ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၄ စာ. ၃-၄
  • စိတ်ဝင်စားသူများကို မေတ္တာပါစွာ ကူညီပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဝင်စားသူများကို မေတ္တာပါစွာ ကူညီပေးခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြားသူများကို အကျိုးပြုရန် စိတ်ဝင်စားသူအားလုံးထံပြန်သွားပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • တွေ့ ရှိသောစိတ်ဝင်စားမှုအားလုံးအတွက် အမှန်တကယ်စိုးရမ်မကင်းဖြစ်ကြောင်းတင်ပြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပတ်သွားခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သင်တွေ့ရှိသောစိတ်ဝင်စားသူများထံ ပြန်သွားခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၁၀/၉၄ စာ. ၃-၄

စိတ်ဝင်စားသူများကို မေတ္တာပါစွာ ကူညီပေးခြင်း

၁ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာတရားကို အမှန်တကယ် စိတ်ဝင်စားကြောင်း တင်ပြသည့် အဲသယောပိအမတ်တစ်ဦးထံ ယေဟောဝါ၏ ကောင်းကင်တမန်က တပည့်တော် ဖိလိပ္ပုအား လမ်းညွှန်ခဲ့သောအခါ ထိုသူဖတ်ရှုနေသည့်အကြောင်းကို နားလည်စေရန် မေတ္တာပါစွာ ကူညီပေးဖို့ ကမ်းလှမ်းခဲ့သည်။ (တ. ၈:၂၆-၃၉) စိတ်ဝင်စားသူများကို ကူညီပေးရန် ကျွန်ုပ်တို့အထူးတလည် ကြိုးစားကြသလော။ ကျွန်ုပ်တို့၏ဘုရားပေးတာဝန်တွင် တပည့်ဖြစ်စေခြင်း ပါဝင်သည့်အတွက် ကြိုးစားသင့်သည်။ (မ. ၂၈:၁၉၊ ၂၀) သူတို့ကို ကူညီပေးရန် ဘာလုပ်နိုင်သနည်း။

၂ ပတ်စဉ် ပြန်လည်ပတ်မှုများ ပြုလုပ်ရန် အချိန်ကိုကန့်သတ်ထားပါ။ စိတ်ဝင်စားသူများထံ ပြန်သွားရန် စီစဉ်ပါ။ ပထမအကြိမ် ရောက်သွားချိန်က ဆွေးနွေးခဲ့သည့် ကျမ်းစာအကြောင်းကို ပြန်ဆွေးနွေးရန် ကြိုးစားပါ။ ကျမ်းစာသင်အံမှု စတင်ရန်ပန်းတိုင်ကို စိတ်စွဲလမ်းနေပါ။ နောက်ဆုံးထုတ် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကို ဝေငှရန် မှန်မှန်ပြန်သွားပါ။ နှစ်စဉ်ကြေးများကိုလည်း ကမ်းလှမ်းနိုင်သည်။

၃ ပထမအကြိမ်တွင် သမ္မာကျမ်းစာ၏ တန်ဖိုးအကြောင်း ဆွေးနွေးခဲ့မည်ဆိုလျှင် Reasoning စာအုပ်၊ စာမျက်နှာ ၆၆ ပါအကြံပြုချက်ကို အသုံးပြုကာ စကားစမြည်ဆက်၍ ဤသို့ပြောဆိုနိုင်ပေမည်–

▪ “ကျွန်တော်တို့ရဲ့ အချိန်အခါမှာ ကျမ်းစာတင်ပြတဲ့ အကြံဉာဏ်တွေဟာ လက်တွေ့မကျဘူးလို့ တချို့ယူဆကြတယ်။ ခင်ဗျားကော ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] သာယာတဲ့မိသားစုဖြစ်ဖို့ အကြံဉာဏ်ကောင်းများပါတဲ့ စာအုပ်တစ်အုပ်ဟာ လက်တွေ့ကျလိမ့်မယ်လို့ မထင်ဘူးလား။ [ဖြေဆိုပါစေ။] မိသားစုဘဝနဲ့ပတ်သက်တဲ့ သီအိုရီတွေ၊ အကျင့်စရိုက်တွေ ပြောင်းလဲကုန်ပြီ။ ရလဒ်အနေနဲ့ အားရစရာမကောင်းတာတွေ့ရတယ်။ ဒါပေမဲ့ ကျမ်းစာပြောတဲ့အတိုင်း လုပ်ကိုင်နေကြတဲ့ မိသားစုကျတွေတော့ အများအားဖြင့် ခိုင်မြဲပြီး ပျော်ရွှင်နေကြတယ်။” ကောလောသဲ ၃:၁၈-၂၁ ကိုဖတ်ပါ။ သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့် အကြောင်းရင်း ဝေစာကိုကမ်းလှမ်းပြီး အခမဲ့ကျမ်းစာသင်တန်းအစီအစဉ်ရှိသည့်အကြောင်းကို ရှင်းပြပါ။

၄ လူသေများ၏အခြေအနေကို ဆွေးနွေးခန်းဖွင့်ရန် ဤနည်းကိုအသုံးပြုနိုင်ပေမည်–

▪ “လူသေတွေရဲ့အခြေအနေကို တော်တော်များများ ဆွေးနွေးလေ့ရှိကြတယ်။ ကျွန်တော်တို့သေတဲ့အခါ ဘာဖြစ်သွားတယ်လို့ ထင်သလဲ။ [ဖြေဆိုပါစေ။] ပုံစံတစ်မျိုးမျိုးနဲ့ ကျွန်တော်တို့ ဆက်အသက်ရှင်ကြတယ်လို့ ဘာသာအများက သင်ပေးတယ်။ ဒီကိစ္စကို ကျမ်းစာ ဘယ်လိုပြောတယ်ဆိုတာကို သိတဲ့အခါ လူအများ တော်တော်အံ့သြကြတယ်။ [ဒေသနာ ၉:၅ ဖတ်။] လူသေများဟာ ဘာကိုမှမသိတော့ပေမယ့် သူတို့ မေ့ထားမခံရပါဘူး။ ဘုရားသခင်ရဲ့နိုင်ငံတော် အုပ်စိုးတဲ့အခါ သူတို့ကို ပြန်အသက်ရှင်စေမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။” ၁၉၉၄၊ အောက်တိုဘာ ၁၅ ကင်းမျှော်စင် သို့မဟုတ် ထာဝစဉ်အသက်ရှင် စာအုပ်၊ စာမျက်နှာ ၁၆၂ ကိုဖွင့်၍ ကျမ်းချက်များနှင့် ရုပ်ပုံများကို ဆွေးနွေးပါ။ ကျမ်းစာသင်အံမှု စဖို့အတွက် နောက်တစ်ကြိမ် ပြန်လည်ပတ်ရန် စီစဉ်ပါ။

၅ လူမျိုးများအကြားတွင်ရှိ စစ်မှုကို ခရစ်ယာန်များ မည်သို့သဘောထားကြောင်း ထပ်ဆင့်ရှင်းပြလိုလျှင် ဤသို့ပြောဆိုလိုပေမည်–

▪ “အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ တစ်နည်းပဲရှိတယ်။ အဲ့ဒါကတော့ စစ်ပဲလို့ တချို့ကထင်ကြတယ်။ ခင်ဗျားကော ဘယ်လိုယူဆသလဲ။ [ဖြေဆိုပါစေ။] ဘုရားသခင်ဟာ လူတွေကို ငြိမ်းချမ်းသာယာစွာ နေထိုင်စေချင်တယ်လို့ ကျမ်းစာက ဖော်ပြတယ်။ [ရောမ ၁၂:၁၇၊ ၁၈ ဖတ်။] ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့အခါ တစ်ကမ္ဘာလုံး အဲဒီလိုပဲ ဖြစ်လာမှာ။” ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော ဘရိုရှာ၊ စာမျက်နှာ ၂၅-၆ ကိုညွှန်ပြပါ။ ‘ဘုရားသခင်၏ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော’ ဟု ဆုတောင်းရန် ယေရှု အဘယ်ကြောင့်သွန်သင်ပေးတော်မူခဲ့ကြောင်းကို ရှင်းပြရန် ပြန်လည်ပတ်မည်အကြောင်းကမ်းလှမ်းပါ။—မ. ၆:၁၀။

၆ ညွှန်ကြားပေးမည့်သူမရှိလျှင် မိမိနားမလည်နိုင်ကြောင်း အဲသယောပိအမတ်က ဝန်ခံ၏။ (တ. ၈:၃၁) သူလိုအပ်သောအကူအညီကို ဖိလိပ္ပုသည် မေတ္တာပါစွာ ပေးကမ်းခဲ့သည်။ ထပ်တူနည်းအတိုင်းပင် ကူညီပေးခြင်းအားဖြင့် သူတစ်ပါးကို ကျွန်ုပ်တို့အမှန်ပင်မေတ္တာရှိကြောင်း တင်ပြနိုင်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ