ဖတ်၍အလွန်ကောင်းသည့်အရာ!
ယခင်ကင်းမျှော်စင်ဆောင်းပါးများ၏ အောက်ပါခေါင်းစဉ်များသည် ဖတ်၍အလွန်ကောင်းသည့်အရာများဖြစ်ပုံရသည်ဟု သင်သဘောတူမည်မဟုတ်ပေလော။
“ဘုရားသခင်သည် မိမိလူတို့ကို သိကျွမ်းကာ ကာကွယ်တော်မူသည်”
“လျှာကိုထိန်းရာ၌ တိုးတက်စေပါ”
“ခရစ်ယာန်ဘာသာသည် မြေအောက်လုပ်ငန်းဖြစ်သွားသောအခါ”
“အိမ်ရှင်များအား ထိရောက်စွာဟောပြောခြင်း”
“သင်ကယ်တင်ခြင်းခံရပြီလော ဟူသည့်မေးခွန်းကိုဖြေဆိုခြင်း”
ဤဆောင်းပါးများနှင့် အခြားဆောင်းပါးများစွာကို ၁၉၅၁ နှင့် ၁၉၅၂ ခုနှစ်အတွင်းရှိ ကင်းမျှော်စင် တွင်ဖော်ပြထားသည်။ ၎င်းတို့သည် ယခု ကျွန်ုပ်တို့ကိုအကျိုးပြုဖို့ ခေတ်ကုန်သွားပြီလော။ ဝေးလေစွ! ၁၉၅၁ နှင့် ၁၉၅၂ ခုနှစ်အတွက် အင်္ဂလိပ် ကင်းမျှော်စင် နှစ်ချုပ်စာအုပ်တွဲများကို ရရှိနိုင်ပါသေးသည်။ (၁၉၅၃ မှ ၁၉၅၉ ခုနှစ်အထိ အင်္ဂလိပ်နှစ်ချုပ်စာအုပ်တွဲအချို့ကိုလည်း ရရှိနိုင်သည်။) ၎င်းကင်းမျှော်စင်နှစ်ချုပ်စာအုပ်တွဲများကို ရလိုသောကြေညာသူတိုင်းသည် အသင်းတော်စာအုပ်စာတမ်းအမှုထမ်းမှတစ်ဆင့် ယခု တောင်းခံနိုင်ပါသည်။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူးသည် နိုင်ငံတော်ခန်းမစာကြည့်တိုက်တွင် မည်သည့်နှစ်ချုပ်စာအုပ်တွဲများလိုနေသည်ကို စစ်ဆေးကာ လိုအပ်ရာများကို မှာယူသင့်သည်။