အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
အောက်တိုဘာ ၃ ရက်နေ့တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။
၁၇ မိ– “ယခုပင် အချိန်တိုင်ပြီ။” မေးဖြေရန်။ ၁၉၉၃ နိုဝင်ဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၄ နှင့် ၅ ရှိ “ဝိညာဏပန်းတိုင်များကို မီအောင်လိုက်” ခေါင်းစဉ်ငယ်အောက်ပါ အချက်အလက်များကိုပါ ထည့်ပြောပါ။
၁၈ မိ– “အောက်တိုဘာအတွင်း မဂ္ဂဇင်းများကို အာရုံစိုက်လေ။” ပရိသတ်နှင့် ဆွေးနွေးရန်။ အပြန်အလှန် စကားစတင်ပြောဆိုရန် မဂ္ဂဇင်းများကို မည်သို့အသုံးပြုနိုင်ကြောင်း ဖော်ပြသည့် ကောင်းစွာပြင်ဆင်ထားသော သရုပ်ပြခန်းနှစ်ခုကို တင်ဆက်ပါ။ မဂ္ဂဇင်းလမ်းကြောင်းဖွင့်၍ မြဲစေရန်ဟူသော ပန်းတိုင်ဖြင့် မဂ္ဂဇင်းများကို အိမ်တိုင်းတွင် ဝေငှဖို့ အရေးကြီးကြောင်း အလေးအနက်ဖော်ပြပါ။
သီချင်း ၂၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁၀ ရက်နေ့တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများ ရရှိကြောင်း အသိအမှတ်ပြုပါ။
၁၅ မိ– အိမ်ထောင်တိုင်း မိသားစုကျမ်းစာသင်အံမှုရှိသင့်သည်။ မိသားစုဘဝ၊ လူငယ့်ဘဝ၊ လူငယ်များအမေး အစရှိသည့် သင့်တော်သောစာအုပ်များကို အသုံးပြုနိုင်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူး ဟောပြောရန်။
၁၅ မိ– ဤလသည် လုပ်ငန်းတော်နှစ်သစ်၏ ဒုတိယလ ဖြစ်သည်။ ဦးစီးကြီးကြပ်မှူး အားတက်သရော ဟောပြောရန်။
သီချင်း ၁၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁၇ ရက်နေ့တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– အားမလျှော့ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ အကြီးအကဲ ဟောရန်။ ဝိညာဏမောပန်းမှုသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် ပျော်ရွှင်မှုနှင့် ဇွဲလုံ့လကို လျော့နည်းစေနိုင်သည်။ ၁၉၈၇ ဇန်နဝါရီ ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁ (လေးထောင့်ကွက်) ပါအကြံပြုချက်များကို အသုံးပြုကာ ဝိညာဏခွန်အား ပြန်တက်လာစေနိုင်သည့် နည်းလမ်းအချို့ကို သုံးသပ်ပါ။ အသင်းတော်လုပ်ငန်းဆောင်တာများကို စိတ်ရောကိုယ်ပါ ထောက်ခံရန် အလေးအနက်ဖော်ပြ။
၂၀ မိ– “စိတ်ဝင်စားသူများကို မေတ္တာပါစွာ ကူညီပေးခြင်း။” ပရိသတ်နှင့်ဆွေးနွေး။ အကြံပြုထားသော တင်ဆက်ပုံများကိုအသုံးပြုကာ သရုပ်ပြခန်းနှစ်ခုကို စီစဉ်ပါ။
သီချင်း ၁၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၄ ရက်နေ့တွင် စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် သင်ခန်းစာများကို ကြိုတင်ပြင်ဆင်၍ မှန်မှန်တက်ခြင်းသည် အရေးကြီးကြောင်းကို သတိပေးပါ။
၁၅ မိ– ဒေသလိုအပ်ရာများ သို့မဟုတ် ခရိုင်စည်းဝေးပွဲမှ အဘယ်အရာသင်ယူခဲ့ပြီနည်း။
၁၈ မိ– “ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးထားခြင်း—နှုတ်ခမ်းအသီး ချီးမွမ်းခြင်းယဇ်ကို အမြဲပူဇော်ခြင်းအားဖြင့်။” မေးဖြေရန်။ ကျွန်ုပ်တို့တစ်ဦးစီ ကြိုးစားနိုင်သည့် အကျိုးပြုပန်းတိုင်အချို့ကို ဖော်ပြပါ။ အခြားသူများအား ပိုမိုဆောင်ရွက်စေရန် အကူအညီပေးနိုင်သည့် နည်းလမ်းများကို ဆွေးနွေးတင်ပြပါ။
သီချင်း ၁၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၃၁ ရက်နေ့တွင် စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများတွင် ကျောင်းပိတ်၊ ရုံးပိတ်ရက် တိုးများလာမည်ဖြစ်ရာ အရန်ရှေ့ဆောင်များအဖြစ် နာမည်စာရင်းသွင်းကြရန် အားလုံးကို တိုက်တွန်းပါ။ အရန်ရှေ့ဆောင်ရန် အချိန် မည်သို့ရရှိနိုင်ကြောင်း အကြံပြုချက်အချို့ကို တင်ပြပါ။
၁၅ မိ– ၁၉၉၄ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၃ ပါ “သည်းခံခြင်းကို သင်ကျင့်သုံးနိုင်မည်လော” အကြောင်းကို အကြီးအကဲတစ်ဦး ဟောပြော။
၁၈ မိ– ကင်းမျှော်စင်သင်တန်းမှူးသည် ကျောင်းညွှန်းစာအုပ်၊ သင်ခန်းစာ ၈၊ အပိုဒ် ၁-၇ ကိုဟောရန်။
သီချင်း ၁၃၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။