ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၄ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • မတ် ၈ တွင်စမည့်အပတ်
  • မတ် ၁၅ တွင်စမည့်အပတ်
  • မတ် ၂၂ တွင်စမည့်အပတ်
  • မတ် ၂၉ တွင်စမည့်အပတ်
  • ဧပြီ ၅ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၃/၀၄ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

မတ် ၈ တွင်စမည့်အပတ်

သီချင်း ၃၇

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ နောက်အပတ်လုပ်ငန်းတော်စည်းဝေးသို့ “ကောင်းမွန်သောပြည်ကို ကြည့်လော့” ဘရိုရှာအသစ်ကိုယူလာရန် အားလုံးကို နှိုးဆော်ပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကို အသုံးပြု၍ ဖေဖော်ဝါရီ ၁၅ ကင်းမျှော်စင်နှင့် မတ် ၈ နိုးလော့!အတွက်တင်ဆက်ပုံကို သရုပ်ပြပါ။

၁၅ မိ– စကားစမြည်စတင်ပြောဆိုရန် ဝေစာများကိုအသုံးပြုပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ များသောအားဖြင့် သက်သေခံရန် အခက်ခဲဆုံးအပိုင်းသည် စကားစမြည်ပြောဆိုမှုကို အစပြုခြင်းဖြစ်၏။ တစ်အိမ်မှတစ်အိမ်သက်သေခံရာတွင်၊ စီးပွားရေးရပ်ကွက်တွင်နှင့် လူအများရှိသောနေရာများတွင် စကားစမြည်စတင်ပြောဆိုရန် ဝေစာများကို အသုံးပြုနိုင်သည်။ ဒေသခံရပ်ကွက်တွင် လူများနှစ်သက်နိုင်သည့် ဝေစာနှစ်စောင်၊ သုံးစောင်ကို အကျဉ်းချုံးသုံးသပ်ပါ။ ၎င်းဝေစာများကို တင်ဆက်သည့်အခါ မည်သည့်နိဒါန်းများပျိုးနိုင်သနည်း။ ပုံဥပမာများကို မည်သို့အသုံးပြုနိုင်သနည်း။ မည်သည့်မေးခွန်းများကို လိမ္မာပါးနပ်စွာမေးနိုင်သနည်း။ အိမ်ရှင်စိတ်ဝင်စားမှုပြလျှင် သုံးသပ်နိုင်သည့် ဝေစာတစ်စောင်စီမှ အပိုဒ်တစ်ပိုဒ်ကို ပေါ်လွင်စေပါ။ ဝေစာတစ်စောင်အသုံးပြု၍ စကားစမြည်ပြောဆိုမှု စတင်နိုင်ပုံကို သရုပ်ပြပါ။ ကြေညာသူအား ဝေစာတစ်စောင်မှ အပိုဒ်တစ်ပိုဒ်ကို အကျဉ်းချုံးသုံးသပ်စေကာ အသိပညာစာအုပ်ဝေငှခြင်းဖြင့် နိဂုံးချုပ်စေပါ။

၂၀ မိ– “သစ္စာစောင့်သိသူအပေါင်းတို့၊ ယေဟောဝါကို ချစ်ကြလော့။”a အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ လူတို့အား အောက်မေ့ရာပွဲသို့ ဖိတ်ခေါ်ခဲ့ကြပုံကို ပရိသတ်မှ မှတ်ချက်များပေးကြရန် ဖိတ်ခေါ်ပါ။

သီချင်း ၁၃၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၁၅ တွင်စမည့်အပတ်

သီချင်း ၁၂၁

၁၀ မိ– ဒေသကြေညာချက်များ။ “သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ” မှအဓိကအချက်များကို သုံးသပ်ပါ။ အောက်မေ့ရာပွဲအပတ်အတွက် ကင်းမျှော်စင်သင်တန်း ကျင်းပမည့်အချိန်ကို ကြေညာပါ။

၁၅ မိ– အောက်မေ့ရာပွဲကာလအတွင်း အထူးလုပ်ဆောင်မှုနှင့်စပ်လျဉ်းသည့်နောက်ဆုံးအခြေအနေကိုရှင်းပြပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးက ပရိသတ်နှင့်ဆွေးနွေးရန်။ စီစဉ်ထားသည့် အထူးအစီအစဉ်များကို ဖော်ပြပါ။ ရရှိခဲ့သည့် အားရှိစရာတွေ့ကြုံမှုအချို့ကို ပြောပြပါ။ ဧပြီနှင့် မေလအတွက် အရန်ရှေ့ဆောင်များအဖြစ် စာရင်းသွင်းကြရန် လုပ်နိုင်သူအားလုံးကို တိုက်တွန်းပါ။ ဖေဖော်ဝါရီ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်မှ အချက်အချို့ကို အကျဉ်းချုံးသုံးသပ်ပါ။

၂၀ မိ– “ကောင်းမွန်သောပြည်ကို ကြည့်လော့” မှအကျိုးရယူပါ။ ဘရိုရှာအသစ်သည် ကျွန်ုပ်တို့၏ ဘုရားသခင့်နှုတ်ကပါဌ်တော် ဖတ်ရှုလေ့လာမှုကို ပို၍အဓိပ္ပာယ်ရှိစေနိုင်သည်။ အရေးပါသောအရာတစ်ခုမှာ ယင်း၏အညွှန်းကို အသုံးပြုခြင်းဖြစ်၏။ ယေဟောဝါသည် ဗောဇရမြို့မှကြွလာသကဲ့သို့ဟု ဖော်ပြထားသော ဟေရှာယ ၆၃:၁ ကိုဖတ်ပါ။ “ကောင်းမွန်သောပြည်” အညွှန်းတွင် ဗောဇရအတွက်စာရင်းကိုရှာရန် အားလုံးကိုဖိတ်ခေါ်ပါ။ စာမျက်နှာ ၃၄ မှလေးထောင့်ကွက်ကို အသုံးပြု၍ “ဗောဇရ ၁၁ ဆ ၁၁” ၏အဓိပ္ပာယ်ကိုရှင်းပြကာ ညွှန်ပြထားသည့် မြေပုံပေါ်ရှိ ဗောဇရနှင့် ဧဒုံပြည်ကိုရှာပါ။ အညွှန်းကိုအသုံးပြု၍ ယေရုရှလင်မှ ရှုခါမြို့သို့ ယေရှုသွားခဲ့သောလမ်းကြောင်းကို ရှာပါ။ (ယော. ၄:၃-၅) အလားတူနည်းဖြင့် ဗေသေသဒရေကန်၏ တည်နေရာကိုရှာပါ။ (ယော. ၅:၁-၃) သီအိုကရက်တစ် ဓမ္မအမှုကျောင်းအတွက် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းမှ နောက်ထပ်နမူနာတစ်ခုနှစ်ခုကို ရွေးချယ်ပါ။ ဘရိုရှာတွင် ထိုတည်နေရာများ ရှာတွေ့နိုင်သည့်နေရာနှင့် မြေပုံများကို လေ့လာသုံးသပ်ခြင်းမှ ကျွန်ုပ်တို့ အကျိုးရရှိပုံတို့နှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ငုံမိသည့်ကာလများကို ဂရုပြုမှတ်သားကာ ဘရိုရှာပါ မြေပုံအချို့ကို အကျဉ်းချုံးပေါ်လွင်စေပါ။ စာမျက်နှာ ၁၈-၁၉ မှမြေပုံသည် ကျမ်းစာနေရာအရေအတွက်အများဆုံးကို ဖော်ပြထားသည်။ “ကောင်းမွန်သောပြည်ကို ကြည့်လော့” ဘရိုရှာကို ကောင်းစွာအသုံးပြုကြရန် အားလုံးကို တိုက်တွန်းပါ။

သီချင်း ၆၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၂၂ တွင်စမည့်အပတ်

သီချင်း ၁၉၁

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၄ နှင့် ၂၀၀၄ ခုနှစ်ပြက္ခဒိန်တို့တွင် ဖော်ပြထားသည့်အတိုင်း မတ် ၃၀–ဧပြီ ၄ အတွက် စီစဉ်ထားသောသတိရအောက်မေ့ပွဲအတွက် ကျမ်းစာဖတ်ရှုခြင်းကိုလိုက်နာကြရန် အားလုံးကိုနှိုးဆော်ပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “သင်ပါဝင်ပတ်သက်နေသော မြင်းတပ်၏ တစ်ဟုန်ထိုးတိုက်ခိုက်မှု။”b အချိန်ရသရွေ့ ကျမ်းညွှန်းများကို ဖတ်ရှုဆွေးနွေးပါ။

သီချင်း ၁၈၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၂၉ တွင်စမည့်အပတ်

သီချင်း ၁၂၉

၁၀ မိ– ဒေသကြေညာချက်များ။ မတ်လလယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဧပြီလတွင်ဝေငှမည့်စာပေကို ဖော်ပြပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်ကို အသုံးပြု၍ မတ် ၁ ကင်းမျှော်စင်အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။

၁၅ မိ– ၂၀၀၄ နှစ်ချုပ်စာအုပ်ကို ကောင်းစွာ အသုံးပြုပါ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ “အုပ်ချုပ်ရေးအဖွဲ့ထံမှစာ” ၏ပေါ်လွင်ချက်များ၊ ကမ္ဘာတစ်ဝန်းမှတ်တမ်းမှ ထူးခြားသောကိန်းဂဏန်းများနှင့် ယုံကြည်ခြင်းခိုင်ခံ့စေသော တွေ့ကြုံမှုအချို့ကို ဖော်ပြပါ။ တစ်နှစ်အတွင်း တစ်အုပ်လုံးကိုဖတ်ကြရန် အားလုံးကို တိုက်တွန်းပါ။

၂၀ မိ– သမ္မာတရားသည် မိသားစုများကို စည်းလုံးစေ၏။ ဟောပြော၍ပရိသတ်နှင့်ဆွေးနွေးရန်။စိတ်ဝင်စားသူများသည် မိသားစုဝင်များ၏အတိုက်အခံပြုမှုကြောင့် ယေဟောဝါ၏အမှုတော်ဆောင်ရန် တစ်ခါတစ်ရံ တွန့်ဆုတ်ကြသည်။ အောက်ပါတွေ့ကြုံမှုအချို့ကို ပြောပြစေပါ– ဇန်နဝါရီ ၁၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၅; ဒီဇင်ဘာ ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၈; စက်တင်ဘာ ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၂; ဇန်နဝါရီ ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၄; နှင့် ဖေဖော်ဝါရီ ၂၂၊ ၁၉၉၈၊ နိုးလော့!၊ စာမျက်နှာ ၃၁ [လိပ်]။ အများအားဖြင့် မိသားစုဘဝသည် အိမ်သားတစ်ဦးက ကျမ်းစာမူများကို ကျင့်သုံးသည့် အခါ၌ပင် တိုးတက်ကောင်းမွန်လာကြောင်း ပေါ်လွင်စေပါ။

သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၅ တွင်စမည့်အပတ်

သီချင်း ၁၂၆

၁၀ မိ– ဒေသကြေညာချက်များ။

၂၀ မိ– ကာယရေးစင်ကြယ်မှုက ကျွန်ုပ်တို့ကို ထောက်ခံပေး။ ဇွန် ၁၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၁ ကိုအခြေပြု၍ ဟောပြောရန်။ တောင်းဆိုဘရိုရှာ၊ သင်ခန်းစာ ၉၊ အပိုဒ် ၅ ကိုအသုံးပြု၍ မိမိ၏အိမ်နှင့် ဝင်းခြံအား သန့်ရှင်းစွာထားခြင်း၏အရေးကြီးမှုကို သိမြင်ရန် ကျမ်းစာသင်သားတစ်ဦးအား လိမ္မာပါးနပ်စွာ ကူညီပေးပုံကို အကြီးအကဲတစ်ဦးက ရှေ့ဆောင်တစ်ဦးအားပြသည့် သရုပ်ပြတစ်ခုပါဝင်စေပါ။

၁၅ မိ– အောက်မေ့ရာပွဲနှင့်မတ်လအတွင်း တိုးတက်လာသော အမှုဆောင်လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ရရှိခဲ့သောတွေ့ကြုံမှုများကို ပြောပြပါ။

သီချင်း ၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ