရေးကိစ္စများကို ဘုရားသခင် စိတ်ဝင်စား၏လော။

လူသားတို့နှင့်စပ်လျဉ်း၍ ကိုယ်တော် မည်သို့ခံစားတော်မူသနည်း။

သင့်ကောင်းကျိုးကို ကိုယ်တော် စိတ်ဝင်စားသလော။

၂၀၀၆၊ ဧပြီလ ၃၀၊ တနင်္ဂနွေနေ့၌ ဒေသအတော်များများရှိ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဤဟောပြောချက်ကို တင်ဆက်ပါလိမ့်မည်။ ကျင်းပမည့်အချိန်နှင့် နေရာလိပ်စာကို သင့်ဒေသရှိသက်သေခံများက ဝမ်းမြောက်ဝမ်းသာ ပြောပြလိုပါသည်။

ဘုရားသခင် ထိန်းချုပ်နေဆဲလော ဟူသည့်မေးခွန်းကို စိတ်ကျေနပ်အောင်ဖြေဆိုပေးမည့် အားရှိဖွယ်ကောင်းသော ကျမ်းစာအခြေပြုဟောပြောချက်ကို တက်ရောက်ရန် သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ