ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၃ စာ. ၈-၉
  • သင့်ကို ဘုရား စာနာပေးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကို ဘုရား စာနာပေးသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းခြင်းက သွန်သင်ရာ
  • ဘုရားသခင့် စာနာမှုနဲ့ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာ
  • ကျွန်တော်တို့ကို ဘုရား သိနားလည်ပြီး စာနာပေး
  • ကိုယ်ချင်းစာနာစိတ်—ကြင်နာသနားဖို့ စေ့ဆော်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စာနာမှု ပြပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ကိုယ်ချင်းစာပါ
    နိုးလော့!—၂၀၂၀
  • ကျွန်ုပ်တို့၏ဝေဒနာကို ကိုယ်တော် နားလည်တော်မူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၃ စာ. ၈-၉
ဒူးပြဲသွားတဲ့ ကောင်မလေးတစ်ယောက်ကို နောက်တစ်ယောက်က ချော့နေ၊ ငိုနေတဲ့ အမျိုးသမီးကို နောက်တစ်ယောက်က နှစ်သိမ့်ပေးနေ

ဘုရား သင့်ကို စာနာပေးသလား

ဖန်ဆင်းခြင်းက သွန်သင်ရာ

စာနာမှုဆိုတာ “တခြားသူရဲ့ ခံစားချက်၊ အတွေ့အကြုံတွေကို သူ့နေရာမှာ ဝင်ပြီး ဝေမျှခံစားနိုင်တဲ့ စွမ်းရည်ဖြစ်တယ်” လို့ အနက်ဖွင့်ကြတယ်။ “စာနာမှုဟာ မွေးရာပါ ဗီဇပါ” လို့ စိတ်ကျန်းမာရေး ပညာရှင် ဒေါက်တာ ရစ်ဟန်ဆန် ပြောတယ်။

သုံးသပ်ကြည့်ပါ– တခြားဘယ်မျိုးစိတ်မှာမှ မရှိတဲ့ စာနာနိုင်စွမ်း လူတွေမှာ ဘာကြောင့်ရှိရတာလဲ။ လူတွေကို ဘုရားရဲ့ ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းထားလို့ပဲဆိုပြီး ကျမ်းစာမှာ ရှင်းပြတယ်။ (ကမ္ဘာဦး ၁:၂၆) ဘုရားပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရတဲ့အတွက် ဘုရားရဲ့ အရည်အသွေးတွေကို အတိုင်းအတာတစ်ခုအထိ တုပတင်ပြနိုင်တယ်။ စာနာစိတ်ကြောင့် တခြားသူတွေကို ကူညီချင်တာက ဖန်ဆင်းရှင် ယေဟောဝါဘုရားရဲ့ စာနာမှုကို ထင်ဟပ်နေတာပဲ။—ပညာအလိမ္မာ ၁၄:၃၁။

ဘုရားသခင့် စာနာမှုနဲ့ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာ

ကျွန်တော်တို့ကို ဘုရားသခင် စာနာတယ်။ ကျွန်တော်တို့ ဒုက္ခရောက်တာကို မမြင်ချင်ဘူး။ ခက်ခဲလှတဲ့ အီဂျစ်ကျွန်ဘဝ ပြီးနောက် တောကန္တာရမှာ နှစ်ပေါင်း ၄၀ ဒုက္ခခံရတဲ့ ရှေးအစ္စရေးလူမျိုးနဲ့ပတ်သက်ပြီး “သူတို့ဒုက္ခရောက်ချိန် တစ်လျှောက်လုံးမှာ ဘုရားလည်း နာကျင်ခံစားခဲ့ရတယ်” လို့ ကျမ်းစာပြောတယ်။ (ဟေရှာယ ၆၃:၉) သူတို့ရဲ့ဒုက္ခကို ဘုရား သိရုံလောက်ပဲ မဟုတ်ဘူး။ ကိုယ်တိုင် နာကျင်ခံစားရတယ်။ “သူတို့ခံစားရတဲ့ ဝေဒနာတွေကို ငါကောင်းကောင်းသိတယ်” လို့ ဘုရားပြောတယ်။ (ထွက်မြောက်ရာ ၃:၇) “မင်းတို့ကို ထိတဲ့သူဟာ ငါ့မျက်ဆန်ကို ထိတဲ့သူပဲ” လို့လည်း ပြောတယ်။ (ဇာခရိ ၂:၈) တခြားသူတွေ ကျွန်တော်တို့ကို နာကျင်စေတဲ့အခါ ဘုရားလည်း ထပ်တူ နာကျင်တယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေပြီး ဘုရားရဲ့ စာနာမှု မခံစားထိုက်ဘူးလို့ ထင်နေရင်တောင် “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်” လို့ ကျမ်းစာမှာ အာမခံတယ်။ (၁ ယောဟန် ၃:၁၉၊ ၂၀) ကိုယ့်အကြောင်း ကိုယ်သိတာထက် ဘုရား ပိုသိတယ်။ ကျွန်တော်တို့ရဲ့ အခြေအနေ၊ အတွေး၊ ခံစားချက် အားလုံးကို အပြည့်အဝ သိပြီး စာနာပေးတယ်။

ဒုက္ခရောက်သူတွေကို ကူညီပေးမယ်ဆိုတဲ့ အသိစိတ်နဲ့ ဘုရားဆီမှာ နှစ်သိမ့်မှု၊ ဉာဏ်ပညာ၊ ကူညီထောက်မမှု တောင်းခံနိုင်တယ်

ယုံကြည်စိတ်ချစေတဲ့ ကျမ်းချက်များ

  • “မင်းတို့ခေါ်တဲ့အခါ ယေဟောဝါ ထူးမယ်။ မင်းတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ ‘ငါရှိတယ်’ လို့ပြောမယ်။”—ဟေရှာယ ၅၈:၉။

  • “ယေဟောဝါ ပြောတာက– ‘မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။ မင်းတို့က ငါ့ကို ခေါ်ကြလိမ့်မယ်။ ငါ့ဆီ ဆုတောင်းကြလိမ့်မယ်။ ငါကလည်း မင်းတို့ပြောတာကို နားထောင်မယ်။’”—ယေရမိ ၂၉:၁၁၊ ၁၂။

  • “ကျွန်တော့် မျက်ရည်တွေကို သားရေဘူးထဲ သိမ်းထားပေးပါ။ စာအုပ်ထဲမှာလည်း ရေးမှတ်ထားပေးတယ် မဟုတ်လား။”—ဆာလံ ၅၆:၈။

ကျွန်တော်တို့ကို ဘုရား သိနားလည်ပြီး စာနာပေး

ဘုရား စာနာပေးကြောင်း သိထားခြင်းက ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကူညီပေးနိုင်သလား။ မာရီယာရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။

“၁၈ နှစ်အရွယ် သားလေး ကင်ဆာရောဂါကို နှစ်နှစ် ခါးစည်းခံပြီး သေဆုံးသွားတဲ့အခါ ဘဝက ခါးသီးလွန်းပြီး မမျှတဘူးလို့ ခံစားခဲ့ရတယ်။ သားလေးကို မကုပေးဘဲ ဒီအတိုင်းကြည့်နေလို့ ယေဟောဝါကို စိတ်ဆိုးမိတယ်။

“ခြောက်နှစ်ကြာပြီးနောက် အသင်းတော်က စာနာတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မရဲ့ ခံစားချက်ကို နားထောင်ပေးတယ်။ ကျွန်မကို ယေဟောဝါ မချစ်ဘူးလို့ ခံစားနေရကြောင်း ရင်ဖွင့်ပြောပြလိုက်တယ်။ ကျွန်မပြောတာကို ကြားမဖြတ်ဘဲ နားထောင်ပေးပြီးနောက် ‘ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်’ ဆိုတဲ့ ၁ ယောဟန် ၃:၁၉၊ ၂၀ ကို ဖတ်ပြတယ်။ ကျွန်မစိတ် ထိမိသွားတယ်။ ကျွန်မတို့ရဲ့ ဒုက္ခတွေကို ယေဟောဝါ နားလည်ပေးတယ်လို့ သူပြောတယ်။

“ဒါတောင် စိတ်ဆိုး မပြေသေးဘူး။ နောက်တော့ ဆာလံ ၉၄:၁၉ ကို ဖတ်မိတယ်။ ‘စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်’ လို့ ပြောထားပါလား။ ဒီကျမ်းချက်က ကျွန်မအတွက် ရေးထားတာများလားလို့ ခံစားမိတယ်။ ဘုရား နားထောင်ပြီး နားလည်ပေးတယ်ဆိုတဲ့ အသိစိတ်ကြောင့် ဘုရားနဲ့ စကားပြောတဲ့အခါ စိတ်သက်သာလာတယ်။”

ကျွန်တော်တို့ကို ဘုရား နားလည်စာနာပေးကြောင်း သိရခြင်းက စိတ်သက်သာစရာပါပဲ။ ဒါပေမဲ့ ဘာကြောင့် ဒီလောက်တောင် ဒုက္ခများနေရတာလဲ။ ဘုရား ပြစ်ဒဏ်ပေးနေတာများလား။ ဆင်းရဲဒုက္ခကို ဘုရား အဆုံးတိုင်ပေးမလား။ နောက်ဆောင်းပါးတွေမှာ လေ့လာကြည့်ကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ