ကြေညာချက်များ
▪ ဩဂုတ်တွင်ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ!၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”၊ သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော။ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်] ဘရိုရှာများကို သင့်လျော်သလိုဝေငှနိုင်သည်။ စက်တင်ဘာ– ထာဝရအသက်ရစေသောအသိပညာ။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုတွေ့ရလျှင် နှစ်စဉ်ကြေးကမ်းလှမ်းကြမည်။ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းနှင့် ထာဝရအသက်ရစေသောအသိပညာ။
▪ ဤနှစ်အတွင်း လူထုအဖွဲ့အစည်းတိုင်း၌ လောကီအားလပ်ရက်များ အချိန်အသီးသီးတွင်ရှိနေခြင်းသည် ကလေးများအား ကျောင်းတက်ရခြင်းမှကင်းလွတ်ခွင့်ရစေပြီး အလုပ်သမားများအား အလုပ်မှအားလပ်ချိန်ရရှိစေသည်။ ယင်းတို့သည် အသင်းတော်အတွက် လယ်ကွင်းဓမ္မအမှုတွင် တိုး၍ပါဝင်ရန် အခွင့်အခါကောင်းများဖြစ်သည်။ အကြီးအကဲများသည် ဤအခါသမယများအတွက် ကြိုတင်စီစဉ်ကာ အားလပ်ရက်များအတွင်း အုပ်စုလိုက်သက်သေခံရန်အစီအစဉ်များကို အသင်းတော်အား ကြိုကြေညာသင့်သည်။
▪ အသင်းတော်များသည် စက်တင်ဘာစာအုပ်စာတမ်းမှာယူရာတွင် ယေဟောဝါသက်သေများ၏သက္ကရာဇ် ၂၀၀၀ ပြက္ခဒိန်ကိုစတင်မှာယူနိုင်သည်။ ပြက္ခဒိန်များကို တရုတ်နှင့်အင်္ဂလိပ်လိုရရှိနိုင်ပါသည်။
▪ ၁၉၉၉၊ ဩဂုတ် ၂၇ မှ ၁၉၉၉၊ ဩဂုတ် ၃၁ အထိအသင်းမသည် ဌာနခွဲမှလက်ရှိစာအုပ်စာတမ်းစာရင်းကိုယူမည်ဖြစ်သည်။ ဤစာရင်းယူလုပ်ဆောင်မှုကြောင့် မည်သည့်အသင်းတော်၏စာအုပ်စာတမ်းမှာယူခြင်းကိုမဆို ထိုနေ့များအတွင်း ထုပ်ပိုးသယ်ပို့ပေးခြင်းကို စီမံဆောင်ရွက်ပေးနိုင်မည်မဟုတ်ပေ။
▪ အသင်းတော်တိုင်းထံသို့ သက္ကရာဇ် ၂၀၀၀ လုပ်ငန်းတော်နှစ်အတွင်းအသုံးပြုရန် ပုံစံစာရွက်အလုံအလောက် ပို့ပေးနေပါသည်။ ကျေးဇူးပြု၍ ဤပုံစံစာရွက်များကို အမြော်အမြင်ရှိရှိသုံးပါ။ ၎င်းတို့ကို ရည်ရွယ်ထားသည့်အတွက်သာ အသုံးပြုသင့်သည်။
▪ ရရှိနိုင်သောစာအုပ်စာတမ်းများ–
ထာဝစဉ်အသက်ရှင်— (အကြီး) မြန်မာ၊ အင်္ဂလိပ်; (အသေး) အင်္ဂလိပ်၊ တယ်မီလ်
အကြီးမြတ်ဆုံးလူသား— မြန်မာ၊ တရုတ်၊ တယ်မီလ်၊ ဟင်ဒီ
သီချင်းစာအုပ်— (အကြီး) အင်္ဂလိပ်၊ တယ်မီလ်; (အသေး) အင်္ဂလိပ်၊ မြန်မာ
ကျိုးကြောင်းဆင်ခြင်— အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
သီအိုကရက်တစ်ဓမ္မအမှုကျောင်း လမ်းညွှန်စာအုပ်— မြန်မာ၊ တယ်မီလ်
ဗျာဒိတ်ကျမ်း— တယ်မီလ်
ဖန်ဆင်းခြင်း— (အကြီး၊ အသေး) အင်္ဂလိပ်
လူငယ်များအမေး— အင်္ဂလိပ်၊ နပါလီ
ဘုရားသခင်ကိုလူသားများရှာပုံတော်— အင်္ဂလိပ်
နှစ်ချုပ်စာအုပ် (၁၉၉၉)— အင်္ဂလိပ်
ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း (၁၉၉၉)— မြန်မာ၊ တယ်မီလ်
ပြက္ခဒိန် (၁၉၉၉)— အင်္ဂလိပ်၊ တယ်မီလ်
ကမ္ဘာသစ်ဘာသာပြန်ကျမ်း— (အကြီး၊ အသေး) အင်္ဂလိပ်
ဘုရားသခင်သည်ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော၊ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်— နပါလီ
ဘုရားသခင်၏လမ်းညွှန်မှု—ပရဒိသုသို့သွားရာလမ်း (ဘရိုရှာ)— အင်္ဂလိပ်
ဘရိုရှာမျိုးစုံ— အင်္ဂလိပ်၊ ဟင်ဒီ၊ တယ်မီလ်၊ တရုတ်၊ မြန်မာ