ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဩဂုတ် ၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ တင်ဆက်ပြောဆိုရာတွင် ဖော်ပြနိုင်သည့် နောက်ဆုံးထုတ်မဂ္ဂဇင်းများပါ ဆောင်းပါးများကို ညွှန်ပြပါ။
၁၅ မိ– “သင်တို့သည် အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။” မေးဖြေရန်။
၂၀ မိ– “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်သူများဖြစ်ပါ—ဘရိုရှာများအသုံးပြုလျက်။” ဤတာဝန်ကိုရသောညီအစ်ကိုသည် အခြားကြေညာသူ နှစ်ဦးသုံးဦးနှင့် ဘရိုရှာမှအကြောင်းအရာအသီးသီးကို ဆွေးနွေးမည်။ ထိုနောက် သူတို့၏တင်ဆက်ပုံကို တစ်ဦးနှင့်တစ်ဦး လေ့ကျင့်ကြမည်။
သီချင်း ၁၃၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၄ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၀ မိ– ကျောင်းနေခြင်းကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ။ မိဘသည် ဆယ်ကျော်သက်သား သို့မဟုတ် သမီးနှင့် ကျောင်းတွင် သင်ကြားမည့်ဘာသာရပ်များကို ရွေးချယ်ခြင်းအကြောင်း အကြီးအကဲသရုပ်ပြ။ ဓမ္မအမှုကို ဘဝလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် အထောက်အကူဖြစ်မည့် ဘာသာရပ်များကို ရွေးချယ်ရန်လိုကြောင်း သူတို့ဆွေးနွေး။—၁၉၉၂ နိုဝင်ဘာ ၁၊ ကင်းမျှော်စင်၊ ၁၆-၁၈၊ အပိုဒ် ၃-၁၁ ရှု။
၁၅ မိ– “ဝမ်းမြောက်သောမိဘများ!” အကြီးအကဲဟော။ ၁၉၈၈ ဩဂုတ် ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၅-၁၈၊ အပိုဒ် ၁၄-၂၃ မှမှတ်ချက်များထည့်ပေးပါ။
၁၅ မိ– “ကျောင်းတွင် ခရစ်ယာန်အမူအကျင့်တင်ပြခြင်း။” မေးဖြေရန်။ ၁၉၉၁၊ စက်တင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၈-၁၁ ပါအထူးသဖြင့် ကလေးများကြုံကြိုက်ကောင်းကြုံကြိုက်မည့် အခြေအနေများနှင့်ပတ်သက်သည့်အကြောင်းများကို မိဘများ သားသမီးများနှင့် ပြန်လည်သုံးသပ်ရန် အားပေး။
သီချင်း ၁၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “အထူးအစည်းအဝေးနေ့ အစီအစဉ်အသစ်။” သိထားပြီဆိုလျှင် နောက်စည်းဝေးပွဲ နေ့စွဲကို ကြေညာပါ။ အားလုံးတက်ရောက်ရန် အားပေး။
၁၅ မိ– “ကောင်းသောအလုပ်တိုင်းကို စိတ်လိုကိုယ်လျောက်ဆောင်ရွက်ရန် မိမိကိုယ်ကိုဆက်သခြင်း။” အပိုဒ် ၁-၉ ကို အကြီးအကဲ အားတက်သရောဟောပြော။
၂၀ မိ– “ကောင်းသောအလုပ်တိုင်းကို စိတ်လိုကိုယ်လျောက်ဆောင်ရွက်ရန် မိမိကိုယ်ကိုဆက်သခြင်း။” အပိုဒ် ၁၀-၁၅ ကိုမေးဖြေပြုလုပ်ရန်။ ဒေသလိုအပ်ရာများနှင့် အားလုံးအကူအညီပေးနိုင်သည့်နည်းများကို ညွှန်ပြပါ။
သီချင်း ၁၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းအစီအစဉ်ကို ကြေညာပါ။ စက်တင်ဘာလသည် လုပ်ငန်းတော်နှစ်၏ပထမလဖြစ်သောကြောင့် အားလုံးအမှုဆောင်ထွက်ရန် တိုက်တွန်းပါ။
၁၅ မိ– “အောင်မြင်သောပြန်လည်ပတ်မှုများဖြစ်စေရန် ထိရောက်သောသွန်သင်မှုလိုအပ်။” အဓိကအချက်များကို ပြန်လည်သုံးသပ်ပြီး သရုပ်ပြခန်း အတိုကလေးတစ်ခုနှစ်ခုပြပါ။
၂၀ မိ– စက်တင်ဘာလအတွင်း ထာဝစဉ်အသက်ရှင် စာအုပ်ကိုဝေငှ။ ဤစာအုပ်သည် ယေဟောဝါ၏တရားစီရင်ချက်ကို ဖော်ပြရာတွင် အဘယ်နည်းဖြင့်အရေးကြီးကြောင်း ရှင်းပြပါ။ (၁၉၈၈ ဧပြီ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၆၊ အပိုဒ် ၁၇-၁၈ ရှု [လိပ်]။) ၁၉၉၂ ဧပြီ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၅ အပိုဒ် ၃-၄ [လိပ်] ပါတွေ့ ကြုံမှုကိုတင်ပြ။ စာအုပ်၏ စာမျက်နှာ ၃၊ ၁၁-၁၃၊ ၁၅၆-၈ ပါထူးခြားသောရုပ်ပုံများကို သတိပြုစေပါ။ ဤရုပ်ပုံများကို အသုံးပြုပြီး စကားစမြည်မည်သို့စနိုင်ကြောင်း ဆွေးနွေးပါ။ စာမျက်နှာ ၁၅၆-၈ ပါကျမ်းချက်များမှ တစ်ခုကိုအသုံးပြုကာ တတ်ကျွမ်းသောကြေညာသူတစ်ဦးအား သရုပ်ပြခန်းအတိုကလေးတစ်ခုတင်ပြစေပါ။ ကျမ်းစာသင်အံမှုများကြိုးစားစရန်ပန်းတိုင်ကို အလေးအနက်ဖော်ပြပါ။ ဤသီတင်းပတ်အဆုံးပိုင်းတွင်အသုံးပြုမည့်စာအုပ်များကို ယူသွားကြရန် သတိပေးပါ။ (ဤစာအုပ်မရှိလျှင် မိသားစုဘဝ စာအုပ်၊ သို့မဟုတ် ထာဝစဉ်အသက်ရှင် စာအုပ်ရှိလျှင် နှစ်အုပ်စလုံးကိုဝေငှပါ။)
သီချင်း ၁၇၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။