အရေးကြီးဆုံးအရာအတွက် အသင့်ပြင်ဆင်ပေးသည့်ကျောင်း
၁ လူတို့သည် မိမိတို့၏ဘဝပန်းတိုင်များသို့ရောက်ရှိရန် အကူအညီဖြစ်စေမည့် သွန်သင်ချက်ရရှိဖို့ ကျောင်းတက်ကြသည်။ သို့သော် အသက်ပေးရှင်ကိုချီးမွမ်းခြင်း၊ ကိုယ်တော့်ရည်ရွယ်ချက်များနှင့် နည်းလမ်းတော်များသင်ယူရာတွင် အခြားသူများအားကူညီခြင်းထက် ပိုအရေးကြီးသည့်ပန်းတိုင် ရှိနိုင်ဦးမည်လော။ မရှိနိုင်ပါ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၏ ရည်ရွယ်ချက်မှာ အခြားသူတို့အား ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သွန်သင်ရန်ပြင်ဆင်ပေးဖို့ဖြစ်သည်။ ထို့ကြောင့် ထိုကျောင်းကို အပတ်စဉ်တက်ရောက်သည့်အခါ ကျွန်ုပ်တို့သည် ဘဝ၏အရေးအကြီးဆုံး လုပ်ဆောင်မှုများအတွက် အသင့်ပြင်ဆင်ပေးသည့်စွမ်းရည်များကို ရရှိနေကြသည်။
၂ “၂၀၀၃ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်” ကို ယခုလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဖော်ပြထားသည်။ အစီအစဉ်စာရွက်တွင် ကျောင်းကို မည်သို့ကျင်းပရမည်နှင့်စပ်လျဉ်း၍ အသေးစိတ်ပါရှိသည်။ သင်၏ သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ စာအုပ်ထဲတွင် အစီအစဉ်စာရွက်ကိုသိမ်းထားခြင်းသည် လက်တွေ့ကျကြောင်း တွေ့ရပေမည်၊ ၎င်းစာအုပ်ကို သီအိုကရက်တစ်ဓမ္မအမှုကျောင်းသို့ အပတ်တိုင်းယူလာသင့်သည်။ ၂၀၀၃ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၏ ကဏ္ဍအချို့ကို သုံးသပ်ပါ။
၃ စကားပြောအရည်အသွေး– ဇန်နဝါရီလတွင်စတင်မည့် ကျောင်းအစီအစဉ်တစ်ခုစီကို စကားပြောအရည်အသွေးတစ်ခု သို့မဟုတ် ဖတ်ရှုခြင်း၊ လေ့လာခြင်း၊ သွန်သင်ခြင်းကဏ္ဍတစ်ခုနှင့်စပ်လျဉ်းသည့် ငါးမိနစ်ဟောပြောချက်ဖြင့် အစပြုမည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ဤအဖွင့်ဆွေးနွေးခန်းများကို တင်ဆက်မည်ဖြစ်သည် သို့မဟုတ် ဤဟောပြောချက်ကိုဟောရန် အခြားအရည်အချင်းရှိအကြီးအကဲတစ်ဦးကို တာဝန်ပေးနိုင်သည်။ ဟောပြောသူသည် စကားပြောအရည်အသွေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အရေးကြီးမှုကို ဆွေးနွေးပေမည်။ ထို့နောက် သူသည် ကျမ်းဆိုင်ရာနမူနာများကိုဆွေးနွေးခြင်း၊ ၎င်းအရည်အသွေးအား လက်တွေ့အသုံးချပုံကိုပြသခြင်း၊ ထိုသို့လုပ်ဆောင်ခြင်းက ကျွန်ုပ်တို့၏လယ်ကွင်းဓမ္မအမှုကို တိုးတက်စေနိုင်ပုံအပေါ် အထူးအာရုံစိုက်စေခြင်းဖြင့် အကြောင်းအရာကို အကျယ်တဝင့်တင်ပြသင့်သည်။
၄ တာဝန်နံပါတ် ၁– သွန်သင်ခြင်းဟောပြောချက်ပေးရန် တာဝန်ရသောညီအစ်ကိုများသည် “ဆွေးနွေးဖော်ပြသည့်အချက်အလက်၏ လက်တွေ့ကျတန်ဖိုး ကို အာရုံစူးစိုက်” ရန် ထပ်မံအကြံပြုခံရကြသည်။ ဆိုလိုသည်မှာ အကြောင်းအရာကို မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း အသင်းတော်အား တင်ပြရန်ဖြစ်သည်။ သင်သည် ဤတာဝန်ကိုရလျှင် ပြင်ဆင်ပုံနှင့်စပ်လျဉ်းသည့် အကြံပြုချက်များအတွက် ဓမ္မအမှုကျောင်း သုံးစာအုပ်၏ စာမျက်နှာ ၄၈-၉ ကိုသုံးသပ်ကာ စာအုပ်အညွှန်းတွင်ဖော်ပြထားသော “လက်တွေ့ကျသက်ဆိုင်ပုံတင်ပြခြင်း” အောက်ရှိ ရည်ညွှန်းချက်များကို လေ့လာပါ။
၅ ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်– သင်သည် ယခင်က ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို အမီမလိုက်နိုင်ခဲ့လျှင် ဤနှစ်တွင် အစီအစဉ်ကို အမီလိုက်ရန် သန္နိဋ္ဌာန်ချပါလေ။ ထိုသို့လုပ်ဆောင်သူများသည် နှစ်အကုန်တွင် ခရစ်ယာန်ဂရိကျမ်းစောင်များကို ဖတ်ပြီးမည်ဖြစ်သည်။ ခရစ်ယာန်ဂရိကျမ်းစောင်များဖြင့် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို အစပြုသူများ၏ အကျိုးကျေးဇူးများကို ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၁၀၊ အပိုဒ် ၄ တွင်သုံးသပ်ထားသည်။
၆ ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ– ဤအပိုင်းကို ၁၀ မိနစ်အထိ တိုးပေးထားသည်၊ အကြောင်းမှာ ပရိသတ်က ထိုအပတ်အတွက် ဖတ်ရှုရန်ပေးထားသည့်အခန်းများနှင့်စပ်လျဉ်း၍ မှတ်ချက်များပေးနိုင်ရန်ဖြစ်သည်။ တာဝန်ရရှိသူများသည် သတ်မှတ်ထားသည့်အချိန်ကို လိုက်နာသင့်သည်။ ယင်းကို နှုတ်ဖြေပြန်လည်မေးမြန်းသည့်အပတ်အပါအဝင် အပတ်တိုင်း တင်ဆက်မည်ဖြစ်သည်။ တာဝန်ပေးထားသည့်အခန်းများကိုဖတ်သည့်အခါ သင့်မိသားစုသင်အံမှုတွင်၊ သင့်ဓမ္မအမှုတွင် သို့မဟုတ် သင့်အသက်တာလမ်းစဉ်တွင် သင့်အားအကျိုးပြုမည့်အချက်များကို ရှာဖွေပါ။ လူမျိုး၊ တိုင်းနိုင်ငံများနှင့် ယေဟောဝါဆက်ဆံရာ၌ ကိုယ်တော်၏ အဘယ်အရည်အသွေးများ ပေါ်လွင်သနည်း။ အဘယ်အရာက သင်၏ယုံကြည်ခြင်းကို ခိုင်ခံ့စေကာ ယေဟောဝါအပေါ် ကျေးဇူးတင်လေးမြတ်မှုတိုးပွားစေခဲ့ကြောင်း သင်သိခဲ့ရသနည်း။ တာဝန်နံပါတ် ၂ တွင်ဖတ်ရှုမည့် အခန်းငယ်များအပါအဝင် တာဝန်ပေးထားသည့်အခန်းများတွင်ပါသော မည်သည့်အချက်ကိုမဆို လွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်၊ အကြောင်းမှာ ဖတ်ရှုခြင်းတာဝန်ရသည့်ညီအစ်ကိုသည် အခန်းငယ်များနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးမည်မဟုတ်သောကြောင့်တည်း။
၇ တာဝန်နံပါတ် ၂– အပတ်စဉ်ပထမကျောင်းသားတာဝန်သည် လူထုရှေ့ဖတ်ရှုခြင်းဖြစ်ပါမည်။ တစ်လစီအတွက် နောက်ဆုံးအပတ်ဖတ်ရှုခြင်းမှလွဲ၍ အားလုံးကို ထိုအပတ်ကျမ်းစာဖတ်ရှုခြင်းမှ ယူထားသည်။ လ၏နောက်ဆုံးအပတ်ဖတ်ရှုခြင်းကို ကင်းမျှော်စင် မှထုတ်နုတ်ထားမည်။ ကျောင်းသားသည် နိဒါန်း သို့မဟုတ် နိဂုံးမပါဘဲ တာဝန်ပေးထားသည့်အကြောင်းအရာကို ဖတ်ပြရမည်။ ဤသို့အားဖြင့် သူသည် မိမိ၏စာဖတ်စွမ်းရည်အပေါ် အဓိကအာရုံစိုက်နိုင်မည်ဖြစ်သည်။—၁ တိ. ၄:၁၃။
၈ တာဝန်နံပါတ် ၃ နှင့် နံပါတ် ၄– ဤတာဝန်အချို့သည် အခြားအရာများထက် ကျိုးကြောင်းဆင်ခြင် စာအုပ်မှ ပင်ရင်းအကြောင်းအရာပိုများသည်; အချို့သည် အဓိကအကြောင်းတစ်ခုသာဖြစ်သည်။ ပင်ရင်းအကြောင်းအရာအကန့်အသတ်ဖြင့် သို့မဟုတ် အဓိကအကြောင်းတစ်ခုမျှသာ တာဝန်ရရှိသူများသည် ကျွန်ုပ်တို့၏ခရစ်ယာန်စာပေများတွင် သုတေသနပြုခြင်းအားဖြင့် မိမိတို့၏တင်ဆက်မှုများကို အဆင့်ဆင့်ဖော်ပြရန် အခွင့်အရေးရကြပါမည်။ ယင်းက မိမိတို့၏အကူများနှင့်လိုက်လျောညီထွေဖြစ်ရန် မိမိတို့၏မှတ်ချက်များကို ပြုပြင်ပြောင်းလဲဖို့ ညီအစ်မများအတွက် သာ၍လွယ်ကူစေပေမည်။
၉ ဇာတ်အိမ်များ– ဓမ္မအမှုကျောင်း စာအုပ်၏ စာမျက်နှာ ၄၅ တွင်ဖော်ပြထားသည့်အတိုင်း ကျောင်းကြီးကြပ်မှူးသည် ဇာတ်အိမ်တစ်ခုကို သတ်မှတ်ပေးနိုင်သည်။ သတ်မှတ်မပေးပါက ညီအစ်မများသည် စာမျက်နှာ ၈၂ ရှိစာရင်းမှ ဇာတ်အိမ်တစ်ခုကိုရွေးနိုင်သည်။ ညီအစ်မတစ်ဦးသည် နှစ်လတစ်ကြိမ်တာဝန်ကျပါက ဇာတ်အိမ် ၃၀ သည် ငါးနှစ်တာအတွက် လုံလောက်ပါမည်။ “သင့်ဒေသနှင့်ဆီလျော်သောအခြားဇာတ်အိမ်များ” ဟူသည့် နံပါတ် ၃၀ ကိုရွေးချယ်သော ညီအစ်မများသည် မိမိတို့၏တာဝန်ခန့်အပ်ချက်စာရွက် (S-89) ၏အောက်ခြေတွင် သို့မဟုတ် ကျောဘက်တွင် ဇာတ်အိမ်ကိုရေးသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် စာမျက်နှာ ၈၂ ရှိ ကျောင်းသူအသုံးပြုခဲ့သောဇာတ်အိမ်ဘေးတွင် ဟောပြောသည့်နေ့စွဲကို ရေးမည်ဖြစ်သည်။ သူသည် ကျောင်းသူ၏သွန်သင်ချက်ပုံစံကို မှတ်သားသည့်အချိန်တွင်ပင် ယင်းကိုပြုလုပ်နိုင်သည်။
၁၀ သွန်သင်ချက်ပုံစံ– သင်၏သွန်သင်ချက်ပုံစံကို သင့်စာအုပ်ထဲတွင် ထည့်ပေးထားသည်။ ၎င်းကို စာမျက်နှာ ၇၉-၈၁ တွင်တွေ့ရသည်။ ထို့ကြောင့် သင်သည် ဟောပြောချက်တစ်ခုပေးပြီးတိုင်း သင်၏စာအုပ်ကို ကျောင်းကြီးကြပ်မှူးထံ ယူလာရန်လိုမည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသားများလုပ်ဆောင်နေသည့်အရာနှင့်စပ်လျဉ်းသည့် သွန်သင်ချက်များဆိုင်ရာ မှတ်တမ်းတစ်ခုကိုထားရှိရန် လိုအပ်ပါမည်။
၁၁ နှုတ်ဖြေပြန်လည်မေးမြန်းခြင်း– သီအိုကရက်တစ်ကျောင်းပြန်လည်မေးမြန်းခြင်းကို နှုတ်ဖြေဖြင့်ကျင်းပပါမည်။ ယင်းကို နှစ်လတစ်ကြိမ်ကျင်းပကာ မိနစ် ၃၀ ကြာမည်ဖြစ်သည်။ ပြန်လည်မေးမြန်းချိန်အတွင်း သုံးသပ်မည့်မေးခွန်းများကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဆက်၍ဖော်ပြပါမည်။ နှုတ်ဖြေပြန်လည်မေးမြန်းခြင်းအတွက် စီစဉ်ထားသောအပတ်သည် တိုက်နယ်စည်းဝေးပွဲ သို့မဟုတ် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်သည့်အပတ်နှင့်တိုက်နေလျှင် နောက်အပတ်၏ဟောပြောချက်များကို တစ်ပတ်စော၍ပေးသင့်ကာ နှုတ်ဖြေပြန်လည်မေးမြန်းခြင်းကို နောက်အပတ်တွင် ပြန်စီစဉ်သင့်သည်။
၁၂ အရန်တန်းခွဲများ– ကျောင်းသား ၅၀ ယောက်ထက်များသောအသင်းတော်များတွင် အကြီးအကဲများသည် အရန်တန်းခွဲများကိုအသုံးပြုရန် သုံးသပ်နိုင်သည်။ “ဤအစီအစဉ်ကို ကျောင်းသားတင်ဆက်မှုအားလုံးအတွက်ဖြစ်စေ၊ နောက်ဆုံးကျောင်းသားဟောပြောချက် နှစ်ခုအတွက်ဖြစ်စေ စီစဉ်နိုင်သည်။” (ဓမ္မအမှုကျောင်း၊ စ. ၂၈၅) ဖတ်ရှုခြင်းတာဝန်များကို ထမ်းဆောင်ရန် ညီအစ်ကိုအနည်းငယ်သာရှိပြီး ညီအစ်မ,များသောအသင်းတော်များသည် ဒုတိယအကြံပြုချက်ကို စဉ်းစားရန်ဖြစ်သည်။ အကြီးအကဲများသည် ဤတန်းခွဲများကိုဦးဆောင်ရန် အရည်အချင်းရှိသောညီအစ်ကိုများကို ရွေးချယ်သင့်သည်။
၁၃ အရန်သွန်သင်ချက်ပေးသူ– သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်တွင် ဖော်ပြထားသည့်အတိုင်း ကျမ်းစာပေါ်လွင်ချက်နှင့် သွန်သင်ခြင်းဟောပြောချက်များကို တင်ဆက်ဟောပြောကြသော အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအား သီးသန့်သွန်သင်ချက်ပေးရန် အကြီးအကဲအဖွဲ့သည် အရန်သွန်သင်ချက်ပေးသူတစ်ဦးကို ခန့်အပ်သင့်သည်။ ၎င်းတာဝန်ရရှိသော ညီအစ်ကိုသည် သူသွန်သင်ချက်ပေးသောအခါ အခြားအကြီးအကဲများလေးစားမည့် အတွေ့အကြုံရှိသူဖြစ်သင့်သည်။ သူ၏သွန်သင်ချက်သည် တည်ဆောက်မှုဖြစ်ပြီး ကောင်းမွန်သော စကားပြောသွန်သင်ခြင်းနည်းစနစ်များကို ချီးမွမ်းကာ တိုးတက်ရန်အတွက် တစ်ချက်နှစ်ချက်ကို အကြံပြုခြင်းဖြစ်သင့်သည်။ မကြာခဏဟောပြောချက်ပေးသည့် ညီအစ်ကိုတစ်ဦးအား ဟောပြောချက်တစ်ခုပေးပြီးတိုင်း သွန်သင်ချက်ပေးရန်မလိုပေ။ သို့သော် ဤသွန်သင်ချက်ပေးသည့် တာဝန်ရထားသောညီအစ်ကိုသည် ပိုင်းခြားသိမြင်မှုရှိသင့်ကာ ယခု လူထုဟောပြောချက်များပေးသော ညီအစ်ကိုများကိုပင် ထပ်ဆင့်တိုးတက်ရန် ကူညီပေးနိုင်ကြောင်း သဘောပေါက်သင့်သည်။—၁ တိ. ၄:၁၅။
၁၄ အာရုံစိုက်ရမည့်အရာ– တင်ဆက်မှုတစ်ခုကိုဆန်းစစ်ရာတွင် သွန်သင်ချက်ပေးသူတစ်ဦးကို ကူညီပေးနိုင်သည့်အရာကား အဘယ်နည်း။ ဓမ္မအမှုကျောင်း စာအုပ်၏ နံပါတ်တပ်ထားသည့်အခန်း ၅၃ ခုတွင်ရှိအများသော တတိယမြောက်လေးထောင့်ကွက်တွင် အာရုံစိုက်ရမည့်အရာအကျဉ်းချုပ်ပါရှိသည်။ ကျောင်းကြီးကြပ်မှူးသည် ရှေ့နောက်ညီညွတ်သောရှင်းလင်းဖော်ပြပုံနှင့် တင်ဆက်မှု၏ထိရောက်မှုရှိပုံကို လျင်မြန်စွာအကဲဖြတ်ရန် သူ့အတွက် အကူအညီဖြစ်စေမည့် စာအုပ်ပါအခြားသတိပေးချက်များ သို့မဟုတ် အကြံပြုချက်များကိုလည်း ဂရုပြုသင့်သည်။ ဥပမာ၊ စာမျက်နှာ ၅၅ အပေါ်ဘက်ရှိ မေးခွန်းများနှင့် စာမျက်နှာ ၁၆၃ ရှိနောက်ဆုံးအပိုဒ်ပါ အယူအဆများကို သတိပြုပါ။
၁၅ ကွက်လပ်များကိုဖြည့်ပါ– ဓမ္မအမှုကျောင်း စာအုပ်တွင် စာမျက်နှာဘေးသား ကွက်လပ်ကျယ်များအပြင် သင် ကိုယ်ပိုင်လေ့လာမှုပြုသည့်အခါနှင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတက်သည့်အခါ မှတ်စုများထပ်ရေးရန်ရည်ရွယ်ထားသည့် ကွက်လပ်လွတ်များစွာပါရှိသည်။ (စာမျက်နှာ ၇၇၊ ၉၂၊ ၁၆၅၊ ၂၄၃၊ ၂၄၆ နှင့် ၂၅၀ ရှု။) အပတ်တိုင်း သင်၏စာအုပ်ကို သင်နှင့်တစ်ပါတည်း မပျက်မကွက်ယူလာပါ။ အဖွင့်ဟောပြောချက်ပေးနေစဉ် လိုက်ကြည့်ပါ။ ကျောင်း၏ကျန်ရှိသည့်အပိုင်းအတွက် သင်၏စာအုပ်ကို ဆက်ဖွင့်ထားပါ။ ကျောင်းကြီးကြပ်မှူးပေးသည့် အကြံပြုချက်များကို ရေးမှတ်ထားပါ။ ဟောပြောသူများအသုံးပြုသည့် သွန်သင်နည်းများ၊ မေးခွန်းများ၊ ပုံဥပမာများ၊ ဥပစာအသုံးအနှုန်းများ၊ သာဓကများ၊ ရုပ်မြင်သင်ထောက်ကူပစ္စည်းများနှင့် နှိုင်းယှဉ်ချက်များကို အာရုံစိုက်ပါ။ သင်သည် ကောင်းစွာမှတ်စုယူခြင်းဖြင့် ကျောင်းမှစုဆောင်းထားသည့် အလွန်ကောင်းသောအချက်များစွာကို ပြန်မှတ်မိကာ အသုံးပြုနိုင်မည်ဖြစ်သည်။
၁၆ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် တစ်ဦးတစ်ယောက်ရရှိနိုင်သည့် အကြီးမားဆုံးအခွင့်အရေးဖြစ်ကြောင်း ယေရှုခရစ်သိခဲ့သည်။ ၎င်းသည် ကိုယ်တော်၏အဓိကတာဝန်ဖြစ်၏။ (မာ. ၁:၃၈) ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို . . . ငါဟောပြောရမည်။ ထိုသို့အလို့ငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်” ဟုဆိုခဲ့သည်။ (လု. ၄:၄၃၊ ၄၄) ကိုယ်တော့်နောက်လိုက်ရန်ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သူများအနေနှင့် ကျွန်ုပ်တို့လည်း သတင်းကောင်းဟောပြောခြင်းတွင် အားသွန်ခွန်စိုက်ပါဝင်ကာ ကျွန်ုပ်တို့၏ “ချီးမွမ်းခြင်းယဇ်” အရည်အသွေးတိုးတက်ရန် အစဉ်ကြိုးစားနေကြသည်။ (ဟေဗြဲ ၁၃:၁၅) ထိုသို့ဖြစ်ဖို့ ကျွန်ုပ်တို့သည် ဘဝတွင်အရေးအကြီးဆုံးအရာအတွက် အသင့်ဖြစ်ရန်ကူညီပေးမည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် မှန်မှန်ပါဝင်ရန် သန္နိဋ္ဌာန်ချနိုင်ကြပါစေ။