ယေဟောဝါ၏အကူအညီအတွက် ဆုတောင်းပါ
၁ ယေရှုသည် မိမိ၏တပည့်တော်များအား သူတို့၏ဓမ္မအမှုကို ယေဟောဝါကောင်းချီးပေးရန်လိုကြောင်း စွဲမှတ်စေခဲ့သည်။ (မ. ၉:၃၇၊ ၃၈) စိတ်အားထက်သန်စွာ တိုးလျှိုးတောင်းပန်အသနားခံခြင်းနှင့်တကွ ကျေးဇူးတော်ချီးမွမ်းသည့် နှလုံးပါပါဆုတောင်းချက်များသည် ကိုယ်တော်၏အကူအညီအတွက် ယေဟောဝါအပေါ် ကျွန်ုပ်တို့လုံးလုံးလျားလျားမှီခိုအားထားကြောင်းတင်ပြသည်။ (ဖိ. ၄:၆၊ ၇) သမ္မာကျမ်းစာက “ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုး” ဖြင့်ဆက်၍ဆုတောင်းကြရန် ကျွန်ုပ်တို့ကိုတိုက်တွန်းထားရာ ယင်းသည် ဓမ္မအမှုနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ဆုတောင်းချက်များနှင့် သက်ဆိုင်ပါမည်။—ဧ. ၆:၁၈။
၂ ကျွန်ုပ်တို့သည် ယေဟောဝါ၏ပြိုင်ဘက်ကင်းသောဂုဏ်ရည်တော်များနှင့် လုပ်ဆောင်ပြီးမြောက်မှုများအတွက် ကိုယ်တော်အား ဆုတောင်းခြင်းဖြင့်ချီးမွမ်းကြ၏။ ကျွန်ုပ်တို့ဟောပြောသည့် သတင်းကောင်းကိုပေးသောအရှင်အဖြစ်လည်း ကိုယ်တော်အား ကျွန်ုပ်တို့ချီးမွမ်းကြ၏။ ကိုယ်တော်တစ်ပါးတည်းကသာ ကျွန်ုပ်တို့၏ဓမ္မအမှုကိုအောင်မြင်စေတော်မူသောကြောင့် ကိုယ်တော်ကို ကျွန်ုပ်တို့ချီးမွမ်းထိုက်၏။—ဆာ. ၁၂၇:၁။
၃ ကျေးဇူးတော်ကိုချီးမွမ်းသည့် ကျွန်ုပ်တို့၏ဆုတောင်းချက်များက ယေဟောဝါသည် မိမိ၏အလိုတော်နှင့်ရည်ရွယ်ချက်ကို ကျွန်ုပ်တို့အားသိနားလည်ခွင့်ပေးခြင်းအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြပါသည်။ အခြားသူများအား နိုင်ငံတော်သမ္မာတရားကိုဝေငှရခြင်းသည် အခွင့်ထူးတစ်ရပ်မဟုတ်ပေလော။ ဓမ္မအမှုတွင် ကျွန်ုပ်တို့ပြီးမြောက်ရာအားလုံးအတွက် ယေဟောဝါကို ကျွန်ုပ်တို့ကျေးဇူးတင်ကြပါသည်။—ဆာ. ၁၀၇:၈; ဧ. ၅:၂၀။
၄ ကျွန်ုပ်တို့ ကျမ်းစာသင်အံမှုကမ်းလှမ်းသည်ကို လက်ခံမည့်သူများအားတွေ့ရှိရန်နှင့် သူတို့၏နှလုံးသို့ သမ္မာတရားရောက်ရှိစေရန် ကူညီမစဖို့ ယေဟောဝါထံအသနားခံခြင်းသည် အလွန်ပင်သင့်လျော်ပါသည်။ ထိုသို့သောအသနားခံမှုများပြုခြင်းဖြင့် ဓမ္မအမှုတွင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ဘုရားသခင်သာလျှင် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြပါသည်။—၁ ကော. ၃:၅-၇။
၅ မိမိ၏မဂ္ဂဇင်းလမ်းကြောင်းရှိအမျိုးသမီးတစ်ဦးသည် ကင်းမျှော်စင်နှင့် နိုးလော့!ကို မဖတ်ဟု ညီအစ်မတစ်ဦးယူဆခဲ့သည်။ ဤအဖိုးထိုက်သည့်ဂျာနယ်များကို အလဟဿမဖြစ်သွားစေလို၍ အမျိုးသမီးသည် ၎င်းတို့ကိုမဖတ်ပါက ဆက်ပို့တော့မည်မဟုတ်ကြောင်း ယေဟောဝါထံတိုးလျှိုးတောင်းပန်ခဲ့သည်။ ညီအစ်မသည် နောက်တစ်ကြိမ်လည်ပတ်သည့်အခါ အမျိုးသမီး၏ခင်ပွန်းက ဤသို့ဆိုသည်– “ဒီမဂ္ဂဇင်းတွေကို မှန်မှန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီမဂ္ဂဇင်းတွေကို ကျွန်တော်ဖတ်နေပါတယ်၊ တကယ်လည်းကြိုက်ပါတယ်။”
၆ ကျွန်ုပ်တို့သည် အခြားသူများကို ရဲရင့်စွာဆက်သက်သေခံရန်အတွက် လူတို့၏စိတ်မဝင်စားမှုနှင့်ပြက်ရယ်ပြုမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နှင့် လူကိုကြောက်ရွံ့ ခြင်းကိုကျော်လွှားနိုင်ဖို့ကူညီရန် နှိမ့်ချပြီး စိတ်အားထက်သန်စွာတိုးလျှိုးတောင်းပန်ခြင်းဖြင့် ယေဟောဝါထံ အသနားခံနိုင်သည်။ (တ. ၄:၃၁) ကျွန်ုပ်တို့သည် မြင့်မြတ်သောလုပ်ငန်းတော်ကို နာခံမှုဖြင့်ဆက်လုပ်ဆောင်နေစဉ် “ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုး” ဖြင့်ဆက်၍ဆုတောင်းမည်ဆိုလျှင် ယေဟောဝါ၏ကူညီမစမှုကိုရမည်ဟု ယုံကြည်စိတ်ချနိုင်သည်။—၁ ယော. ၃:၂၂။