ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၂ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • နိုဝင်ဘာ ၁၁ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၁၈ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၂၅ တွင်စမည့်အပတ်
  • ဒီဇင်ဘာ ၂ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၁၁/၀၂ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

နိုဝင်ဘာ ၁၁ တွင်စမည့်အပတ်

သီချင်း ၁၈၃

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် နှင့် နိုဝင်ဘာ ၂၂ နိုးလော့! အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုတွင် ကျွန်ုပ်တို့၏ကမ္ဘာချီလုပ်ငန်းကို မည်သို့ငွေကြေးထောက်ပံ့ကြောင်း ရှင်းပြပါ။—ကင်းမျှော်စင်၊ စာမျက်နှာ ၂ သို့မဟုတ် နိုးလော့! စာမျက်နှာ ၅ ကိုရှု။

၁၅ မိ– စစ်မှန်သောဝတ်ပြုရေးကိုထောက်ပံ့သူများ—ယခင်ကနှင့် ယခု။ နိုဝင်ဘာ ၁၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၃၀ ကိုအခြေပြု၍ဟောရန်။

၂၀ မိ– “သင့်အသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးကို ကူညီပါ။”aအသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးဖြစ်သည့် အကြီးအကဲတစ်ဦးကိုင်ရန်။ အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၇၀ မှမှတ်ချက်များ ပါဝင်စေပါ။ စာအုပ်ကြီးသင်တန်းအစီအစဉ်ကို သူတို့ထောက်ခံကြသည့် သတ်သတ်မှတ်မှတ်နည်းများအတွက် အသင်းတော်ကိုချီးမွမ်းပါ၊ တိုးတက်ရန်လိုအပ်သည့် မည်သည့်ကဏ္ဍကိုမဆို ကြင်နာစွာအာရုံစိုက်စေပါ။

သီချင်း ၁၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၁၈ တွင်စမည့်အပတ်

သီချင်း ၇၈

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ နိုဝင်ဘာ ၂၉ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ဖော်ပြပါ။ “ဖတ်၍အလွန်ကောင်းသည့်အရာ!” လေးထောင့်ကွက်ကို ဆွေးနွေးပါ။

၁၀ မိ– မေးခွန်းသေတ္တာ။ အရည်အချင်းရှိအကြီးအကဲတစ်ဦးဟောရန်။

၂၅ မိ– “မိသားစုတို့—ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုကို ထိန်းသိမ်းပါ။” အပိုဒ် ၁-၃ ကိုအခြေပြု၍ တိုတုတ်စွာနိဒါန်းပျိုးဟောပြောပြီးနောက် အပိုဒ် ၄-၁၃ ကို ပရိသတ်နှင့်ဆွေးနွေးပါ။ အချိန်ရသရွေ့ အပိုဒ် ၇၊ ၈၊ ၁၁ နှင့် ၁၂ ကိုဖတ်ပါ။ မိဘတစ်ဦးနှစ်ဦးကိုမေးမြန်းသည့် လူတွေ့မေးမြန်းခန်းတစ်ခု ပါဝင်စေပါ။ စည်းစနစ်ကျသောဝိညာဉ်ရေးလုပ်ဆောင်မှု လုပ်ရိုးလုပ်စဉ်တစ်ခုရှိရန် သူတို့၏မိသားစုကို မည်သည့်အရာက ကူညီပေးခဲ့သနည်း။ ယင်းတွင် အဘယ်ကြိုးစားအားထုတ်မှု ပါဝင်ခဲ့သနည်း။ သူတို့ မည်သို့အကျိုးခံစားခဲ့ရသနည်း။ အပိုဒ် ၁၄ ကိုအခြေပြု၍ တိုတုတ်သည့်မှတ်ချက်များဖြင့် နိဂုံးချုပ်ပါ။

သီချင်း ၃၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၅ တွင်စမည့်အပတ်

သီချင်း ၁၆

၁၀ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းတွင် အတူလုပ်ဆောင်နေသော ဇနီးမောင်နှံတစ်စုံသည် ဒီဇင်ဘာ ၁ ရက်နှင့် ဒီဇင်ဘာ ၈ ရက်မဂ္ဂဇင်းများကိုဝေငှရန် စာမျက်နှာ ၈ ပါအကြံပြုချက်များအား မည်သို့အသုံးပြုကြောင်း သရုပ်ပြကြသည်။ ယောက်ျားဖြစ်သူက ကင်းမျှော်စင် ကိုဝေငှပြီး ဇနီးသည်က နိုးလော့! ကိုဝေငှသည်။

၁၅ မိ– “ယေရှုနှင့်ပတ်သက်သောသမ္မာတရားကို သိရှိစေပါ။”b ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၂၇၈ မှမှတ်ချက်များပါဝင်စေပါ။ “အရေးကြီးဆုံးအရာအတွက် အသင့်ပြင်ဆင်ပေးသည့်ကျောင်း” ဟူသည့်အပိုင်းအတွက် နောက်အပတ်လုပ်ငန်းတော်စည်းဝေးတွင် ကျောင်းသုံးစာအုပ်ကိုယူလာကြရန် အားလုံးကိုတိုက်တွန်းပါ။

၂၀ မိ– “‘ဖတဆိုးများ’ ကိုမေတ္တာပါသောစိတ်ဝင်စားမှုပြပါ။” အပိုဒ် ၁ နှင့် ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၁၊ စာမျက်နှာ ၈၁၆ [လိပ်] ကိုအခြေပြုကာ ဖတဆိုးလေးများအပေါ် ယေဟောဝါ၏ရှုမြင်ပုံနှင့်စပ်လျဉ်း၍ သုံးမိနစ်ဟောပြောချက်ဖြင့် အစပြုပါ။ မေးခွန်းနှင့် အဖြေများကိုအသုံးပြု၍ ဆောင်းပါး၏ကျန်အပိုင်းများကို သုံးသပ်ပါ။ အခြားသူများက အကူအညီနှင့် အားပေးမှုပေးနိုင်သည့် လက်တွေ့ကျနည်းလမ်းများကို ပေါ်လွင်စေပါ။ အပိုဒ် ၃-၄ ကိုဆွေးနွေးသည့်အခါ အောက်တိုဘာ ၈၊ ၁၉၉၅၊ နိုးလော့!၊ စာမျက်နှာ ၈-၉ [လိပ်] မှတိုတုတ်သည့်မှတ်ချက်များပါဝင်စေပါ။

သီချင်း ၁၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၂ တွင်စမည့်အပတ်

သီချင်း ၂၁၃

၈ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကိုနှိုးဆော်ပါ။ အကြီးမြတ်ဆုံးလူသား စာအုပ်ကိုဝေငှသည့်အခါ အသုံးပြုနိုင်သည့် တင်ဆက်မှုတစ်ခုကို အကျဉ်းချုံးပြန်သုံးသပ်ပါ။—ဇွန် ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ ကိုရှု။

၁၂ မိ– ဒေသလိုအပ်ရာများ။

၂၅ မိ– “အရေးကြီးဆုံးအရာအတွက် အသင့်ပြင်ဆင်ပေးသည့်ကျောင်း။” ကျောင်းကြီးကြပ်မှူးက ပရိသတ်နှင့်ဆွေးနွေးရန်။ ဇန်နဝါရီလတွင်စတင်မည့် ကျောင်းအစီအစဉ်သစ်အတွက် အားတက်သရောရှိမှုကို တိုးပွားစေပါ။ နိုဝင်ဘာ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်တွင်ပါသည့် “၂၀၀၃ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်” ၏ထူးခြားချက်များကို အာရုံစိုက်စေပါ။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၂၈၂ တွင်ဖော်ပြထားသည့်အတိုင်း ကျောင်းတွင်ပါဝင်ရန် သတ်မှတ်ချက်များကို ဖော်ပြကာ ထိုသို့မလုပ်ဆောင်ရသေးသူများအား အရည်အချင်းပြည့်မီလျှင် စာရင်းသွင်းကြရန်အားပေးပါ။

သီချင်း ၁၂၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ