ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၆/၁၅ စာ. ၃-၄
  • သင်မည်မျှ ပျော်ရွှင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မည်မျှ ပျော်ရွှင်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျော်ရွှင်မှုအတွက် ခိုင်လုံသောအခြေအမြစ်ရှိသလော
  • ပျော်ရွှင်မှု ရှာပုံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • “ပျော်ရွှင်တဲ့ဘုရား” ကို ကိုးကွယ်သူတွေ ပျော်ရွှင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အသင်ဝမ်းမြောက်နိုင်ရန် အဘယ်အရာလိုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ပျော်ရွှင်မှုရရှိနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၆/၁၅ စာ. ၃-၄

သင်မည်မျှ ပျော်ရွှင်သနည်း

‘ငါဘယ်လောက် ပျော်သလဲ’ ဟု သင့်ကိုယ်သင် မေးကြည့်ဖူးပေမည်။ သင် သို့မဟုတ် အခြားသူများ၏အဖြေကိုသိရှိရန် လူမှုရေးသိပ္ပံပညာရှင်များ ကြိုးစားနေကြသော်လည်း ယင်းသည် လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ပေ။ လူတစ်ဦးစီ၏ပျော်ရွှင်မှုကို တိုင်းတာခြင်းသည် လင်ယောက်ျားတစ်ဦးက ဇနီးသည်အပေါ်ထားရှိသောမေတ္တာ သို့မဟုတ် မိသားစုဝင်တစ်ဦး သေဆုံးသွားခြင်းကြောင့် ခံစားရသော ဝမ်းနည်းပူဆွေးမှုကို တိုင်းတာရန်ကြိုးစားခြင်းနှင့် တူပေမည်။ ခံစားချက်များကို တိကျစွာတိုင်းတာရန် မလွယ်ကူချေ။ သို့တိုင် လူသားအားလုံးတွင် ပျော်ရွှင်နိုင်သောစွမ်းရည်ရှိကြသည်ဟူသော အခြေခံအမှန်တရားကို သိပ္ပံပညာရှင်များ အသိအမှတ်ပြုကြ၏။

ပျော်ရွှင်နိုင်သည့် ပင်ကိုစွမ်းရည် ရှိကြသော်လည်း ရတက်မအေးဖွယ်ပြဿနာများက စိတ်မချမ်းသာမှုများစွာ ဖြစ်စေ၏။ ဤသာဓကကို သုံးသပ်ကြည့်ပါ– အချို့မြို့များရှိ သင်္ချိုင်းများတွင် အေ့ဒ်စ်ရောဂါကြောင့်သေဆုံးသူများဖြင့် ပြည့်နေသည်။ အာဏာပိုင်များက သင်္ချိုင်းအဟောင်းများကို ပြန်ဖွင့်၍ လူသေများကိုမြှုပ်နှံရန် ခွင့်ပြုခဲ့ရသည်။ အာဖရိကတိုက်ရှိ ဒေသအချို့တွင် အခေါင်းရိုက်ခြင်းသည် အဓိကလုပ်ငန်းတစ်ခုဖြစ်နေ၏။ သင် မည်သည့်နေရာတွင်ပင်နေထိုင်ပါစေ ဆိုးရွားသောရောဂါ ခံစားနေရသူများနှင့် ဆွေမျိုးများ၊ မိတ်ဆွေများကို ဆုံးရှုံးခဲ့ရသူတို့၏ ဝမ်းနည်းကြေကွဲမှုများကို တွေ့မြင်နေရသည်။

ဖွံ့ဖြိုးတိုးတက်သော ဒေသများတွင်ကော အသို့ နည်း။ မမျှော်လင့်သောအပြောင်းအလဲတစ်ခု ဖြစ်လာသည့်အခါ အသင့်မပြင်ထားသူတို့သည် ငွေကြေးဖူလုံမှု ပျောက်ဆုံးသွားနိုင်၏။ အမေရိကန်ပြည်ထောင်စုရှိ အငြိမ်းစားယူထားသူများစွာသည် ပင်စင်ခံစားခွင့်များမရရှိသောကြောင့် အလုပ်ပြန်လုပ်နေရကြသည်။ ဆေးကုသစရိတ်ကြောင့်လည်း မိသားစု၏ စုဆောင်းငွေအားလုံး ကုန်သွားတတ်သည်။ ဥပဒေအကြံပေးအရာရှိတစ်ဦးက ဤသို့ပြောပြ၏– “ငွေကုန်ကြေးကျလည်းများ၊ ကျန်းမာရေးပြဿနာတွေလည်းရှိတဲ့ ဒီလူတွေ အကြံဉာဏ်လာတောင်းတာ တကယ်စိတ်မချမ်းသာစရာပဲ။ ‘ခင်ဗျားအိမ်ကို ရောင်းမှဖြစ်မယ်’ ဆိုတဲ့စကားကို မကြာခဏပြောရတယ်။” သို့သော် ငွေကြေးပြဿနာ မရှိသူများကော။ သူတို့တွင်လည်း စိတ်မချမ်းသာစရာရှိသလော။

အချို့မှာ နာမည်ကြီးတေးရေးဆရာ ရစ်ချတ်ရော်ဂျာနှင့် ဘဝတူများဖြစ်ကြသည်။ သူ ဤသို့ပြော၏– “လူနည်းစုလေးက လူအများကြီးကို ပျော်ရွှင်မှုပေးတယ်။” မှန်ပါသည်၊ သူ့သီချင်းများက လူများစွာကို ပျော်ရွှင်မှုပေးသော်လည်း သူ့ခမျာ နာတာရှည်စိတ်ကျဝေဒနာ ခံစားနေရသည်။ လူများစွာ တောင့်တသောအရာ နှစ်ခုဖြစ်သည့် ငွေနှင့် အောင်မြင်ကျော်ကြားမှုကို သူပိုင်ဆိုင်ရသော်လည်း ပျော်ရွှင်ခဲ့သလော။ အတ္ထုပ္ပတ္တိရေးသူတစ်ဦးက ဤသို့ဖော်ပြခဲ့၏– “ရော်ဂျာဟာ အရမ်းကို အောင်မြင်ကျော်ကြားပြီး အခွင့်ထူးတွေခံစားခဲ့ရတဲ့အပြင် ပူလစ်ဇာဆုနှစ်ဆု ဆွတ်ခူးခဲ့တယ်။ ဒါတောင်မှ သူ မပျော်နိုင်ဘဲ အချိန်အတော်တော်များများမှာ စိတ်ကျဝေဒနာ ခံစားခဲ့ရတယ်။”

ပျော်ရွှင်မှုရဖို့ စည်းစိမ်ဥစ္စာရှာဖွေခြင်းသည်လည်း လှည့်စားမှုတစ်ခုဖြစ်ကြောင်း သင်သတိပြုမိပေမည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၊ ဂလုပ်အဲန်မေးလ်သတင်းစာ၏ စီးပွားရေးသတင်းထောက်တစ်ဦးက ကြွယ်ဝချမ်းသာသူများစွာသည် “အထီးကျန်ဖြစ်နေကြပြီး ဘဝရည်ရွယ်ချက်မဲ့နေကြသည်” ဟုဖော်ပြသည်။ ဘဏ္ဍာရေးအကြံပေးအရာရှိတစ်ဦး၏အဆိုအရ ချမ်းသာသောမိဘများသည် သားသမီးတို့ကို ငွေနှင့်ပစ္စည်းဥစ္စာများ ပုံအောပေးကြရာ ယင်းက “နောက်ပိုင်းတွင် စိတ်ဆင်းရဲစရာဖြစ်စေမည့် မျိုးစေ့များကို ကြဲနေခြင်းပင်ဖြစ်သည်။”

ပျော်ရွှင်မှုအတွက် ခိုင်လုံသောအခြေအမြစ်ရှိသလော

ပန်းပင်တစ်ပင် ကောင်းစွာရှင်သန်ကြီးထွားလာရန် မြေသြဇာကောင်း၊ ရေနှင့် သင့်တော်သည့်ရာသီဥတု ရှိဖို့လိုသည်။ ထိုနည်းတူ ပျော်ရွှင်မှုရစေသည့် အခြေအနေအချို့ရှိကြောင်း  သုတေသီများ အသိအမှတ်ပြုကြ၏။ ယင်းတို့တွင် ကျန်းမာရေးကောင်းခြင်း၊ အလုပ်ကောင်းကောင်းရှိခြင်း၊ စားဝတ်နေရေးဖူလုံခြင်း၊ စိတ်ကူးစိတ်သန်းနှင့် လိုအင်ဆန္ဒများ အကောင်အထည်ပေါ်လာခြင်းနှင့် မိတ်ဆွေစစ်များရှိခြင်းတို့ ပါဝင်သည်။

ယင်းတို့က လူတစ်ဦးကို ပျော်ရွှင်စေနိုင်ကြောင်း သင်သဘောတူပေမည်။ သို့သော် သာ၍အရေးကြီးသည့်အချက်တစ်ချက် ရှိပါသေးသည်။ ယင်းအချက်မှာ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါနှင့်ပတ်သက်သော အသိပညာပင်ဖြစ်သည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ဤအသိပညာက မည်သို့အကူအညီဖြစ်စေသနည်း။ ယေဟောဝါသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ဖြစ်၍ ကျွန်ုပ်တို့အား ပျော်ရွှင်နိုင်သည့်စွမ်းရည် ပေးထားတော်မူ၏။ ထို့ကြောင့် အဘယ်အရာက ကျွန်ုပ်တို့ကို စစ်မှန်သောပျော်ရွှင်မှုပေးနိုင်ကြောင်း ယေဟောဝါ သိတော်မူသည်။ ကိုယ်တော်သည် မိမိလူမျိုးတော်အား မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်မဆို တည်မြဲသောပျော်ရွှင်မှုရှိသည့် အသက်တာသို့ လမ်းညွှန်ပေးပုံကို နောက်ဆောင်းပါးတွင် ဖော်ပြပါမည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ပန်းပင်တစ်ပင်နည်းတူ၊ ပျော်ရွှင်မှုတိုးပွားလာစေရန် သင့်တော်ကောင်းမွန်သော အခြေအနေများလိုအပ်

[Picture Credit Line on page 3]

© Gideon Mendel/​CORBIS

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ