လုပ်ငန်းတော်စည်းဝေးအစီအစဉ်
စက်တင်ဘာ ၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ နောက်အပတ်လုပ်ငန်းတော်စည်းဝေးအတွက် ပြင်ဆင်သည့်အနေနှင့် လွန်ခဲ့သောလုပ်ငန်းတော်နှစ် တိုက်နယ်စည်းဝေးပွဲအစီအစဉ်မှ မိမိတို့၏မှတ်စုများကို ပြန်သုံးသပ်ကြရန် အားလုံးကို တိုက်တွန်းပါ။ စာမျက်နှာ ၄ ပါ အကြံပြုချက်များကိုအသုံးပြု၍ စက်တင်ဘာ ၁၅ ကင်းမျှော်စင် နှင့် စက်တင်ဘာ ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို လက်တွေ့ကျကျ သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုတွင် ကျောင်းသား သို့မဟုတ် မိဘတစ်ဦးက ကျောင်းဆရာတစ်ဦးအား သက်သေခံနေပုံကိုပြပါ။
၁၀ မိ– ဌာနခွဲစာ။ သက်တမ်းရင့်ကြေညာသူတဦး၊ ဖြစ်နိုင်လျှင် အကြီးအကဲတစ်ဦးနှင့် ငယ်ရွယ်သောကြေညာသူတစ်ဦးတို့ ဆွေးနွေးရန်။ ငယ်ရွယ်သောကြေညာသူက ဝါရင့်ကြေညာသူအား ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဌာနခွဲရုံးမှစာကို တွေ့ခဲ့ဖူးသလောဟုမေးသည်။ ဝါရင့်ကြေညာသူက ဌာနခွဲစာသည် ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ၏ ကဏ္ဍတစ်ခုဖြစ်ခဲ့ကြောင်း ရှင်းပြသည်။ ထို့နောက် သူတို့သည် အဓိကအချက်များကိုပေါ်လွင်စေသည့် ရှေ့ဆုံးစာမျက်နှာပေါ်ရှိစာကို ဆွေးနွေးကြသည်။
၂၅ မိ– “လူငယ်တို့—အနာဂတ်အတွက် အုတ်မြစ်ကောင်းတစ်ခုချပါလေ။”a ဖော်ပြထားသောမေးခွန်းများကို အသုံးပြု၍ အကြီးအကဲတစ်ဦးကိုင်ရန်။ အပိုဒ် ၅ ကိုဆွေးနွေးသောအခါ အချိန်ပြည့်လုပ်ငန်း၏ ရွှင်လန်းမှုနှင့် ကောင်းချီးများကို ပေါ်လွင်စေပါ။
သီချင်း ၁၇၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ တောင်းဆို ဘရိုရှာဖြင့် ကျမ်းစာသင်အံမှုတစ်ခု စတင်ပုံကို တိုတိုတုတ်တုတ်သရုပ်ပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၂၅ မိ– “ယေဟောဝါ၌ ကိုးစား၍ကောင်းမှုပြုလော့။” (ဆာ. ၃၇:၃၊ ကဘ) လွန်ခဲ့သောလုပ်ငန်းတော်နှစ် တိုက်နယ်စည်းဝေးပွဲအစီအစဉ်၏ အဓိကအချက်များကို ပေါ်လွင်စေသည့် အောက်ပါမေးခွန်းများအပေါ်အခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အဓိကအချက်များကို တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ ကျင့်သုံးနိုင်ခဲ့ကြပုံနှင့်စပ်လျဉ်းသည့် မှတ်ချက်များပါဝင်စေရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ဤအစီအစဉ်ပါအပိုင်းများကို သုံးသပ်ပါ– (၁) “ယေဟောဝါ၌ ကိုးစားကြောင်းတင်ပြခြင်း။” ဘဝကဏ္ဍအားလုံးတွင် ယေဟောဝါ၌ ကိုးစားကြောင်းပြသခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (it-၂ စ. ၅၂၁ [လိပ်]) ကင်းမျှော်စင်စာပေများအညွှန်း က ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။ (၂) “ဘဝ၏အနတ္တအမှုများကို သတိပြုလော့။” (ဒေ. ၂:၄-၈၊ ၁၁) မည်သည့်အချည်းနှီးအမှုများကို ကျွန်ုပ်တို့သတိပြုရမည်နည်း၊ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။ (၃) “မကောင်းမှုကိုရှောင်၍ ကောင်းမှုပြုသူများဖြစ်ကြလော့။” ယေဟောဝါ၏စံနှုန်းများကို စွဲကိုင်ထားရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ဟေရှာ. ၅:၂၀) အဘယ်ကောင်းမှုများတွင် ကျွန်ုပ်တို့အလုပ်များနေသင့်သနည်း။ (၄) “ယေဟောဝါ၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ထိန်းသိမ်းခြင်း။” စုံစမ်းမှုများနှင့် သွေးဆောင်မှုများကြား ခိုင်မြဲစွာရပ်တည်ရန် မည်သည့်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။ ကိစ္စရပ်အချို့ကို ယေဟောဝါ၏လက်တော်တွင်အပ်ထားရန် အဘယ်ကြောင့်လိုအပ်မည်နည်း။ (၅) “ဘုရားသခင့်နိုင်ငံတော်နှင့် ထိုက်တန်သူဖြစ်မည်လော။” (ကော. ၁:၁၀၊ ၁၁) မည်သည့်ကျမ်းစာပုံသက်သေများက ယေဟောဝါနှင့်ထိုက်တန်စွာ ဆက်၍လျှောက်လှမ်းနေရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသနည်း။ (၆) “ယေဟောဝါ၏ကတိတော်များ၌ ကိုးစားလော့။” ယင်းသို့ပြုခြင်းက ကျွန်ုပ်တို့၏အသက်တာအပေါ် မည်သို့အကျိုးသက်ရောက်မည်နည်း။
သီချင်း ၅၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ ပါ အကြံပြုချက်များကိုအသုံးပြု၍ အောက်တိုဘာ ၁ ကင်းမျှော်စင် နှင့် အောက်တိုဘာ ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ အကြီးအကဲတစ်ဦးနှင့် အိုမင်းမစွမ်းသောကြေညာသူတစ်ဦး တယ်လီဖုန်းဖြင့် သက်သေခံနေပုံကိုပြပါ။
၁၅ မိ– ယခင်နှစ်က ကျွန်ုပ်တို့မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးက ၂၀၀၃ လုပ်ငန်းတော်နှစ်အတွက် အသင်းတော်မှတ်တမ်းမှ ပေါ်လွင်ချက်များကို သုံးသပ်ရန်။ ပြီးမြောက်ခဲ့သည့် ကောင်းမွန်ရာများအတွက် အသင်းတော်ကိုချီးမွမ်းပါ။ တိုက်နယ်ကြီးကြပ်မှူး၏ နောက်ဆုံးအစီရင်ခံစာမှ သင့်လျော်သည့်အချက်များကို ပါဝင်စေပါ။ လာမည့်နှစ်အတွက် လက်လှမ်းမီနိုင်သော ပန်းတိုင်တစ်ခုနှစ်ခုကို ဖော်ပြပါ။
၂၀ မိ– ဘာသာအားလုံးကို ဘုရားသခင်လက်ခံတော်မူသလော။ ကျိုးကြောင်းဆင်ခြင် စာအုပ်ကို အခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဤအချက်နှင့်ပတ်သက်၍ တစ်စုံတစ်ဦးနှင့် ကျိုးကြောင်းဆင်ခြင်ပုံကို ဆွေးနွေးပါ။ (ကက စစ. ၁၈၄-၆) မှန်သောဘာသာအား ခွဲခြားသိရှိနိုင်သောနည်းအချို့ကို ပေါ်လွင်စေပါ။ (ကက စစ. ၁၉၀-၅) ကျွန်ုပ်တို့၏ဓမ္မအမှုက ဘုရားသခင်လက်ခံတော်မူသော ဝတ်ပြုမှုပုံစံကိုရွေးချယ်ရန် အခြားသူများအား ကူညီပေးသည်။—ကော. ၁:၉၊ ၁၀။
သီချင်း ၃၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၉ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ စက်တင်ဘာအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ အောက်တိုဘာအတွက် ဝေငှမည့်စာပေကို ဖော်ပြပါ။
၂၀ မိ– ရွယ်တူချင်းဖိအားကို ကြံ့ကြံ့ခံရင်ဆိုင်ခြင်း။ ခရစ်ယာန်အိမ်ထောင်တစ်ခုတွင် ကြီးပြင်းခဲ့သည့် အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးကို လူတွေ့မေးမြန်းပါ။ ဖေဖော်ဝါရီ ၁၅၊ ၂၀၀၃၊ ကင်းမျှော်စင် မှ ရွေးချယ်ထားသောအချက်များကို မှီငြမ်းပါ။ ညီအစ်ကိုသည် ကျောင်းတွင် အဘယ်ဖိအားကို ရင်ဆိုင်ခဲ့ရသနည်း။ (စ. ၂၄ အပိုဒ် ၃; စ. ၂၅ အပိုဒ် ၄-၅) သူသည် အခြားသူများထံမှ မကောင်းသောသြဇာလွှမ်းမိုးမှုတစ်ခုခုကို ရင်ဆိုင်ခဲ့ရသလော။ (စ. ၂၆ အပိုဒ် ၄-၆) သူသည် လူကြီးတစ်ဦးအနေနှင့် ရွယ်တူချင်းဖိအားကို ရင်ဆိုင်နေရတုန်းပင်လော။ အများနည်းတူပြုရန်ဖိအားကိုတွန်းလှန်ဖို့ အဘယ်အရာက သူ့ကိုကူညီပေးခဲ့သနည်း။ ဩဂုတ် ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၁ အပေါ်အခြေခံသည့် တိုတုတ်သောနိဂုံးချုပ်ဟောပြောချက်တွင် အကျိုးရှိသောပေါင်းသင်းမှု ပြုစုပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများကို ပေါ်လွင်စေပါ။
၂၀ မိ– “စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်ကြလော့။”bကျမ်းချက်များသက်ဆိုင်ပုံနှင့်စပ်လျဉ်း၍ ပရိသတ်ထံမှမှတ်ချက်များ ရယူပါ။
သီချင်း ၂၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၆ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့သည် ဤလတွင် ကျမ်းစာသင်အံမှုများစတင်ရန် အထူးကြိုးစားကြမည်။ မေ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁၊ အပိုဒ် ၁ ကို အကျဉ်းချုံးသုံးသပ်ပါ။
၁၅ မိ– “ဦးစားထားသင့်ရာများကို ဦးစားပေးဖို့သေချာစေပါ!” စက်တင်ဘာ ၁၊ ၁၉၉၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၁ ပါဆောင်းပါးကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ နောက်လအချို့အတွက်စီစဉ်ထားသည့် သီအိုကရက်တစ်ဖြစ်ရပ်များ၏ ရက်စွဲများကိုဖော်ပြကာ ၎င်းရက်စွဲများကို မိမိတို့၏ပြက္ခဒိန်တွင် မှတ်သားထားရန် အားလုံးကို အားပေးပါ။ ဝိညာဏပြင်ဆင်ပေးမှုများကို မလွတ်စေရန် သူတို့ အဘယ်အရာလုပ်ဆောင်ကြကြောင်း မှတ်ချက်ပေးဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ။
၂၅ မိ– “‘စေ့စေ့စပ်စပ်သက်သေခံ’ ရာတွင် ဝီရိယရှိလော့။”c ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ အပိုဒ် ၅ နှင့် ၆ ကိုဆွေးနွေးပြီးနောက် စတိုးဆိုင်မှအရောင်းစာရေးတစ်ဦးကို အလွတ်သဘောသက်သေခံကာ သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာဝေငှနေပုံကို တိုတိုတုတ်တုတ်သရုပ်ပြပါ။ အပိုဒ် ၇ နှင့် ၈ ကိုမဆွေးနွေးမီ ယင်းတို့ကို အသံကျယ်ကျယ်ဖြင့် ဖတ်စေပါ။ နိဂုံးချုပ်တွင် “သူတို့ကိုမမေ့ပါနှင့်!” ဟူသောလေးထောင့်ကွက်ကို ဖတ်၍ဆွေးနွေးပါ။
သီချင်း ၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။