ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၀၂ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • အောက်တိုဘာ ၁၄ တွင်စမည့်အပတ်
  • အောက်တိုဘာ ၂၁ တွင်စမည့်အပတ်
  • အောက်တိုဘာ ၂၈ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၄ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၁၀/၀၂ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

အောက်တိုဘာ ၁၄ တွင်စမည့်အပတ်

သီချင်း ၂၀၆

၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၄၀ မိ– စက်တင်ဘာ ၁ နှင့် ၁၅၊ ၂၀၀၂၊ လေ့လာရန်ဘရိုရှာ (စာမျက်နှာ ၂၅-၂၈) ပါ “ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်၏” ဟူသောဆောင်းပါးကို မေးဖြေဆွေးနွေးရန်။ အပိုဒ်များကိုဖတ်ပြီး ပုံနှိပ်ထားသည့်မေးခွန်းများကို မေးပါ။

သီချင်း ၁၉၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၂၁ တွင်စမည့်အပတ်

သီချင်း ၁၀၃

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသော ကြေညာချက်များ။ အောက်တိုဘာ ၂၈ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင် ဆွေးနွေးရန်အတွက်ပြင်ဆင်ရာ၌ တောလည်ရာ အခန်းကြီး ၂၅ နှင့် ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၄၁၉၊ အပိုဒ် ၃-၅ [လိပ်] ကိုဖတ်ပြီးမှ ကျွန်ုပ်တို့ခေတ်အတွက် သတိပေးပုံနမူနာများ ဗီဒီယိုခွေကိုကြည့်ရန် အားလုံးကိုတိုက်တွန်းပါ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ အောက်တိုဘာ ၁၅ ကင်းမျှော်စင် နှင့် အောက်တိုဘာ ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် “ခင်ဗျားတို့အလုပ်ကို ကျုပ်ကောင်းကောင်းသိပြီးသား” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူကိုတုံ့ပြန်ရန် တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၂၀ ရှု။

၁၅ မိ– “ဟေရှာယပရောဖက်ပြုချက်ကို လေ့လာရန်အသင့်ရှိပါ!” မေးဖြေဆွေးနွေးရန်။

၂၀ မိ– “အသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးများ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြကြပုံ။” အသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးတစ်ဦး မေးဖြေဆွေးနွေးရန်။ အဖွင့်နိဒါန်းတွင် စာအုပ်ကြီးသင်တန်းအစီအစဉ်စတင်ခဲ့ပုံကို အကျဉ်းချုံးရှင်းပြပါ။ (jv ၂၃၇၊ အပိုဒ် ၄ [လိပ်]) အသင်းတော်စာအုပ်ကြီးသင်တန်းအားဖြင့် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခံရခြင်းမှ အကျိုးကျေးဇူးခံစားခဲ့ရပုံကို မှတ်ချက်ပေးရန် ကြေညာသူနှစ်ဦးသုံးဦးကို ကြိုတင်စီစဉ်ပါ။

သီချင်း ၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၂၈ တွင်စမည့်အပတ်

သီချင်း ၁၁၀

၈ မိ– ဒေသကြေညာချက်များ။ နောက်အပတ်လုပ်ငန်းတော်စည်းဝေးတွင် ဆွေးနွေးရန်အတွက်ပြင်ဆင်ရာ၌ လွန်ခဲ့သည့်အထူးစည်းဝေးပွဲနေ့အစီအစဉ်မှ သူတို့၏မှတ်စုများကို ပြန်သုံးသပ်ကြရန် အားလုံးကိုတိုက်တွန်းပါ။ အောက်တိုဘာလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ နိုဝင်ဘာ ၁ ကင်းမျှော်စင် အတွက်တင်ဆက်ပုံကို ညီအစ်မတစ်ဦးအား သရုပ်ပြစေကာ နိုဝင်ဘာ ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို ညီအစ်ကိုတစ်ဦးအား ပြစေပါ။ သရုပ်ပြတစ်ခုစီပြီးနောက် တင်ဆက်မှု၏ထိရောက်သောကဏ္ဍတစ်ခုကို အကျဉ်းချုံးပေါ်လွင်စေပါ။

၁၂ မိ– ဒေသခံတွေ့ ကြုံမှုများ။ အလုပ်ခွင်တွင်၊ ကျောင်းတွင်၊ ဈေးဝယ်သည့်အခါ  အစရှိသည်တို့တွင် အလွတ်သဘောသက်သေခံခြင်းဖြင့် သူတို့ရရှိခဲ့သည့် တွေ့ကြုံမှုများကိုပြောပြကြရန် အသင်းတော်ကိုဖိတ်ခေါ်ပါ။ (သို့မဟုတ် ဖြစ်နိုင်လျှင် ၂၀၀၂ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် မှ အလားတူတွေ့ ကြုံမှုများကို သုံးသပ်ပါ။)

၂၅ မိ– “ကျွန်ုပ်တို့ခေတ်အတွက် သတိပေးပုံနမူနာများ ကိုဂရုပြုရန် လှိုက်လှဲသောမေတ္တာရပ်ခံချက်။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ ဆောင်းပါးတွင်ဖော်ပြထားသည့် မေးခွန်းတစ်ခုစီကို ပရိသတ်နှင့်ဆက်ဆွေးနွေးပါ။ ဒီဇင်ဘာလတွင် သွေးအလိုမရှိ—စိန်ခေါ်ချက်ကို ဆေးဝါးရင်ဆိုင်ခြင်း ဗီဒီယိုခွေကို သုံးသပ်ပါမည်။ ဗီဒီယိုခွေမရနိုင်လျှင် ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၅၆-၆၂ ပါ “ကြားနေခြင်း” သို့မဟုတ် ဒေသလိုအပ်ရာများကို သုံးသပ်ပါ။

သီချင်း ၄၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၄ တွင်စမည့်အပတ်

သီချင်း ၆၆

၁၀ မိ– ဒေသကြေညာချက်များ။ တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်တင်ဆက်မှုအတွက် ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှ အကြံပြုချက်အနည်းငယ်ကို အကျဉ်းချုံးသုံးသပ်ပါ။ တင်ဆက်မှုများအနက် တစ်ခုကိုသရုပ်ပြပါ။

၁၃ မိ– သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်းမရှိ။ (ရော. ၁:၁၆) လူငယ်သည် ပြဿနာတစ်ခုဖြင့် ဖခင်ထံချဉ်းကပ်သည်။ လူငယ်သည် ရွယ်တူချင်းတို့၏ ပြက်ရယ်ပြုခံရမည်စိုး၍ မိမိသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်းဖော်ပြရန် ဝန်လေးနေသည်။ ဖခင်သည် ကိစ္စရပ်နှင့်ပတ်သက်၍ ရိုးသားမှုအတွက် လူငယ်ကိုကျေးဇူးတင်သည်။ တစ်ခါက ရွယ်တူချင်းဖိအားကြောင့် ပေတရုတုံ့ပြန်ခဲ့ပုံကို ပြောပြသည်။ (မ. ၂၆:၆၉-၇၄) ဖခင်သည် အောက်ပါအတိုင်း အကြံပြုသည်– ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ခြင်းကြောင့် ဘယ်သောအခါမျှ မရှက်ကြောက်သင့်ပေ။ (မာ. ၈:၃၈) ကျောင်းတွင် သင့်ကိုယ်ကို သက်သေခံတစ်ဦးဖြစ်ကြောင်း ဖော်ပြခြင်းသည် အကျိုးရှိသည်။ ဆရာဆရာမများကို အသိပေးထားသည့်အခါ သူတို့သည် သင့်ယုံကြည်ချက်ကိုလေးစားကာ သင်ကန့်ကွက်စရာရှိသည့် လုပ်ဆောင်မှုများတွင် ပါဝင်စေရန် ကြိုးစားကြမည်မဟုတ်။ ကျင့်ဝတ်မူမဲ့သောလူငယ်များသည် အကျင့်ပျက်ရန် သင့်ကိုဖိအားပေးဖို့ ကြိုးစားကြမည်မဟုတ်ပေ။ ချိန်းတွေ့ ခြင်း၊ ကျောင်းပြင်ပအားကစားများတွင်ပါဝင်ခြင်း သို့မဟုတ် ကျောင်းလွှတ်ပြီးလှုပ်ရှားမှုများတွင်ပါဝင်ခြင်းတို့ကို သင်အဘယ်ကြောင့်မပြုကြောင်း အခြားအတန်းဖော်များ ပို၍လွယ်ကူစွာသဘောပေါက်မည်ဖြစ်သည်။ အချိန်ရသရွေ့ ဖခင်နှင့် လူငယ်သည် လူငယ်များအမေး စာအုပ်၊ စာမျက်နှာ ၃၁၅-၁၈ ပါ “ဘုရားသခင်နှင့်မိမိမိတ်ဖြစ်ခြင်းကို လူသိရှင်ကြားကြေညာခြင်း” ခေါင်းစဉ်ငယ်မှအချက်များကို ဆွေးနွေးကြသည်။ ဆယ်ကျော်သက်လူငယ်သည် အကြံပြုချက်ကောင်းအတွက် ကျေးဇူးတင်ကြောင်းပြောသည်။

၂၂ မိ– ဘုရားသခင်ထံလက်အောက်ခံလော့—မာရ်နတ်ကိုဆန့်ကျင်လော့။ (ယာ. ၄:၇၊ ကဘ) ဤတွင်ပေးထားသည့်မေးခွန်းများကို အသုံးပြု၍ အကြီးအကဲတစ်ဦးသည် လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်အတွင်း ကျင်းပခဲ့သောအထူးစည်းဝေးပွဲနေ့အစီအစဉ်ကို ပရိသတ်နှင့် တက်ကြွစွာဆွေးနွေးရန်။ သူတို့သိရှိခဲ့ရာများကို မည်သို့ကျင့်သုံးနိုင်ခဲ့ကြောင်း ပြောပြရန် အသင်းတော်အား ဖိတ်ခေါ်ပါ။ (အပိုင်းများကို ကြိုတင်တာဝန်ပေးနိုင်သည်။) အောက်ပါအစီအစဉ်ပိုင်းများကို ပေါ်လွင်စေပါ– (၁) “ကျွန်ခံနေရသောလောကတွင် ဘုရားသခင်အားလက်အောက်ခံခြင်း။” ကျွန်ုပ်တို့သည် လောကကျော့ကွင်းများကိုရှောင်ရန် အဘယ်ကြောင့်နိုးကြားရမည်နည်း။ (၂) “မိသားစုဝင်များအနေနှင့် ဘုရားရေးရာလက်အောက်ခံခြင်းကို တင်ပြခြင်း။” ယေဟောဝါ၏အဖွဲ့အစည်းအတွင်းတွင် မိသားစုနှောင်ကြိုးများခိုင်မြဲရန် အဘယ်ကြောင့် အရေးတကြီးလိုအပ်သနည်း။ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။ (၃) “ယေဟောဝါဘက် အခိုင်အမာရပ်တည်ရန် တပည့်သစ်များကို ကူညီပေးလော့။” လူသစ်များ၏ယုံကြည်ခြင်းကို စမ်းသပ်မှုဖြစ်စေသည့် အတားအဆီးများအား ကျော်လွှားရန် သူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။ (၄) “မာရ်နတ်ကိုဆန့်ကျင်ခြင်း၏ အဓိပ္ပာယ်။” မာရ်နတ်အား အောင်မြင်စွာဆန့်ကျင်တိုက်လှန်ရန် သော့ချက်ကားအဘယ်နည်း။ ဧဖက် ၆:၁၁-၁၈ တွင်ဖော်ပြထားသည့် ဝိညာဏလက်နက်စုံက ကျွန်ုပ်တို့ကို မည်သို့ကာကွယ်ပေးနိုင်သနည်း။ (က၉၂ ၅/၁၅ ၂၁-၃) (၅) “မာရ်နတ်အား အောင်မြင်စွာတွန်းလှန်သည့် လူငယ်များ” နှင့် “ဘုရားရေးရာလက်အောက်ခံခြင်းမှ အကျိုးခံစားရသည့်လူငယ်များ။” လူငယ်များသတိပြုရမည့် စာတန့်နည်းပရိယာယ်အချို့ကား အဘယ်နည်း။ ယေဟောဝါကိုလက်အောက်ခံခြင်းဖြင့် လူငယ်များ မည်သို့ အကျိုးကျေးဇူးခံစားခဲ့ရသနည်း။ (သစတ အပိုင်း ၂၊ စ. ၇၄၊ အပိုဒ် ၁၅-၁၇) (၆) “ဘုရားရေးရာလက်အောက်ခံခြင်းမှ အကျိုးရရှိခြင်း။” ခရစ်ယာန်များသည် လောကအာဏာပိုင်များကို၊ လောကအလုပ်ရှင်များကို၊ မိသားစုအသိုင်းအဝိုင်းတွင်နှင့် ခရစ်ယာန်အသင်းတော်တွင် လက်အောက်ခံမှုပြနိုင်ပုံကို ရှင်းပြပါ။ ထိုသို့လုပ်ဆောင်ရန် အဘယ်အရည်အသွေးများက ကူညီပေးမည်နည်း။

သီချင်း ၁၈၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ