ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၂ စာ. ၄
  • ရှိသမျှနှင့်ရောင့်ရဲပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှိသမျှနှင့်ရောင့်ရဲပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြွယ်ဝသောစည်းစိမ်သည် သင့်အတွက်ဖြစ်နိုင်!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ပစ္စည်းဥစ္စာတွေကိုမဟုတ်ဘဲ နိုင်ငံတော်ကို ဦးစားထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ငွေကြေးနှင့်ပတ်သက်၍ မျှတသောအမြင် မည်သို့ ရှိနိုင်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ရိုသေလေးစားခံရသော လင်ယောက်ျား
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၆/၀၂ စာ. ၄

ရှိသမျှနှင့်ရောင့်ရဲပါ

၁ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား မိမိတို့အိမ်ထောင်ကို ကာယရေးအရကြည့်ရှုပြုစုရန် တိုက်တွန်းသတိပေးသည်၊ သို့သော် ယင်းသည် အသက်တာတွင် ကျွန်ုပ်တို့၏အဓိကအာရုံစိုက်ရာမဖြစ်သင့်။ ဝိညာဉ်ရေးရာများကို ဦးစားထားရမည်။ (မ. ၆:၃၃; ၁ တိ. ၅:၈) သင့်လျော်သောဟန်ချက်ရရှိခြင်းသည် ဤ “ခဲယဉ်းသောကာလ” တွင် စိန်ခေါ်ချက်တစ်ခုဖြစ်၏။ (၂ တိ. ၃:၁) ထိုသို့လုပ်ဆောင်ရန် မည်သည့်အရာက အကူအညီဖြစ်စေမည်နည်း။

၂ သမ္မာကျမ်းစာ၏ရှုမြင်ပုံကိုခံယူပါ– ဘုရားသခင့်နှုတ်ကပါဌ်တော်က စည်းစိမ်ဥစ္စာနောက် တကောက်ကောက်လိုက်ခြင်းသည် ဝိညာဉ်ရေးပျက်စီးမှုဖြစ်စေနိုင်သည်ဟု ကျွန်ုပ်တို့ကိုသတိပေးသည်။ (ဒေ. ၅:၁၀; မ. ၁၃:၂၂; ၁ တိ. ၆:၉၊ ၁၀) ယင်းက ဤအရေးကြီးသည့်အချိန်တွင် ဝိညာဏလုပ်ဆောင်မှုများ—အစည်းအဝေးများ၊ လေ့လာမှုနှင့် အမှုဆောင်ခြင်း—ကို အသက်တာတွင် ဒုတိယအဆင့်ရောက်သွားစေသည့် လောကီလုပ်ငန်း သို့မဟုတ် ငွေရေးကြေးရေးကိစ္စများ၌ အလွန်အလုပ်များလာရန် ကျွန်ုပ်တို့ထဲမှမည်သူ့ကိုမဆို ဘေးသင့်စေပေမည်။ (လု. ၂၁:၃၄-၃၆) ယင်းနှင့်ဆန့်ကျင်လျက် သမ္မာကျမ်းစာက “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့” ဟုအကြံပြုသည်။—၁ တိ. ၆:၇၊ ၈။

၃ ယင်းက ခရစ်ယာန်များသည် ဆင်းဆင်းရဲရဲနေထိုင်ကြဖို့လိုသည်ဟု မဆိုလိုပါ။ သို့သော် ယင်းအကြံပြုချက်က ကာယရေးအရ ကျွန်ုပ်တို့အမှန်တကယ်လိုအပ်သည့်အရာများ—အစားအစာ၊ အဝတ်အထည်၊ ကျွန်ုပ်တို့နေထိုင်သည့်နေရာအတွက် လုံလောက်သောခိုနားရာ—ကိုခွဲခြားသိရှိရန် ကူညီပေးသည်။ ကျွန်ုပ်တို့တွင် အသက်ရှင်ရေးအတွက် လိုအပ်ရာများရရှိထားပြီဆိုလျှင် လူနေမှုအဆင့်အတန်းပိုမြင့်မားလာစေရန် အတောမသတ် ကြိုးစားခြင်းမပြုသင့်ပေ။ တစ်စုံတစ်ခုကိုဝယ်ယူရန် သို့မဟုတ် နောက်ထပ်အလုပ်တစ်ခုလုပ်ကိုင်ရန် စဉ်းစားသောအခါ ‘ဒါ တကယ်ပဲလိုအပ်သလား’ ဟူ၍ ကျွန်ုပ်တို့ကိုယ်ကိုမေးရန်လိုသည်။ ထိုသို့လုပ်ဆောင်ခြင်းက ဤမှုတ်သွင်းခံအကြံပြုချက်ကို လိုက်နာရန် အကူအညီဖြစ်စေလိမ့်မည်– “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။”—ဟေဗြဲ ၁၃:၅။

၄ ယေဟောဝါကို ယုံကြည်ကိုးစားမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုကောင်းချီးပေးမည်ဖြစ်သည်။ (သု. ၃:၅၊ ၆) နေ့စဉ်လိုအပ်ရာများရရှိရန် ကြိုးစားအလုပ်လုပ်ရမည်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် ထိုအရာများကို လွန်ကဲစွာအာရုံမစိုက်ကြပါ။ ကျွန်ုပ်တို့၌ နည်းနည်းရှိသည်ဖြစ်စေ၊ များများရှိသည်ဖြစ်စေ ကျွန်ုပ်တို့၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် ယေဟောဝါကို ကျွန်ုပ်တို့မှီခိုအားထားကြသည်။ (ဖိ. ၄:၁၁-၁၃) ရလဒ်အနေနှင့် ကျွန်ုပ်တို့သည် အခြားကောင်းချီးများစွာနှင့်အတူ ဘုရားရေးရာရောင့်ရဲမှုကို ခံစားကြရသည်။

၅ အခြားသူတို့၏ယုံကြည်ခြင်းကိုတုပပါ– သမ္မာတရားလမ်းစဉ်တွင် မိမိ၏သမီးကို မွေးမြူပျိုးထောင်ပေးနေသော ကြင်ဖော်မဲ့မိဘတစ်ဦးသည် သူ၏အသက်တာကို အဆင့်ဆင့်ရိုးရှင်းစေခဲ့သည်။ မိမိ၏အိမ်တွင် သက်သောင့်သက်သာနေခဲ့ရသော်လည်း သူသည် အိမ်ငယ်ကလေးတစ်လုံးနှင့် နောက်ပိုင်းတွင် တိုက်ခန်းတစ်ခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုသို့ပြုခြင်းက ဓမ္မအမှုတွင် အချိန်ပိုပေးနိုင်ရန် သူ၏အလုပ်ချိန်များကို လျှော့ချနိုင်စေခဲ့သည်။ သမီးအရွယ်ရောက်၍ အိမ်ထောင်ကျပြီးနောက် ထိုမိခင်သည် မိမိ၏ဝင်ငွေကို ထပ်လျှော့ချရာရောက်သည့်တိုင် စောစောအငြိမ်းစားယူခဲ့သည်။ ယခု ကျွန်ုပ်တို့၏ညီအစ်မသည် မှန်မှန်ရှေ့ဆောင်တစ်ဦးအနေနှင့် ခုနစ်နှစ်ရှိပြီဖြစ်ကာ သူ၏အသက်တာတွင် နိုင်ငံတော်အကျိုးစီးပွားကိုရှေးဦးထားရန် ပြုလုပ်ခဲ့သည့် ရုပ်ပစ္စည်းစွန့်လွှတ်မှုများနှင့်ပတ်သက်၍ ဝမ်းနည်းခြင်းမရှိပေ။

၆ အကြီးအကဲတစ်ဦးနှင့် သူ၏ဇနီးသည် ကလေးသုံးယောက်ကိုကျွေးမွေးပြုစုရင်း နှစ်ပေါင်းများစွာ ရှေ့ဆောင်လုပ်ခဲ့ကြသည်။ မိသားစုတစ်စုအနေနှင့် သူတို့သည် မိမိတို့အလိုရှိရာများ ကို ဖြည့်ဆည်းမည့်အစား မိမိတို့လိုအပ်ရာများ ကို ဖြည့်ဆည်းခြင်းဖြင့် ရောင့်ရဲတတ်ရန် သင်ယူခဲ့ကြသည်။ ထိုညီအစ်ကိုက ဤသို့ပြောသည်– “ပိုပြီရိုးရိုးကလေး နေထိုင်ခဲ့ကြတယ်။ အခက်အခဲပေါ်တဲ့အချိန်တွေရှိပေမဲ့လည်း ကျွန်တော်တို့လိုအပ်တာတွေကို ယေဟောဝါအမြဲပေးခဲ့တယ်။ . . . ဒီလို ကျွန်တော့်မိသားစု ဝိညာဉ်ရေးကိုဦးစားထားတာတွေ့ရတော့ အရာရာတိုင်း ဒီအတိုင်းပဲဖြစ်သင့်တယ်လို့ ခံယူပြီး အောင်မြင်ပြီးမြောက်တယ်လို့လည်း ခံစားရပါတယ်။” သူ၏ဇနီးက ဤသို့ထပ်ဆင့်သည်– “[ကျွန်မခင်ပွန်း] ဟာ ဝိညာဉ်ရေးရာတွေနဲ့ အလုပ်များနေတာတွေ့ရတော့ စိတ်ထဲမှာ အားရကျေနပ်မှုခံစားရတယ်။” သားသမီးများလည်း မိမိတို့၏မိဘများ ယေဟောဝါ၏အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်ကို ဝမ်းသာကြသည်။

၇ ရုပ်ပစ္စည်းနောက် တကောက်ကောက်လိုက်မည့်အစား အဆိုပါဘုရားဝတ်၌မွေ့လျော်ခြင်းလမ်းစဉ်ကို ရွေးချယ်သူအားလုံးအတွက် သမ္မာကျမ်းစာက ယခုနှင့် လာမည့်အသက်တာနှစ်ခုစလုံးတွင် ကြွယ်ဝသောကောင်းချီးများရမည်ဟု ကတိပြုထားသည်။—၁ တိ. ၄:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ