ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၇ စာ. ၁
  • သင့်ကိုသတိရနေကြသည်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကိုသတိရနေကြသည်!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်အစည်းအဝေးများကို တည်ဆောက်စရာဖြစ်စေရန် သင်ပါဝင်လုပ်ဆောင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဝတ်ပြုစည်းဝေးရတဲ့ အကြောင်းရင်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သင့်ထုံးစံကားအဘယ်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • မိသားစုဇယား—အသင်းတော်အစည်းအဝေးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၁၂/၉၇ စာ. ၁

သင့်ကိုသတိရနေကြသည်!

၁ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ‘ဘယ်သူမှ ငါ့ကိုသတိရမှာမဟုတ်ပါဘူး; အဲ့ဒီမှာ ငါမရှိဘူးဆိုတာကိုတောင် သူတို့သတိထားမိမှာမဟုတ်ပါဘူး’ ဟူ၍ယူမှတ်ကာ အသင်းတော်စည်းဝေးတစ်ခု သို့မဟုတ် တစ်ခုထက်မကတက်ဖို့ပျက်ကွက်ကြပေမည်။ ထိုသို့ယူမှတ်ခြင်းသည် မမှန်ပါ! ကျွန်ုပ်တို့၏ကိုယ်ခန္ဓာရှိအင်္ဂါတစ်ခုစီကဲ့သို့ ကျွန်ုပ်တို့တစ်ဦးစီသည် အသင်းတော်လုပ်ဆောင်မှုတွင် အရေးကြီးအခန်းကဏ္ဍမှပါဝင်ကြသည်။ (၁ ကော. ၁၂:၁၂) ပတ်စဉ်စည်းဝေးတစ်ခုကို ကျွန်ုပ်တို့ပျက်ကွက်လျှင် တက်ရောက်သောအခြားသူများ၏ဝိညာဏကောင်းကျိုးကို ထိခိုက်နိုင်သည်။ ထိုနေရာတွင် သင်မရှိပါက သင့်ကိုသတိရနေကြသည်! ကိုစိတ်ချပါလေ။

၂ သင်ပါဝင်သောအရေးကြီးအခန်းကဏ္ဍ– မိမိ၏ညီအစ်ကိုများနှင့်ပေါင်းသင်းရန် ပေါလုတောင့်တခဲ့သည်။ အကြောင်းရင်းကို ရောမ ၁:၁၁၊ ၁၂ ကရှင်းပြသည်– “ငါသည် သင်တို့၌ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ . . . ငါနှင့်သင်တို့သည် ယုံကြည်ခြင်းအားဖြင့် အချင်းချင်းအားရသက်သာခြင်းသို့ရောက်ရမည်အကြောင်းကို ဆိုလိုသတည်း။” အလားတူပင် ကျွန်ုပ်တို့ပေးသည့်အဖြေများ၊ စည်းဝေးတွင် ကျွန်ုပ်တို့ရသည့်တာဝန်များနှင့် ရောက်ရှိနေခြင်းတို့အားဖြင့် သစ္စာရှိလမ်းစဉ်အတိုင်းဆက်၍လိုက်လျှောက်ရန် တစ်ဦးကိုတစ်ဦးတည်ဆောက်ပေးဖို့ များစွာလုပ်ဆောင်ကြသည်။—၁ သက်. ၅:၁၁။

၃ အသင်းတော်စည်းဝေးများတွင် အခြားသူများကိုတွေ့ရဖို့ သင်မမျှော်လင့်ပေလော။ သူတို့၏အဖြေများကို သင်စူးစိုက်နားထောင်ကာ သူတို့၏ယုံကြည်ခြင်းဖွင့်ဟချက်များကို တန်ဖိုးထားသည်။ သူတို့၏ဝိညာဏလက်ဆောင်များက သင့်အတွက်တည်ဆောက်မှုဖြစ်စေသည်။ စည်းဝေးတွင် သူတို့မရှိပါက အရေးကြီးသည့်တစ်စုံတစ်ရာလစ်ဟင်းနေကြောင်း သင်ခံစားရပေမည်။ သင်မရှိသည့်အခါတွင်လည်း သင်နှင့်ပတ်သက်၍ သင့်ညီအစ်ကိုညီအစ်မများသည် ထိုသို့ပင်ခံစားရပေမည်။

၄ အစည်းအဝေးများလုပ်ဆောင်ပေးသည့်အရေးကြီးအခန်းကဏ္ဍ– ကျွန်ုပ်တို့၏ဝိညာဉ်ရေးရှင်သန်မှုအတွက် အစည်းအဝေးများသည် မည်မျှအရေးကြီးကြောင်း ကင်းမျှော်စင်တွင် တစ်ခါကဤသို့မှတ်ချက်ချသည်– “ဤခိုက်ရန်ပွား၍ စာရိတ္တယိုယွင်းသောလောကကြီးတွင် ခရစ်ယာန်အသင်းတော်သည် အမှန်တကယ်ပင်ဝိညာဏခိုလှုံရာဖြစ်ပါသည်။ . . . ငြိမ်သက်ခြင်းနှင့် မေတ္တာလွှမ်းမိုးသည့် အေးငြိမ်းရာအရပ်ဖြစ်ပါသည်။ ထို့ကြောင့် ယင်း၏အစည်းအဝေးအားလုံးကို မှန်မှန်တက်ရောက်ပါ။” (က၉၃ ၈/၁၅ ၁၁) ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင် ခြေကုန်လက်ပန်းကျစေသည့်အခြေအနေများကို နေ့စဉ်နှင့်အမျှရင်ဆိုင်ရသည်။ သတိမထားပါက ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများတွင် အလွန်နစ်မြုပ်အာရုံစိုက်လာနိုင်ရာ ယင်းကြောင့် သာ၍အရေးကြီးသော ဝိညာဉ်ရေးရာများကို မျက်ခြည်ပြတ်သွားစေနိုင်သည်။ ဘုရားသခင့်လုပ်ငန်းတော်တွင် စည်းလုံးမှုနှင့်ဇွဲရှိနေစေရန် လိုအပ်သည့်အားပေးမှုအတွက် ကျွန်ုပ်တို့အားလုံးသည် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဖြစ်နေကြပါသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

၅ အစည်းအဝေးများကို ကျွန်ုပ်တို့တက်ခြင်းသည် အရေးကြီးသည်။ ဖျားနာမှု သို့မဟုတ် ကြိုတင်မမြင်ရသောဖြစ်ရပ်ကြောင့် ရံဖန်ရံခါပျက်ကွက်ကြပေမည်။ ယင်းမှလွဲလျှင် ယေဟောဝါကို အတူတကွချီးမွမ်းသောလူအုပ်စုကြီးတွင်အစဉ်ပါဝင်ရန် သန္နိဋ္ဌာန်ချထားကြစို့။—ဆာ. ၂၆:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ