ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၁/၁ စာ. ၆
  • ကျေးဇူးသိတတ်တဲ့သဘော မပျောက်ဆုံးစေပါနဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေးဇူးသိတတ်တဲ့သဘော မပျောက်ဆုံးစေပါနဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြရမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါသည် တန်ဖိုးထားလေးမြတ်တတ်သော ဘုရားသခင် ဖြစ်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကျေးဇူးတင်လေးမြတ်ကြောင်း အဘယ်ကြောင့် ဖော်ပြရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မြေထဲပင်လယ်ဒေသမှ ရွှေဝါရောင်ဆီ
    နိုးလော့!—၂၀၀၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၁/၁ စာ. ၆

အဓိကအချက် ၃

ကျေးဇူးသိတတ်တဲ့သဘော မပျောက်ဆုံးစေပါနဲ့

ကျမ်းစာမှာ ဘာပြောထားသလဲ။  “အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။”—၁ သက်သာလောနိတ် ၅:၁၈။

ပြဿနာက ဘာလဲ။  ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ မောက်မာတဲ့သူ၊  ကျေးဇူးမသိတတ်တဲ့သူတွေ  ရှိနေတဲ့အတွက် တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသလို သူတို့ရဲ့ အကျင့်တွေ ကူးစက်ခံရနိုင်တယ်။ (၂ တိမောသေ ၃:၁၊ ၂) သည့်အပြင် နဂိုကမှ အလုပ်များရတဲ့ကြားထဲ အလုပ်ပိုတွေ ထပ်လုပ်ရဦးမယ်ဆိုပြီး ယူမှတ်လာကြတယ်။ ဒီလိုနဲ့ ပြဿနာတွေ၊ ဖိစီးမှုတွေ များလာတယ်၊ ကိုယ့်အရေးကိုပဲ အာရုံစိုက်လာတယ်။ အဲဒီအခါ ကိုယ့်မှာရှိထားတဲ့အရာကို တန်ဖိုးထားဖို့၊ ကိုယ့်အတွက် သူများလုပ်ဆောင်ပေးတာကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ အချိန်မရှိဘဲ ဖြစ်လာကြတယ်။

သင် ဘာလုပ်နိုင်သလဲ။ လက်ရှိ သင်ခံစားနေရတဲ့ အကျိုးကျေးဇူးတွေကို အချိန်ယူပြီး တွေးတောဆင်ခြင်ပါ။ သင်ဟာ ပြဿနာတွေနဲ့ ဖိစီးခံနေရတယ်လို့ ခံစားရကောင်း ခံစားရနိုင်တယ်။ ဒါပေမဲ့ ရှေးအစ္စရေးဘုရင် ဒါဝိဒ်ရဲ့ ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူဟာ ဆင်းရဲခက်ခဲမှုတွေကြောင့် စိတ်နှလုံးကြေကွဲခဲ့ရတဲ့ အချိန်အခါတွေ ရှိခဲ့တယ်။ အဲဒီလိုဖြစ်နေတာတောင် ဘုရားသခင်ဆီ ဒါဝိဒ် ဒီလိုဆုတောင်းခဲ့တယ်– “ပြုတော်မူသမျှကို စဉ်းစားလျက် လက်တော်နှင့်  စီရင်သောအရာများကို  ဆင်ခြင်ပါ၏။”  (ဆာလံ ၁၄၃:၃-၅၊ သမ္မာ) ဒါဝိဒ်ဟာ ဆင်းရဲခက်ခဲမှုတွေ ကြုံနေရပေမဲ့ ကျေးဇူးသိတတ်တဲ့စိတ်သဘောနဲ့ ကျေနပ်ရောင့်ရဲတဲ့စိတ်က မပျောက်သွားဘူး။

သင့်အတွက်  တခြားသူတွေ  လုပ်ဆောင်ပေးခဲ့တဲ့အရာတွေအကြောင်း စဉ်းစားပြီး သူတို့ရဲ့ လုပ်ဆောင်ပေးမှုတွေကို  ကျေးဇူးတင်ကြောင်း  ထုတ်ဖော်ပြောဆိုပါ။ ဒီကိစ္စမှာ ယေရှုက စံနမူနာကောင်း ပြခဲ့တယ်။ မိတ်ဆွေမာရိက ယေရှုရဲ့ခေါင်းနဲ့ ခြေထောက်တွေအပေါ် တန်ဖိုးကြီးတဲ့ ဆီမွှေးနဲ့ လောင်းလိုက်တဲ့အခါ တချို့က “ဆီမွှေးကို အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း” လို့ပြောခဲ့ကြတယ်။a အဲလိုပြောတဲ့လူတွေက ဆီမွှေးကိုရောင်းပြီး ရတဲ့ငွေကို ဆင်းရဲသားတွေကို ပေးသင့်တယ်လို့ ဝေဖန်ကြတယ်။ အဲဒီအခါ ယေရှုက ‘ထိုအမျိုးသမီးကို ရှိစေလော့။ အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် တတ်နိုင်သမျှကိုပြုပြီ’ လို့ပြောခဲ့တယ်။ (မာကု ၁၄:၃-၈; ယောဟန် ၁၂:၃) ယေရှုက မာရိ မလုပ်ခဲ့တဲ့အရာတွေကို အာရုံမစိုက်ဘဲ  သူလုပ်ခဲ့တဲ့အရာကိုပဲ ကျေးဇူးတင်ကြောင်းပြောခဲ့တယ်။

တချို့က  မိသားစုတွေ၊  မိတ်ဆွေတွေနဲ့  တခြားကောင်းချီးတွေကို  ဆုံးရှုံးပြီးမှပဲ  ကျေးဇူးတင်လေးမြတ်တတ်လာကြတယ်။  အဲဒီလိုဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကို  ရှောင်လွဲနိုင်အောင်  လက်ရှိ ခံစားနေရတဲ့  အကျိုးကျေးဇူးတွေကို တွေးတောဆင်ခြင်ပါ။ သင်ကျေးဇူးတင်သင့်တဲ့အရာတွေကို စဉ်းစားပြီး ချရေးပါ။

“ကောင်းမြတ်သော ဆုကျေးဇူး” ရှိသမျှဟာ ဘုရားသခင်ဆီကလာတဲ့အတွက်  ကျေးဇူးတင်ကြောင်း ဆုတောင်းပြီး ပြောပြသင့်တယ်။ (ယာကုပ် ၁:၁၇) အဲဒီလိုမှန်မှန်ဆုတောင်းရင်  ကျေးဇူးသိတတ်တဲ့စိတ်သဘောနဲ့ ကျေနပ်ရောင့်ရဲတဲ့စိတ် ဆက်ရှိနေမှာဖြစ်တယ်။—ဖိလိပ္ပိ ၄:၆၊ ၇။

[အောက်ခြေမှတ်ချက်]

a ပထမရာစုတွင် ဧည့်သည်၏ခေါင်းပေါ် ဆီမွှေးလောင်းခြင်းသည် ဧည့်ဝတ်ကျေပွန်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ခြေထောက်ပေါ် ဆီမွှေးလောင်းခြင်းသည် နှိမ့်ချသောလုပ်ရပ်တစ်ခုဖြစ်သည်။

[စာမျက်နှာ ၆ ပါရုပ်ပုံ]

သင့်အတွက် တခြားသူတွေ လုပ်ဆောင်ပေးတဲ့အရာတွေအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုသလား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ