ဇွန်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဇွန် ၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ သက်ဆိုင်ရာ ကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဤအပတ်စနေ၊ တနင်္ဂနွေနေ့တွင် မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြ။
၂၀ မိ– “အသင်သည် များစွာကြဲနေသလော။” မေးဖြေ။ အချိန်ရလျှင် လုပ်ငန်းတော်ဆိုင်ရာ ကဏ္ဍတစ်ခုခုတွင် အထူးကြိုးစားအားထုတ်ခဲ့ရာ မည်သို့ကောင်းချီးခံစားခဲ့ရကြောင်း ပရိသတ်မှ ကိုယ်ပိုင်တွေ့ကြုံမှုများ တင်ပြစေပါ။
၁၅ မိ– “ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ကို အခြားသူများပါ ဂုဏ်တင်ကြရန် ကူညီပေးခြင်း။” ပရိသတ်နှင့် ဆွေးနွေး။ အကြံပြုထားသော တင်ဆက်ပုံများကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြနှစ်ခုဖြင့် တင်ပြပါ။
သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၃ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အသင်းမထံမှအလှူငွေများ ရရှိကြောင်းအသိအမှတ်ပြုလွှာများဖတ်ပြ။ ရက်ရောသောစိတ်ထားရှိသူသည် မည်သို့ကောင်းချီးခံစားရကြောင်း လိုရင်းတိုရှင်းထည့်ပြော။—သု. ၁၁:၂၄က။
၁၅ မိ– “လူ့ဖန်ဆင်းရှင်၌ ယုံကြည်အားထားမှု တည်ဆောက်ပေးခြင်း။” ပရိသတ်နှင့်ဆွေးနွေး။ အချိန်ရလျှင် အရည်အချင်းရှိ ကြေညာသူတစ်ဦးအား အကြံပြုထားသည့် ပြန်လည်ပတ်မှုပြုပုံကို သရုပ်ပြစေပါ။
၂၀ မိ– “အသင်းတော်စာအုပ်ကြီးသင်တန်းသည် ပညာပေးဆိုင်ရာလုပ်ငန်းများကို တိုးမြှင့်ပေး။” အသင်းတော်စာအုပ်ကြီးသင်တန်းမှူးတစ်ဦး ပရိသတ်နှင့်ဆွေးနွေး။ ဤဆောင်းပါးသည် (၁) စာအုပ်ကြီးသင်တန်းတက်သူအရေအတွက် တိုးလာရန်၊ (၂) သင်တန်းအတွင်း များများဖြေဆိုကြရန်၊ နှင့် (၃) လုပ်ငန်းတော်စည်းဝေးများကို ပိုမိုထောက်ခံအားပေးကြရန် မည်သို့တိုက်တွန်းကြောင်း အလေးအနက်ဖော်ပြ။
သီချင်း ၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ ဓမ္မအမှုတွင် တိုး၍ပါဝင်နိုင်ရန် ညီအစ်ကိုများ၌ရှိသောအခွင့်အရေးများကို ပြန်သုံးသပ်; အချို့အရန်ရှေ့ဆောင်နိုင်ကြပေမည်။ ကျောင်းပြီးသူများသည် အနာဂတ်အတွက်နိုင်ငံတော်ကို ရှေ့ဦးထားရန် ပန်းတိုင်ကို အလေးအနက်သဘောထား စီစဉ်သင့်သည်။
၁၀ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် နောက်ဆုံးတိုက်နယ်အစည်းအဝေးမှ အဓိကအချက်များကို ဆွေးနွေး။
၁၀ မိ– မေးခွန်းသေတ္တာ။ မေးဖြေဆွေးနွေးရန်။
၁၅ မိ– “သင်သည် ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်နေသလော။” မတ် ၁၊ ၁၉၉၄ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၀ ကိုအကြီးအကဲဟောပြော။
သီချင်း ၂၂၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ပြန်လည်ဖော်ပြပါ။
၁၅ မိ– “လယ်ကွင်းလုပ်ငန်းအတွက် အဓိပ္ပာယ်ရှိသောစည်းဝေးများ။” လုပ်ငန်းတော်ကြီးကြပ်မှူး မေးဖြေရန်။ အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်မှ ဤအပတ်စနေ၊ တနင်္ဂနွေနေ့တွင် အသုံးပြုနိုင်မည့် နိဒါန်းတစ်ခုနှစ်ခုကို ညွှန်ပြပါ။ အပိုဒ် ၅ တွင် လယ်ကွင်းလုပ်ငန်းဆောင်ရွက်စဉ် မိမိဒေသ၌ သတိပြုမိသည့် ပြုမူကျင့်ကြံမှုမှ ပေါ်ပေါက်သော မည်သည့်ပြဿနာကိုမဆို ဖော်ပြပါ; တိုးတက်လာရန် ကြင်နာမှုရှိစွာ အကြံပြုချက်များပေးပါ။
၂၀ မိ– ဇွန် ၁၊ ၁၉၉၄ နေ့စွဲပါ ဌာနခွဲထံမှ စာကို ဆွေးနွေးပါ။ ဟောပြော၍ ပရိသတ်နှင့် ဆွေးနွေး။
သီချင်း ၁၁၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။