ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို မည်သို့ပြုစုပျိုးထောင်နိုင်
၁ “ကျိုးကြောင်းဆင်ခြင်” ဟူသောစကားလုံး၏အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ “မိမိ၏အပြုအမူများ သို့မဟုတ် အယူအဆများဖြင့် ဩဇာလွှမ်းမိုးရန် အခြားသူတစ်ဦးနှင့်စကားပြောခြင်း” ဟူ၍ဖြစ်သည်။ ဓမ္မအမှုတွင်ပိုမိုထိရောက်တိုးတက်ရန် သင်တွေ့ဆုံရသည့်သူများနှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ပြုစုပျိုးထောင်ပေးဖို့လိုသည်။ (တ. ၁၇:၂-၄) သို့သော် ယင်းစွမ်းရည်ကို သင်မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။
၂ တွေးတောဆင်ခြင်မှုဖြင့်အစပြု– ယင်းသည် ကျမ်းစာသမ္မာတရားကိုလေ့လာသည့်အခါ အကြောင်းအရာကိုပြန်သုံးသပ်ရန် အထောက်အကူပေးကြောင်း သင်တွေ့ရမည်။ အချက်အလက်အချို့သည် အနည်းငယ်ရှုပ်ထွေးလာပုံရလျှင် အဖြေများနှင့်ပတ်သက်၍ အတော်အသင့်စူးစမ်းရှာဖွေကာ တွေးတောဆင်ခြင်ရန် အချိန်ယူပါ။ ဖော်ပြထားသည့်ရှင်းလင်းချက်များကိုသာမကဘဲ ၎င်းရှင်းလင်းချက်များအတွက် ကျမ်းဆိုင်ရာအကြောင်းရင်းများကိုလည်း ရှင်းလင်းစွာနားလည်ရန်ကြိုးစားပါ။
၃ ဓမ္မအမှုအတွက်ပြင်ဆင်ခြင်း ပါဝင်ပတ်သက်– လူအမျိုးမျိုးအဖုံဖုံအား သမ္မာတရားကို သင်မည်သို့ရှင်းပြမည်ကို စဉ်းစားပါ။ စိတ်ဝင်စားမှုကိုနှိုးဆွရန် စဉ်းစားမှုကိုလှုံ့ဆော်ပေးသည့်မေးခွန်းတစ်ခုကို မေးပါ။ ယင်းကို ကျမ်းဆိုင်ရာအချက်တစ်ချက်ဖြင့် မည်သို့ဆက်စပ်ရမည်ကိုပိုင်းဖြတ်ကာ ကျိုးကြောင်းဆင်ခြင်ပါ။ ပေါ်ပေါက်လာမည့်ကန့်ကွက်ချက်များကို ကြိုမြင်ကာ ယင်းတို့ကို မည်သို့ဆွေးနွေးမည်နှင့်ပတ်သက်၍ စဉ်းစားပါ။ အသက်ဆိုင်ဆုံးပေါ်လွင်ချက်တစ်ခုကို တင်ပြထားသည့်စာပေတွင် အတိအကျညွှန်ပြပါ။
၄ ယေရှု၏စံနမူနာကိုလိုက်ပါ– ယေရှုသည် ကျမ်းစာဖြင့် ထိရောက်စွာကျိုးကြောင်းဆင်ခြင်ရာတွင် အကောင်းဆုံးစံနမူနာကို ချမှတ်ခဲ့သည်။ ကိုယ်တော်၏သွန်သင်ပုံကို ဆန်းစစ်ရန် လုကာ ၁၀:၂၅-၃၇ ပါမှတ်တမ်းကိုသုံးသပ်ပါ။ ဤနည်းစနစ်ကိုမှတ်သားပါ– (၁) လူတို့၏မေးခွန်းများကိုဖြေကြားသည့်အခါ ကျမ်းချက်များကိုတိုက်ရိုက်ညွှန်ပြပါ။ (၂) သူတို့ကိုယ်နှိုက်ဖွင့်ဟပြောဆိုရန် ဖိတ်ခေါ်ကာ ပိုင်းခြားသိမြင်နိုင်သောမှတ်ချက်များပေးသည့်အခါ သူတို့ကိုချီးမွမ်းပါ။ (၃) မေးခွန်းနှင့်ကျမ်းချက်တို့၏ဆက်စပ်မှုကို အာရုံစိုက်ရန် သေချာစေပါ။ (၄) အဖြေ၏တကယ့်ဆိုလိုရင်းကို နားလည်ရန်သေချာစေဖို့ နှလုံးထိမိသည့်ပုံဥပမာတစ်ခုကိုသုံးပါ။—မတ် ၁၊ ၁၉၈၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၈၊ အပိုဒ် ၈-၁၀ [လိပ်] ရှု။
၅ ကျွန်ုပ်တို့ကိုပေးထားသည့်ကိရိယာကိုအသုံးပြုပါ– ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း ကို လယ်ကွင်းဓမ္မအမှုလက်စွဲစာအုပ်တစ်အုပ်အဖြစ် ထုတ်လုပ်ထားသည်။ ယင်း၏နိဒါန်းများ၊ စကားဆက်ပြတ်စေနိုင်သူများအားတုံ့ပြန်ပုံများနှင့် ကျိုးကြောင်းဆင်ခြင်သည့်အချက်များသည် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကိုပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့ကိုကူညီပေးသည်။ ကျိုးကြောင်းဆင်ခြင် စာအုပ်သည် အမှုဆောင်တွင် ကျွန်ုပ်တို့နှင့်အတူ အစဉ်ယူသွားသင့်သည့် တန်ဖိုးရှိကိရိယာတစ်ခုဖြစ်ကာ ကျမ်းစာဆွေးနွေးခန်းများလုပ်သည့်အခါ အသုံးပြုရန်မတွန့်ဆုတ်ပါနှင့်။ အကျိုးအများဆုံးရရှိရန် ယင်းကိုအသုံးပြုနည်းသိရှိဖို့ စာအုပ်၏စာမျက်နှာ ၇-၈ ကိုသုံးသပ်ပါ။
၆ သင်၏ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ပြုစုပျိုးထောင်ခြင်းသည် ဟောပြောသွန်သင်ခြင်းလုပ်ငန်းတွင် သင့်စွမ်းရည်မြင့်မားစေမည်ဖြစ်သည်။ ယင်းက သင်နှင့် ဓမ္မအမှုတွင်သင်တွေ့ရသူများကိုပါ ကြွယ်ဝသောကောင်းချီးများရရှိစေပါမည်။