ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၅/၁ စာ. ၁၆-၁၇
  • ယေရှုနောက်သို့လိုက်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုနောက်သို့လိုက်နိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်ကို လိုလားကြောင်း ဘယ်လို ပြမလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှု၏မေတ္တာတော်ကိုသင်တုံ့ပြန်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • “ကျွန်တော့်နောက်လိုက် လုပ်ပါ”​—⁠ယေရှု ဘာကို ဆိုလိုသလဲ
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ခရစ်ယာန်တွေ ဘာကြောင့် နှစ်ခြင်းခံကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၅/၁ စာ. ၁၆-၁၇

ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ

ယေရှုနောက်သို့လိုက်နိုင်ပုံ

ယေရှုက မိမိအား ယုံကြည်လာကြသူတို့ကို “ငါ့နောက်သို့ လိုက်လော့” ဟုမိန့်ဆိုလေ့ရှိသည်။ (မဿဲ ၉:၉; ၁၉:၂၁) ယေရှုနောက်သို့လိုက်ခြင်း၊ တစ်နည်းအားဖြင့် ခရစ်ယာန်ဖြစ်ခြင်းတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။ အဓိကမေးခွန်းသုံးခု၏အဖြေကို သုံးသပ်ကြည့်ပါ။

အခြားသူများကို သင်မည်သို့ဆက်ဆံရမည်နည်း

▪ ယေရှု၏တပည့်ဖြစ်လာသူသည် အခြားသူများကို မည်သို့ဆက်ဆံရမည်နှင့်ပတ်သက်သော သွန်သင်ချက်ကို လိုက်နာရမည်။ ဥပမာ၊ ယေရှုက “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” ဟုမိန့်ဆိုခဲ့သည်။ တစ်ဦးတစ်ယောက်က သင့်ကို တရားစွဲဆိုလျှင်ကော။ ‘သင့်ကို တရားစွဲဆိုသူနှင့် ပြေလည်အောင် ချက်ချင်းလုပ်ဆောင်လော့’ ဟုယေရှုမိန့်ဆိုခဲ့သည်။ ထို့ပြင် တစ်စုံတစ်ယောက်က စော်ကားလာလျှင် မည်သို့တုံ့ ပြန်ရမည်နှင့်ပတ်သက်၍ တပည့်များကို ကိုယ်တော် ဤသို့မိန့်ဆိုခဲ့သည်– “လူတို့၏ပြစ်မှားမှုများကို ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် သင်တို့၏ပြစ်မှားမှုများကို ခွင့်လွှတ်တော်မမူ။”—မဿဲ ၅:၂၅; ၆:၁၅; ၇:၁၂။

ယေရှုသည် အိမ်ထောင်သည်များကို ဤသို့ဆုံးမခဲ့သည်– “‘အိမ်ထောင်ရေး မဖောက်ပြန်ရ’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့ရာတွင် ငါဆိုသည်ကား မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။” ခရစ်ယာန်စစ်တစ်ဦးသည် ယေရှု၏သွန်သင်ချက်ကို စိတ်ရောကိုယ်ပါ လိုက်နာပါလိမ့်မည်။—မဿဲ ၅:၂၇၊ ၂၈။

ခရစ်ယာန်စစ်တစ်ဦးသည် အခြားသူများကို ကိုယ်ကျိုးစွန့်၍ ကူညီပေးတတ်သည်။ ယေရှုလည်း ကိုယ်ကျိုးစွန့်ခဲ့သည်။ ဥပမာ၊ ယေရှုနှင့် တမန်တော်များသည် အစာစားရန်ပင် အချိန်မရသည်အထိ ဟောပြောကြရာ ပင်ပန်းနွမ်းနယ်နေကြသည်။ သို့နှင့် ယေရှုသည် သူတို့အနားယူနိုင်ရန် တိတ်ဆိတ်သည့်နေရာသို့ လှေဖြင့် ခေါ်သွား၏။ သို့သော် လူတို့သိသွားကြပြီး ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားရာ သူတို့ထက် အရင်ရောက်နှင့်နေသည်။ “ကိုယ်တော်သည် ထွက်ကြွ၍ လူအုပ်ကြီးကို တွေ့မြင်လျှင် ထိုသူတို့သည် ထိန်းသူမဲ့သည့် သိုးများကဲ့သို့ဖြစ်ကြသောကြောင့် သနားသောစိတ်ရှိသဖြင့် များစွာသွန်သင်တော်မူ၏” ဟုသမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (မာကု ၆:၃၀-၃၄) သင်သည် အခက်အခဲကြုံရလျှင်ပင် ဘုရားသခင့်တောင်းဆိုရာကို လုပ်ဆောင်ခြင်းဖြင့် ယေရှုကို တုပနိုင်သည်။

သင်အဘယ်ကြောင့် သတင်းကောင်း ဟောရမည်နည်း

▪ ယေရှုသည် သတင်းကောင်းဟောပြောရန် မိမိနောက်လိုက်များကို မှာကြားခဲ့သည်။ “သွားစဉ်တွင် ‘ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ’ ဟုဟောပြောကြလော့” ဟူ၍ ကိုယ်တော်မိန့်ဆိုခဲ့၏။ (မဿဲ ၁၀:၇) ယေရှု၏နောက်လိုက်များ ဟောပြောသော သတင်းစကားသည် အလွန်တန်ဖိုးရှိသည်။ ‘ထာ၀ရအသက်ရရန်  မှန်သောဘုရားသခင်  တစ်ပါးတည်းဖြစ်တော်မူသော ကိုယ်တော်နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်’ ဟုယေရှု ဆုတောင်းခဲ့သည်။—ယောဟန် ၁၇:၃။

ယေရှုသည် သန်းနှင့်ချီသော နောက်လိုက်များ လုပ်ဆောင်ကြမည့် လုပ်ငန်းတစ်ခုအကြောင်း ကြိုပြောခဲ့သည်။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” ဟုကိုယ်တော် မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၁၄) သင်သည် ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ယူသိရှိလာကာ သမ္မာကျမ်းစာပြောဆိုရာကို ယုံကြည်မည်ဆိုလျှင် ယင်းကို အားရဝမ်းသာစွာ ပြောပြလိုမည်မှာ သေချာပါသည်။ ယေရှု၏နောက်လိုက်များစွာသည် ဆွေမျိုးများကို ဘုရားသခင့်နိုင်ငံတော်အကြောင်း စတင်ပြောပြနေကြသည်။—ယောဟန် ၁:၄၀၊ ၄၁။

သင်အဘယ်ကြောင့် နှစ်ခြင်းခံရမည်နည်း

▪ ဂျော်ဒန်မြစ်တွင် ယေရှုနှစ်ခြင်းခံစဉ်က ဤသို့ဆုတောင်းခဲ့ပုံရသည်– “ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရန် ကျွန်ုပ်ရောက်လာပါပြီ။” (ဟေဗြဲ ၁၀:၇) သင်သည် ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်လိုပါက နှစ်ခြင်းခံရမည်။ ယေရှုက ‘လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြလော့’ ဟုမိန့်မှာခဲ့သည်။—မဿဲ ၂၈:၁၉။

နှစ်ခြင်းခံလိုက်ခြင်းဖြင့် အဘယ်တာဝန်များနှင့် အကျိုးကျေးဇူးများ ရရှိမည်နည်း။ ယေရှု၏ နှစ်ခြင်းခံပြီးသား နောက်လိုက်များသည် ဘုရားသခင်၏အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရမည်။ “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့” ဟူသောဘုရားသခင့်ပညတ်ကို ယေရှု ကိုးကားခဲ့၏။ (မဿဲ ၂၂:၃၇) “မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမည်” ဟုလည်း ကိုယ်တော်မိန့်ဆိုခဲ့သည်။ (မဿဲ ၁၆:၂၄) ထို့ကြောင့် နှစ်ခြင်းခံခြင်းဟူသည် ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ပြီး ဘုရားသခင့်ထံ အပ်နှံလိုက်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံ ထိုသို့အပ်နှံလိုက်သူတို့သည် ကိုယ်တော့်ထံ ကြည်လင်သောကိုယ်ကိုယ်ကိုယ်သိစိတ် တောင်းခံနိုင်ကြသည်။—၁ ပေတရု ၃:၂၁။

ပိုမိုသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော ဖော်ပြပါစာအုပ်၏ အခန်း ၁၈ ကိုဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ