ဩဂုတ်လအတွက်လုပ်ငန်းတော်စည်းဝေးများ
ဩဂုတ် ၅ တွင် စမည့်အပတ်
သီချင်း ၅၆
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၂၀ မိ– “သတင်းကောင်းကြေညာရာတွင်အရှိန်လျော့မသွားစေနှင့်။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။ ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၆၇၃၊ အပိုဒ် ၁ မှ ကောက်နုတ်ချက်များပါဝင်စေပါ။
၁၅ မိ– “ဘရိုရှာများဖြင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်း။” (အပိုဒ် ၁-၅) ပထမအပိုဒ်ကိုနိဒါန်းစဟောပြောရန်သုံးပါ။ ဓမ္မအမှုတွင် ကမ္ဘာသားဘဝ နှင့် “ကြည့်ရှုလော့!” ဘရိုရှာများအသုံးပြုခြင်း၏အကျိုးကျေးဇူးများကို ထုတ်ဖော်တင်ပြပါ။ ဤဘရိုရှာများဖြင့် ဦးဆုံးအကြိမ်သွားရောက်ခြင်းနှင့်ပြန်လည်ပတ်မှုများကို မည်သို့ကိုင်တွယ်နိုင်ကြောင်းပြရန် ကောင်းစွာလေ့ကျင့်ထားသည့်သရုပ်ပြပွဲလေးခုကိုစီစဉ်ပါ။ မိဘ၏အကူအညီကိုရရှိသောကြေညာသူလူငယ်တစ်ဦး ကမ္ဘာသားဘဝ ဘရိုရှာဖြင့်တင်ဆက်ပုံများကိုသရုပ်ပြစေပါ။ ကြေညာသူများသည် ဤတွင်ပါရှိသည့်အကြံပြုချက်များကို အခြားဘရိုရှာများအတွက်တင်ဆက်ရန် နမူနာယူလိုပေမည်။
သီချင်း ၁၃၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၂ တွင် စမည့်အပတ်
သီချင်း ၁၉၂
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ၁၉၉၃၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၁ ပါ “ပေးကမ်းစွန့်ကြဲနိုင်သည့်နည်းများ” ပေါ်အခြေပြုပြီး အားပေးသည့်မှတ်ချက်များပါဝင်စေပါ။
၁၅ မိ– “ဘရိုရှာများဖြင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်း။” (အပိုဒ် ၆-၈) အစိုးရ ဘရိုရှာပါအကြောင်းအရာများကို ခြုံ၍အကျဉ်းချုပ်တင်ပြပါ။ ဦးဆုံးအကြိမ်သွားရောက်ခြင်းနှင့်ပြန်လည်ပတ်မှုအတွက် အကြံပြုထားသည့်တင်ဆက်ပုံများကိုသရုပ်ပြပါ။ မဂ္ဂဇင်းဝေငှထားသည့်နေရာများသို့ပြန်သွားရန် အားလုံးကိုအားပေးပါ။
၁၅ မိ– “အဖွဲ့အစည်း၏ကမ္ဘာချီလုပ်ငန်းအတွက်လှူဒါန်းသောအလှူငွေများက တိုးချဲ့မှုကိုအထောက်အကူဖြစ်စေ။” အကြီးအကဲတစ်ဦးအားတက်သရောဟောပါ။ နှစ်ချုပ်စာအုပ် တွင်မှတ်တမ်းတင်ထားသည်အတိုင်း၊ ဖော်ပြထားသည့်နိုင်ငံအချို့တွင် နိုင်ငံတော်လုပ်ငန်းတိုးတက်နေသည့်ကိန်းဂဏန်းအချို့ကိုပါဝင်စေပါ။
သီချင်း ၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၉ တွင် စမည့်အပတ်
သီချင်း ၁၇၄
၁၀ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာကိုသုံးသပ်ပါ။
၁၅ မိ– “ဟောပြောရန်မည်သူအရည်အချင်းပြည့်မီသနည်း။” အကြီးအကဲတစ်ဦး ကြေညာသူနှစ်ဦး သို့မဟုတ် သုံးဦးနှင့်ဆောင်းပါးကိုဆွေးနွေးပါ။ ဘုရားသခင့်ဓမ္မအမှုဆောင်များအဖြစ်ကျွန်ုပ်တို့ကိုအပြည့်အဝထောက်ပံ့ပေးရန် အကောင်းဆုံးလေ့ကျင့်ပေးမှုကိုအဆင်သင့်လက်ခံရရှိနေကြောင်းအလေးပေးတင်ပြပါ။ ကျွန်ုပ်တို့တွင် ဟောပြောရန်အထောက်အပံ့အလုံအလောက်မရှိပါဟုခံစားရရန်အကြောင်းမရှိပါ။
၂၀ မိ– “အသိပညာစာအုပ်ဖြင့်တပည့်ဖြစ်ရန်ပြုလုပ်ပုံ။” ၁၉၉၆၊ ဇွန်လ၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်မှအပိုဒ် ၁၇-၂၆ ကိုပရိသတ်နှင့်ဆွေးနွေးပါ။ အသိပညာ စာအုပ်ဖြင့် ကျမ်းစာသင်အံမှုကျင်းပနေသူများ၏ ဒေသခံတွေ့ ကြုံမှုများပါဝင်ဖို့အချိန်ရရန်ကြိုတင်စီစဉ်ထားပါ။ သူတို့သည် ကြားညှပ်စာရွက်တွင်ပါသည့်အကြံပြုချက်များကို မည်သို့အသုံးပြုခဲ့ကြောင်းနှင့် ပိုမိုတိုးတက်သောအိမ်တွင်းကျမ်းစာသင်အံမှုကိုကျင်းပဖို့ မည်သို့အကူအညီရရှိခဲ့ကြောင်းအပြုသဘောပါပါတင်ပြနိုင်သည်။ ကြားညှပ်စာရွက်ကိုသိမ်းထားပြီး သင်အံမှုအသစ်စတိုင်းကိုယ်တိုင်ပြန်သုံးသပ်ရန် အားလုံးကိုအားပေးပါ။
သီချင်း ၁၈၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၆ တွင် စမည့်အပတ်
သီချင်း ၁၀၄
၁၀ မိ– ဒေသကြေညာချက်များ။ “အထူးအစည်းအဝေးနေ့အစီအစဉ်သစ်” ကိုသုံးသပ်ပါ။
၂၀ မိ– သင့်သားသမီးများ၏ပညာရေးကိုစိတ်ဝင်စားပါ။ အကြီးအကဲတစ်ဦးဟောပါ။ ကျောင်းတွင်စီစဉ်ပေးသည့်အသုံးဝင်သောလေ့ကျင့်ပေးမှုကို ကျွန်ုပ်တို့အဘယ်ကြောင့်တန်ဖိုးထားလေးမြတ်ကြောင်းတင်ပြရန် ယေဟောဝါသက်သေများနှင့်ပညာရေး ဘရိုရှာစာမျက်နှာ ၂-၅ ပါအကြောင်းအရာကိုသုံးသပ်ပါ။ ကျွန်ုပ်တို့သည် လောကီရေးရာတွင်အဆင့်မြင့်မြင့်ရောက်ဖို့ပန်းတိုင်ထားလိုက်မည့်အစား ဝိညာဏပန်းတိုင်များထားရသည့်အကြောင်း ဆရာများအားထိထိမိမိမည်သို့ရှင်းပြမည်ကိုဆွေးနွေးပါ။ စာမျက်နှာ ၃၁ ရှိ “နိဂုံး” မှအချက်များပါဝင်စေပါ။ ၁၉၈၈၊ စက်တင်ဘာ ၈၊ နိုးလော့! [လိပ်] စာမျက်နှာ ၁၁ တွင်ပေးထားသည့်အကြံပြုချက်များကိုအသုံးပြုရန် မိဘများကိုအားပေးပါ။
၁၅ မိ– စက်တင်ဘာတွင်ဝေငှမည့်စာပေများကိုသုံးသပ်ပါ။ Life—How Did It Get Here? By Evolution or by Creation? စာအုပ်ကိုအသုံးပြုမည်။ ဤစာအုပ်၏စွယ်စုံအသုံးဝင်ပုံကိုဖော်ပြပါ။ အခန်း ၁-၁၅ ကဤနေရာသို့အသက်ရောက်ရှိလာပုံနှင့်ပတ်သက်ပြီးအငြင်းပွားမှုများကို စေ့စေ့စပ်စပ်သုသေသနပြုထာသည်; အခန်း ၁၆ ကလူများကိုအကြံအိုက်စေသောမေးခွန်းဖြစ်သည့် “ဆင်းရဲဒုက္ခကိုဘုရားသခင်အဘယ့်ကြောင့်ခွင့်ပြုရသနည်း” ကိုဖော်ပြထားသည်။ အခန်း ၁၇-၁၈ ကဘုရားသခင်၏ယုံကြည်စိတ်ချရသောမှုတ်သွင်းခံနှုတ်ကပါဌ်တော်အဖြစ် သမ္မာကျမ်းစာကိုယုံကြည်ရန်တည်ဆောက်ပေးသည်; အခန်း ၁၉-၂၀ က မြေကြီးပရဒိသုပေါ်ရရှိမည့်အသက်တာနှင့်ပတ်သက်သည့် နိုင်ငံတော်သတင်းကောင်းများကို အသားပေးဖော်ပြပေးပြီး ယင်းကိုရရှိနိုင်ပုံကိုရှင်းပြပေးသည်။ အရည်အချင်းရှိသောကြေညာသူတစ်ဦး Creation စာအုပ်၏တိုတုတ်သည့်တင်ဆက်ပုံတစ်ခုကိုသရုပ်ပြရန် ဤချဉ်းကပ်နည်းများမှတစ်ခုကိုအသုံးပြုစေပါ။ အသင်းတော်၌ သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်များလက်ကျန်ရှိနေသေးပါက ယင်းတို့ကိုဝေငှနိုင်သည်။
သီချင်း ၁၁၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။