ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဩဂုတ် ၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဧပြီလလယ်ကွင်းလုပ်ငန်းမှတ်တမ်းကို မှတ်ချက်ပေးပါ။ ဩဂုတ်လအတွင်း လယ်ကွင်းဓမ္မအမှု၌ပါဝင်ကြရန် ကြေညာသူအားလုံးကို အားပေးပါ။
၁၇ မိ– “ယေဟောဝါ၏တင့်တယ်သောနာမတော်ကို အလွန်တန်ဖိုးထားလော့။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ ညွှန်းထားသောကျမ်းချက်များကို ပေါ်လွင်စေပါ။—ထာဝစဉ်အသက်ရှင်စာအုပ်၊ စာမျက်နှာ ၁၈၄-၅ ရှု။
၁၈ မိ– “လောကီပညာရေးနှင့် သင့်ဝိညာဏပန်းတိုင်များ။” ဖခင်တစ်ဦးသည် မိမိ၏သား သို့မဟုတ် သမီးနှင့် ဆောင်းပါးကိုဆွေးနွေးသည်။ သူတို့သည် ဒီဇင်ဘာ ၂၂၊ ၁၉၉၅၊ နိုးလော့!၊ စာမျက်နှာ ၇-၁၁ [လိပ်] မှသက်ဆိုင်သောအကြောင်းအရာကိုလည်း ဆွေးနွေးကြသည်။
သီချင်း ၁၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၉ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၂ မိ– ရှေ့ဆောင်များသည် အခြားသူများကိုထောက်ကူပေး—မည်သည့်တိုးတက်မှုရရှိခဲ့သနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဟောပြော၍ လူတွေ့ခေါ်မေးပါ။ စက်တင်ဘာ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ တွင်ဖော်ပြထားသည့် ညွှန်ကြားချက်ကို သုံးသပ်ပါ။ ယင်းကို ဒေသအလိုက် မည်သို့စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ပြောပြကာ ကူညီခံရသူ၏တိုးတက်မှုနှင့်စပ်လျဉ်းသည့် နောက်ဆုံးအဖြစ်အပျက်တစ်ခုကိုဖော်ပြပါ။ ရှေ့ဆောင်တစ်ဦးနှစ်ဦးနှင့် ၎င်းတို့၏အကူအညီမှအကျိုးခံစားခဲ့ရသည့် ကြေညာသူအချို့ကို လူတွေ့ခေါ်မေးပါ။ နောက်ထပ်အကူအညီခံမည့်သူများကို ဤအစီအစဉ်မှ အကျိုးအပြည့်အဝရယူကြရန် အားပေးပါ။
၂၅ မိ– “ရှေ့ဆောင်လုပ်ရန် သင့်အတွက် ယခုလမ်းပွင့်ပြီလော။” အကြီးအကဲတစ်ဦး မေးဖြေဆွေးနွေးရန်။ နောက်ထပ်ကြေညာသူများအတွက် ရှေ့ဆောင်လုပ်ရန် ဖြစ်နိုင်ခြေများရှိကြောင်း အပြုသဘောဖြင့်တင်ပြပါ။ သာမန်အတားအဆီးများကို မည်သို့ကျော်လွှားနိုင်ကာ အောင်မြင်ခဲ့သည်ဟူသော သူတို့၏ကိုယ်ပိုင်တွေ့ကြုံမှုမှ ပြန်ပြောပြနိုင်မည့်ရှေ့ဆောင်များကို လူတွေ့မေးမြန်းပါ။ ကောင်းစွာအစီအစဉ်ဆွဲခြင်းက တောင်းဆိုထားသောနာရီကို မည်သို့ပြည့်မီစေနိုင်ကြောင်းကို အလေးပေးတင်ပြကာ “မှန်မှန်ရှေ့ဆောင်နမူနာအချိန်ဇယားများ” ကိုဆန်းစစ်ပါ။ မှန်မှန်ရှေ့ဆောင်လျှောက်လွှာရလိုသူမည်သူမဆိုသည် အစည်းအဝေးပြီးနောက် တစ်စောင်စီရနိုင်ကြောင်း ကြေညာပါ။
သီချင်း ၂၀၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လတွင် ရက်သတ္တပတ်ကုန်ပိုင်းနှစ်ခါသာကျန်ရှိရာ လမကုန်မီ ဓမ္မအမှုတွင်ပါဝင်ကြရန် ယောက်တိုင်းကိုအားပေးပါ။ “အထူးအစည်းအဝေးနေ့အစီအစဉ်သစ်” ကိုသုံးသပ်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– တပည့်ဖြစ်စေခြင်းတွင် သင်ပါဝင်နေပါသလော။ ပရိသတ်နှင့်ဆွေးနွေးရန်။ ဝေငှထားသည့်စာပေပမာဏများစွာကိုထောက်ရှု၍ ကျွန်ုပ်တို့၏ဦးတည်ချက်သည် သူတို့ယူထားသည့်စာပေများမှ အကျိုးခံစားရအောင် လူတို့အားကူညီပေးနိုင်ရန် ကျမ်းစာသင်အံမှုများစဖို့ဖြစ်သင့်သည်။ နောက်ထပ်သင်အံမှုများကျင်းပခြင်းမှ သူတို့ကို အဟန့်အတားဖြစ်စေသည့် ပြဿနာများနှင့်စပ်လျဉ်း၍ ကြေညာသူများအား မှတ်ချက်ပေးစေပါ– (၁) လေ့လာလိုသူများကို တွေ့ဖို့ခက်ခဲသည်။ (၂) စိတ်ဝင်စားသူအချို့က မိမိတို့သည် လေ့လာဖို့ အလုပ်အလွန်များကြောင်း ပြောကြသည်။ (၃) သင်အံမှုတစ်ခုစပြီးနောက် သင်အံမှုမှန်မှန်ကျင်းပသွားရန် အိမ်တွင် ထိုသူကိုတွေ့ရဖို့ခက်သည်။ ကျမ်းစာသင်အံမှုလုပ်ငန်းနှင့်ပတ်သက်၍ ကြေညာသူအချို့တွင်ရှိနိုင်သည့် ခံစားချက်များကိုလည်း ရည်ညွှန်းပြောဆိုပါ– (၁) ‘သွန်သင်သူတစ်ဦးအနေနဲ့ ငါ အရည်အချင်းမရှိဘူး။’ (၂) ‘ပတ်စဉ်သင်အံမှုလုပ်ဖို့ ငါ့မှာ အချိန်မရှိဘူး။’ (၃) ‘အခြားသူအတွက် တာဝန်ယူရမှာဝန်လေးတယ်။’ (၄) ‘ဓမ္မအမှုရဲ့အခြားကဏ္ဍတွေမှာပါဝင်ရတာ ငါကျေနပ်တယ်။’ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ရန် ဤအတားအဆီးများကို ကျော်လွှားနိုင်ပုံနှင့်စပ်လျဉ်း၍ အပြုသဘောပါသောအကြံပြုချက်များပေးပါ။ အောင်မြင်သောကြေညာသူများအား ကျမ်းစာသင်အံမှုလုပ်ငန်းတွင် သူတို့ခံစားခဲ့ရသည့်ရွှင်လန်းမှုကို ပြောပြစေပါ။—ဧပြီ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၃-၈၊ ၁၅ ရှု။
သီချင်း ၁၀၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– စိတ်ဝင်စားသူလူသစ်များအား အိမ်ထောင်မင်္ဂလာ၏ သန့်ရှင်းမြင့်မြတ်မှုကို လေးမြတ်ရန် ကူညီပေးပါ။ အကြီးအကဲသည် ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၄၃၃-၅ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးသည်။ ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းတရားကိုတုံ့ပြန်သော်လည်း တရားဝင်လက်ထပ်ခြင်းမရှိဘဲ အတူပေါင်းသင်းနေထိုင်ကြခြင်းကြောင့် တိုးတက်မှုနှေးသောမောင်နှံစုံများနှင့် တွေ့ဆုံကြရသည်။ ခရစ်ယာန်များသည် အသရေရှိသောအိမ်ထောင်မင်္ဂလာကို အဘယ်ကြောင့် စွဲကိုင်ကြရမည်ဖြစ်ကြောင်းကိုနားလည်ရန် သူတို့အား ကူညီပေးနိုင်ပုံကိုဆွေးနွေးပါ။ (ဇန်နဝါရီ ၈၊ ၁၉၉၂၊ နိုးလော့!၊ စာမျက်နှာ ၂၆-၇ [လိပ်] ရှု။) ထိုကဲ့သို့သောမောင်နှံများအား သူတို့၏အိမ်ထောင်ကို တရားဝင်မှတ်ပုံမတင်မချင်း သူတို့သည် အသင်းတော်အဝင် အဘယ်ကြောင့်မဖြစ်နိုင်ကြောင်း နားလည်ရန်ကူညီပေးရာတွင် လိမ္မာပါးနပ်စွာ ကျွန်ုပ်တို့ပြောနိုင်သည့်အရာများနှင့်ပတ်သက်၍ အကြံပြုချက်များပေးပါ။
၂၀ မိ– “ဗုဒ္ဓဘာသာဝင်တစ်ဦးကို သင်မည်သို့ပြောမည်နည်း။” မေးဖြေဆွေးနွေးရန်။ ကျွန်ုပ်တို့နှင့်အကျွမ်းတဝင်မရှိသော အယူအဆ၊ ကျင့်စဉ်နှင့် ဘာသာရေးထုံးတမ်းများကို ခံယူထားသည့် ခရစ်ယာန်မဟုတ်သောဘာသာဝင်များကို ရပ်ကွက်တွင်တွေ့သောအခါ ဘာပြောရမည်ကို ကျွန်ုပ်တို့သိလိုကြသည်။ ဤဆောင်းပါးက ယင်းအကြောင်းအရာပေါ်အခြေပြုထားသည့် အပိုင်းငါးခုကို အစပြုပါသည်။ ကောင်းစွာပြင်ဆင်ထားသည့် တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။ ဗုဒ္ဓဘာသာနှင့်ဆိုင်သည့် ထပ်ဆင့်အချက်အလက်များအတွက် ဖေဖော်ဝါရီ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်; ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၂၁; နှင့် ဘုရားသခင်ကိုလူသားများရှာပုံတော်၊ အခန်း ၆ [လိပ်] ကိုကြည့်ပါ။
သီချင်း ၁၃၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၃၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် အားလုံးကိုနှိုးဆော်ပါ။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် စက်တင်ဘာ ၆ ရက်တွင် မှတ်တမ်းအားလုံးကို စာရင်းပြုစုနိုင်ရန် မိမိတို့၏အုပ်စုရှိသူတိုင်းကို စစ်ဆေးသင့်သည်။
၁၇ မိ– ကျွန်ုပ်တို့၏ညီအစ်ကိုများကို ကျွန်ုပ်တို့ချစ်ကြသည်။ ဒီဇင်ဘာ ၁၊ ၁၉၉၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၅-၁၇၊ အပိုဒ် ၇-၁၁ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးခြင်းအပါအဝင် အကြီးအကဲတစ်ဦးဟောရန်။ ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် အကျွမ်းတဝင်ရှိသောအခါ၊ စုံစမ်းခြင်းများကိုခံနိုင်ရန် တစ်ဦးကိုတစ်ဦးအားပေးကူညီသောအခါ အပြန်အလှန်ရရှိသည့်အကျိုးကျေးဇူးများကို အလေးပေးတင်ပြပါ။ သာ၍ကြီးမားသောအတိုင်းအတာဖြင့် ယင်းကို မည်သို့လုပ်ဆောင်နိုင်ကြောင်း အကြံပြုပါ။ သူတို့သည် အခြားသူများထံမှ မေတ္တာပါသောအားပေးမှုကြောင့် လန်းဆန်းမှုနှင့်ခွန်အား မည်သို့ရရှိခဲ့ကြောင်းတင်ပြသည့် တွေ့ကြုံမှုများကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၁၈ မိ– သင့်မျှော်လင့်ချက်အတွက် အကြောင်းပြချက်တစ်ခုပေးပါ။ အကြီးအကဲသည် ကျောင်းနေသော ပုံသက်သေကောင်းသည့်ဆယ်ကျော်သက် တစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းသည်။ လောကအဖော်များသည် သူတို့၏လုပ်ဆောင်မှုများတွင် ကျွန်ုပ်တို့၏ဆယ်ကျော်သက်များ မပါဝင်ရန် အဘယ်ကြောင့်ရွေးချယ်ကြောင်း သိလိုကြသည့်အခြေအနေများကို သူတို့ အဆက်မပြတ်ရင်ဆိုင်ကြရသည်။ သူတို့၏ကျမ်းစာအခြေပြုခံယူချက်များကို ရှင်းပြရန် ထိုကဲ့သို့သောအခွင့်အရေးများကိုအသုံးချစဉ် ကျွန်ုပ်တို့၏လူငယ်များသည် ခုခံတွန်းလှန်ရာတွင် ခိုင်ခံ့မြဲမြံဖို့လိုသည်။ အုပ်စုသည် မိမိတို့အား ဆေးရွက်ကြီး သို့မဟုတ် မူးယစ်ဆေးများကိုပေးမည်ဆိုလျှင် မည်သို့တုံ့ပြန်နိုင်ကြောင်းကို ဆွေးနွေးကြသည်။ လူငယ်များအမေးစာအုပ်၊ စာမျက်နှာ ၂၇၇-၈၁ တွင်ဖော်ပြထားသည့် ကျိုးကြောင်းဆင်ခြင်မှုကို သုံးသပ်ပါ။ မှန်ရာကိုလုပ်ရန်ဟူသော သူတို့၏သန္နိဋ္ဌာန်ကို ခုခံကာကွယ်ခြင်းသည် အကာအကွယ်နှင့် သက်သေခံချက်ကောင်းတစ်ရပ် မည်သို့ဖြစ်ကြောင်းကို ရှင်းပြပါ။
သီချင်း ၁၂၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။