တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
အောက်တိုဘာ ဂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၅ မိနစ် ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှကြေညာချက်များ။ ဒေသခံရပ်ကွက်တွင် သင့်တော်မည့်မဂ္ဂဇင်းတင်ပြပုံနှစ်ခုကို အကြံပေးပါ။
၂၀ မိ။ “မရပ်မစဲ ဆက်သွန်သင်ပေး။” ဆွေးနွေး၍ သရုပ်ပြများ။ အပိုဒ် ၂ ကိုသုံးသပ်ပြီးနောက် အတွေ့အကြုံများသောရှေ့ဆောင် သို့မဟုတ် ကြေညာသူများ နိုင်ငံတော်သတင်းကိုစိတ်ဝင်စားသူတစ်ဦးအား နှစ်စဉ်ကြေးဝေငှပုံတင်ပြပါစေ။ မဂ္ဂဇင်းများကို စိတ်ဝင်စားသူ မှန်မှန်ရလိုပါက မဂ္ဂဇင်းများကို စာတိုက်မှရနိုင်ရန်နှစ်စဉ်ကြေးပုံစံစာရွက်ရေးသွင်းရန်အသင့်ရှိမည်။ နှစ်စဉ်ကြေးဝေငှရာတွင် ထိုးထွင်းဉာဏ်အသုံးပြုရန်လိုကြောင်း သဘာပတိကသတိပြုစေသည်။ တစ်နှစ်လုံးအတွက် နှစ်စဉ်ကြေးမယူလိုလျှင် မဂ္ဂဇင်းပါနိုင်ငံတော်သတင်းကို ထိုသူတန်ဖိုးထားတတ်လာနိုင်ရန် ခြောက်လအတွက် နှစ်စဉ်ကြေးယူရန် အားပေးနိုင်သည်။ အပိုဒ် ၃ နှင့် ၄ ပြီးနောက် အောက်တိုဘာလနှင့် လာမည့်လများအတွင်း ဤအကြံပြုချက်များကို မည်သို့ကျင့်သုံးမည့်အကြောင်း ကြေညာသူနှစ်ဦး အားတက်သရောပြောဆိုနေကြပါစေ။
၂၀ မိ။ “ထိရောက်သောကျမ်းစာသင်အံမှုများအားဖြင့် နှလုံးထိမိစေခြင်း။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၃ နှင့် ၅ ကိုဆွေးနွေးရာတွင် ဒေသခံအခြေအနေအလိုက် မည်သို့ပြုပြင်ပြောင်းလဲသည်ကို သရုပ်ပြပါ။ ၁၉၈၅၊ ဩဂုတ်လ ၁ ရက်ထုတ်၊ ကင်းမျှော်စင် မှသင့်တော်သောအချက်များကို အလေးအနက်ပေါ်လွင်စေပါ။
သီချင်း ၄၃ နှင့် ဆုတောင်းချက်။
အောက်တိုဘာ ၁၅ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဒေသခံအသင်းတော်လိုအပ်ရာများအတွက် ငွေဖြင့်ထောက်ပံ့ခြင်းကို ကျေးဇူးတင်ကြောင်း တင်ပြပါ။ စနေတနင်္ဂနွေနေ့တွင် လယ်ကွင်းလုပ်ငန်း၌ အပြည့်အဝပါဝင်ရန် စီစဉ်နေသောမိသားစုကို ခေတ္တလူတွေ့ခေါ်မေးမြန်း၍ သူတစ်ပါးအတွက်အကူအညီဖြစ်စေမည့် အကြံဉာဏ်များကို ပေါ်လွင်စေပါ။
၂၀ မိ။ “ရင်းနှီးသောမိသားစုဆက်ဆံမှုများ တည်ဆောက်ပေးခြင်း။” အကြီးအကဲဟောရန်။ ပရိသတ်အနည်းငယ်ပါဝင်။ အိမ်ထောင်သားများအတွင်း ဝိညာဏအရည်အချင်းများတည်ဆောက်ပေးပြီး လယ်ကွင်းလုပ်ငန်း၌ အားလုံးပျော်ရွှင်မှုရရှိနိုင်ကြရန် ဒေသလိုက်မည်သို့ပြုလုပ်ပေးနိုင်ကြောင်း အကြံပေးချက်များ ထည့်ပြောပါ။
၁၅ မိ။ လယ်ကွင်းလုပ်ငန်းအတွက် ပြင်ဆင်ခြင်း။ မိသားစုတစ်စု လယ်ကွင်းလုပ်ငန်းအတွက် ပြင်ဆင်နေပုံ။ တစ်ဦးသည် မဂ္ဂဇင်းများကိုအဓိကထားဝေငှပုံ၊ အခြားတစ်ဦးသည် ဝေစာဝေငှပုံ နှင့် တတိယတစ်ဦးမူ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းပုံ သရုပ်ပြ။ မိသားစုသည် အချင်းချင်းနှင့် ဤသို့လေ့ကျင့်နေကြပုံကိုဖေါ်ပြ။
သီချင်း ၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၂ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များနှင့် နှစ်စဉ်ကြေးကန်ပိန်းမည်မျှအောင်မြင်နေကြောင်း တင်ပြ။
၁၅ မိ။ တိုက်နယ်၏လုပ်ငန်းကို တန်ဖိုးထားခြင်း။ မိမိတို့ဓမ္မအမှုကို ကျေပွန်ရန်အဖွဲ့အစည်းစာအုပ် စာမျက်နှာ ၅၉-၆၄ ပါ “တိုက်နယ်ကြီးကြပ်မှူး” အကြောင်းကို ပရိသတ်နှင့်ဆွေးနွေးပါ။ တိုက်နယ်လည်ပတ်ချိန်အတွင်း အပြည့်အဝပါဝင်ခြင်းဖြင့် မည်သို့အကျိုးခံစားနိုင်ကြောင်းအလေးအနက်ဖေါ်ပြပါ။ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရာတွင် တိုက်နယ်ကြီးကြပ်မှူးနှင့် သူ၏ဇနီးတင်ပြသော ဘုရားရေးရာမြတ်နိုးသောပုံသက်သေကို တန်ဖိုးထားသင့်သည်။
၂၀ မိ။ “သတင်းကောင်းဝေငှခြင်း—လူတို့နှင့် စကားစမြည်ပြောဆိုခြင်းဖြင့်။” မေးဖြေဆွေးနွေးရန်။ အိမ်ပေါက်ဝနှင့် အိမ်ပြင်တွင် လူတို့နှင့်တွေ့ဆုံသည့်အခါ မည်သို့စကားစမြည်စနိုင်သည်ကိုဖေါ်ပြသည့် ကောင်းစွာပြင်ဆင်ထားသော သရုပ်ပြခန်းနှစ်ခုကိုတင်ပြပါ။
သီချင်း ၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၉ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
သီးချင်း ၁၂၈
၅ မိ။ ဒေသကြေညာချက်များ။
၁၅ မိ။ ကျွန်ုပ်တို့ဓမ္မအမှုထမ်းများကို တန်ဖိုးထားခြင်း။ စဉ်မြင့်နှင့်အသံချဲ့စက်၊ စာရင်းအင်း၊ စာအုပ်စာတမ်း၊ မဂ္ဂဇင်းများ နှင့် ဧည့်ကြိုများအဖြစ် အမှုထမ်းကြသော ညီအစ်ကိုများကို လူတွေ့ခေါ်မေးမြန်း။ သူတို့၏တာဝန်အသီးသီးကို အကြမ်းဖျင်းဖေါ်ပြ၍ သူတို့၏အလုပ်တာဝန်ကို သာ၍ပျော်ရွှင်စရာဖြစ်စေနိုင်ရန် ကြေညာသူများ မည်သို့ဝိုင်းဝန်းကူညီနိုင်ကြောင်း တင်ပြပါ။ ဒေသခံလိုအပ်ရာအလိုက် ပြောဆိုပါ။
၁၀ မိ။ ဒေသခံလိုအပ်ရာ။
၁၅ မိ။ နိုဝင်ဘာဓမ္မအမှုအတွက် အသင့်ပြင်ဆင်။ ဒီဇင်ဘာလ ၁၀ ရာခိုင်နှုန်းတိုးတက်မှုနှင့် ကျောင်းပိတ်ရက်များတွင် အရံရှေ့ဆောင်ခြင်းအကြောင်း ဆွေးနွေး။
သီချင်း ၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။