ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၀ စာ. ၄
  • ယေဟောဝါသွန်သင်မှုကိုခံယူခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသွန်သင်မှုကိုခံယူခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးကြီးဆုံးအရာအတွက် အသင့်ပြင်ဆင်ပေးသည့်ကျောင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးများရ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ပြင်ဆင်ခြင်း၏တန်ဖိုး
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ၂၀၁၅ ဟောပြောသွန်သင်ခြင်းသင်တန်းက သွန်သင်ခြင်းစွမ်းရည် တိုးတက်လာအောင် ထောက်ကူပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၁၂/၉၀ စာ. ၄

ယေဟောဝါသွန်သင်မှုကိုခံယူခြင်း

၁ “ငါသည် ပင်ပန်းသောသူအားမစခြင်းငှာ စကားပြောတတ်မည်အကြောင်း အချုပ်အခြာအရှင်ယေဟောဝါသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။” (ဟေရှာ၊ ၅၀:၄) ယင်းကိုယေဟောဝါပြုတော်မူသည့်နည်းတစ်နည်းကား သီအိုကရက်တစ်အမှုဆောင်ကျောင်း၌ပေးသောလေ့ကျင့်မှုအားဖြင့်ဖြစ်သည်။ သို့သော် တစ်ဦးချင်းစီကြိုးစားရန်လိုသေးသည်။ “အဘယ်လုပ်ငန်းတာဝန်တစ်ခုခုကို အကြိမ်ကြိမ်လုပ်ကိုင်ရသည်ဖြစ်စေ ပြင်ဆင်ခြင်းသည် အမြဲလိုပင်တန်ဖိုးရှိသည်” ဟုသီအိုကရက်တစ်အမှုဆောင်ကျောင်း လမ်းညွှန်စာအုပ်၊ စာမျက်နှာ ၃၉ တွင်ဖေါ်ပြထားသည်။ လအနည်းငယ်သာ၊ သို့မဟုတ် တည်ထောင်ခဲ့သည့် ၁၉၄၃ ခုနှစ်ကတည်းက ဤကျောင်းတွင်နာမည်စာရင်းဝင်ထားသူပင်ဖြစ်စေ ထိုစကားသည် ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်သည်။

၂ သင်သားအားလုံး အသေအချာပြင်ဆင်သင့်သည်။ ယင်း၌ အချိန်ကိုဂရုပြုခြင်းလည်းပါဝင်သည်။ သီအိုကရက်တစ်အမှုဆောင်ကျောင်းအစီအစဉ်ပါ ညွှန်ကြားချက်များတွင် “မည်သည့်ဟောပြောချက်မျှ အချိန်မကျော်ရ” ဟုပါသည်။ တာဝန်နံပါတ် ၁ ကိုင်သောညီကိုသည် ထပ်ခါတလဲ အချိန်ပိုတတ်လျှင် သီးသန့်သွန်သင်ချက်ပေးခံသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် အစည်းအဝေးကို အချိန်မှန်စပြီး သူ၏သွန်သင်စကားနှင့်မှတ်ချက်တို့ကို ကန့်သတ်ထားချိန်အတွင်းပြောရန် ဂရုစိုက်သင့်သည်။ ၁၉၉၀ ပြန်လည်တည်းဖြတ်ထားသော “တစ်ကျမ်းလုံးဘုရားမှုတ်သွင်းရာ” စာအုပ်ကိုအသုံးပြုသင့်ကြောင်း ကျေးဇူးပြု၍သတိပြုပါ။

၃ သမ္မာကျမ်းစာပေါ်လွင်ချက်များအပိုင်းမှ အားလုံးများစွာအကျိုးရရှိနိုင်သည်။ ပေါ်လွင်ချက်များသည် တာဝန်ပေးထားသည့်အကြောင်းကို ပြန်လည်သုံးသပ်ခြင်းမျှမဖြစ်သင့်ပါ။ အချက်အလက်အကြောင်းအရာများသည် အဘယ်ကြောင့်နှင့်အဘယ်နည်းဖြင့်တန်ဖိုးရှိကြောင်း ပရိသတ်အားဟောပြောသူသတိပြုစေသင့်သည်။

၄ ဟောပြောချက်နံပါတ် ၃ အတွက်အခြေအနေအမျိုးမျိုးကို အောင်မြင်စွာအသုံးပြုခဲ့ပေပြီ။ သို့သော် ကျောင်း၏အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သည့် သမ္မာတရားကိုတိကျမှန်ကန်၊ ရှင်းလင်းစွာတင်ပြတတ်ရန် ကူညီပေးခြင်းကို စွဲမှတ်ထားကာ သရုပ်ပြအနေအထားများသည် လယ်ကွင်းလုပ်ငန်း သို့မဟုတ် အလွတ်သဘောသက်သေခံခြင်းပုံစံမျိုးဖြစ်လျှင် ကောင်းပါမည်။

၅ ဟောပြောချက်နံပါတ် ၄ တာဝန်ကျသူသည် စာဖတ်တတ်သင့်သည်။ ဟောပြောချက်နံပါတ် ၃ နှင့် နံပါတ် ၄ တို့ကိုတာဝန်ရသူများသည် တင်ပြထားသောအဓိကအချက်ကို အသုံးပြုသင့်သည်။

၆ ထပ်ဆင့်အကြောင်းအချက်များထည့်သွင်းပြောဆိုလျှင် သတိပြုသင့်သည်။ တာဝန်ရအကြောင်းသည် တစ်ပိုဒ်နှစ်ပိုဒ်သာဖြစ်မည်။ သို့သော်ယင်းကို ကန့်သတ်ချိန်အတွင်း ထိရောက်စွာတင်ပြရန် ကျမ်းချက်များကိုဖတ်၍ရှင်းပြခြင်း၊ ဥပမာများအသုံးပြုခြင်း အစရှိသည်တို့ကိုပြုလုပ်နိုင်ပါသည်။ အများအားဖြင့်ဆိုလျှင် ပေးထားသည့်အကြောင်းမှအပ ပြင်ပအချက်များထည့်သွင်းစရာမလိုပါ။ ဟောပြောချက်ကိုအခြေခံပြင်ဆင်သည့် စာအုပ်တွင် အချက်အလက်များကို ပရိသတ်လိုက်ကြည့်နိုင်သင့်သည်။

၇ ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည် မကုန်မခမ်းနိုင်သောအသိဉာဏ်ပညာတို့ကိုပေးသနားတော်မူသည်။ (ရော၊ ၁၁:၃၃) နှစ်ပေါင်းထောင်ချီကုန်လွန်ပြီးနောက်ပင် သင်ယူစရာများစွာရှိပေဦးမည်။ ဘုရားပေးဉာဏ်ပညာရရှိရန်ကြိုးစားလေ ကောင်းကင်ခမည်းတော်ကိုချီးမွမ်းနိုင်စွမ်း၊ ဘဝပြဿနာများကိုဖြေရှင်းနိုင်စွမ်း၊ ကျွန်ုပ်တို့၏ကျေနပ်မှုနှင့်ပျော်ရွှင်မှုတိုးတက်လေဖြစ်မည်။ ထိုကြောင့် သီအိုကရက်တစ်အမှုဆောင်ကျောင်းကို မှန်မှန်တက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏မြင့်မြတ်တော်မူသောဆရာကြီး၏သွန်သင်ချက်မှ အပြည့်အဝခံစားနိုင်ရန် စိတ်ဆုံးဖြတ်ထားကြစို့လေ။ ၁၉၉၁ ခုနှစ်အတွင်း သီအိုကရက်တစ်အမှုဆောင်ကျောင်းကို မှန်မှန်တက်၍ယင်းအတွက် ကြိုးစားပြင်ဆင်ခြင်းဖြင့် ယင်းသို့ဖြစ်ပါလေစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ