ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၇ စာ. ၁
  • နေ့စဉ်နေ့တိုင်း ယေဟောဝါအကြောင်းပြောပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နေ့စဉ်နေ့တိုင်း ယေဟောဝါအကြောင်းပြောပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ယေဟောဝါအား အစဉ်မပြတ်ချီးမွမ်းထောမနာပြု
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • အဖ ယေဟောဝါကို ကျွန်တော်တို့ အလွန်ချစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၁၂/၉၇ စာ. ၁

နေ့စဉ်နေ့တိုင်း ယေဟောဝါအကြောင်းပြောပါ

၁ လူတို့သည် မိမိတို့၏နှလုံးခံတွင်းတွေ့သည့်ဘယ်အရာကိုမဆို ပြောနေရသည်ကိုပျော်၏၊ အကြောင်းမှာ စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်သောကြောင့်တည်း။ (လု. ၆:၄၅ခ) ကျွန်ုပ်တို့၏နှလုံးခံတွင်းတွေ့သောအရာကား အဘယ်နည်း။ ဆာလံဆရာက “အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကိုမြွက်ဆို၍ အစဉ်မပြတ်ကိုယ်တော်ကိုချီးမွမ်းပါမည်” ဟူ၍ရေးသည်။ (ဆာ. ၃၅:၂၈) သူသည် ယေဟောဝါကိုအလွန်တန်ဖိုးထားလေးစားပြီး အချိန်အခါတိုင်း ဘုရားသခင်အကြောင်းပြောရခြင်းနှင့် ကိုယ်တော်အားချီးမွမ်းရခြင်းကို တကယ့်အခွင့်ထူးအဖြစ်ယူမှတ်သည်။ ယေဟောဝါနှင့်အတွင်းကျကျရင်းနှီးကျွမ်းဝင်ခြင်းဖြင့် ဆာလံဆရာတွင် အလွန်ပျော်ရွှင်ဝမ်းမြောက်စရာအကြောင်းကောင်းများစွာရှိသည်။ (ဆာ. ၃၅:၉) သူ၏ပုံသက်သေကောင်းကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။

၂ သင့်အိမ်တွင် ယေဟောဝါအကြောင်းပြောပါ– ယေဟောဝါသည် မိသားစုအသိုင်းအဝိုင်းအတွင်းစကားပြောဆိုရာတွင် နေ့စဉ်အကြောင်းအရာတစ်ခုဖြစ်သင့်သည်။ ယေဟောဝါကိုအလွန်ချစ်မြတ်နိုးသောမိဘများသည် မိမိတို့၏လုပ်ဆောင်မှုမှန်သမျှတွင် ကိုယ်တော်အကြောင်းအလိုအလျောက်ပြောမည်ဖြစ်သည်။ (တရား. ၆:၅-၇) ထိုသို့ပြောသည်နှင့်အမျှ မိမိတို့၏ဖခင်နှင့် မိခင်တို့သည် ယုံကြည်ခြင်းနှင့်အညီအသက်ရှင်ပြီး ဘုရားသခင့်ပညတ်တော်များကို မြတ်နိုးကြောင်း သားသမီးများသတိပြုမိပေမည်။ ထိုအခါ မိသားစုသင်အံမှုအား မိဘတို့၏ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကို အမှန်တကယ်ပြသသည့်အရာအဖြစ် သားသမီးများယူမှတ်ကြမည်။—၂ ပေ. ၃:၁၁။

၃ သင့်ညီအစ်ကိုများနှင့်အတူ ယေဟောဝါအကြောင်းပြောပါ– ပတ်စဉ်သီအိုကရက်တစ်လုပ်ရိုးလုပ်စဉ်အတွင်း ဝိညာဉ်အစာဖြင့် ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးကိုအစာကျွေးရန် အခွင့်အရေးများစွာကျွန်ုပ်တို့ရရှိထားသည်။ ကျွန်ုပ်တို့တွင် ပြောရန်အကြောင်းကောင်းများ အမြဲရှိနေပါသည်။ (လု. ၆:၄၅က) သင်အထူးပျော်မွေ့ခဲ့သည့် သင့်ကိုယ်ပိုင်လေ့လာမှု သို့မဟုတ် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းမှ စုဆောင်းရရှိသည့်အချက်တစ်ချက်ရှိသလော။ ယင်းကို သင့်ညီအစ်ကိုများအားမျှဝေပေးပြီး ဤသို့အားဖြင့် ယေဟောဝါကိုချစ်သည့်မေတ္တာကို တိုးပွားလာရန် သူတို့အားကူညီပေးရာရောက်သည်။—ဆာ. ၃၅:၁၈; ဟေဗြဲ ၁၀:၂၄။

၄ အခြားသူများကို ယေဟောဝါအကြောင်းပြောပါ– အလုပ်ခွင်၊ ကျောင်းနှင့် မယုံကြည်သူမိသားစုဝင်များမှလူတို့ဖြင့် နေ့စဉ်ဆက်ဆံရာ၌ အသက်တာတွင်ကျွန်ုပ်တို့၏အာရုံစိုက်ရာသည် ယေဟောဝါအကြောင်းသက်သေခံခြင်းဖြစ်ကြောင်း အလိုလိုထင်ရှားနေသင့်သည်။ လောက၏ရိုင်းပျပြီး ရုန့်ရင်းကြမ်းတမ်းသောအပြောအဆိုများဖြင့် စွန်းထင်းစေမည့်အစား ကျွန်ုပ်တို့၏အပြောအဆိုသည် ဘုရားသခင်ကို ချီးမွမ်းဂုဏ်တင်သင့်သည်။ နေ့စဉ် အခွင့်အရေးရတိုင်း ဟောပြောရန်ကျွန်ုပ်တို့ကိုတာဝန်ပေးထားသည့် သတင်းကောင်းကို အခြားသူများအားပြောပြပါ။—တ. ၅:၄၂; ကော. ၄:၆။

၅ ယေဟောဝါ၏စစ်မှန်သောဝတ်ပြုသူများအနေနှင့် ကျွန်ုပ်တို့သည် တုနှိုင်းမရသောဘုရားသခင်၊ ယေဟောဝါအကြောင်းပြောရန်အခွင့်အရေးများကို နေ့စဉ်မလွတ်တမ်းအသုံးချနိုင်ကြပါစေ။—ဆာ. ၁၀၆:၄၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ