ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၄ စာ. ၄
  • ကျမ်းစာကို ထိရောက်စွာအသုံးပြုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာကို ထိရောက်စွာအသုံးပြုပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ဓမ္မအမှုကို စေ့စေ့စပ်စပ်ပြီးမြောက်နေစေသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • မဂ္ဂဇင်းတင်ဆက်နည်းအတွက် ပြင်ဆင်နိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အပိုင်း ၃–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ကျမ်းချက်များကို ထိရောက်စွာ မိတ်ဆက်ပေးခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၉/၀၄ စာ. ၄

ကျမ်းစာကို ထိရောက်စွာအသုံးပြုပါ

၁။ လယ်ကွင်းဓမ္မအမှုအတွက် ပြင်ဆင်ရာတွင် သင် အဘယ်အရာ လုပ်ဆောင်နိုင်မည်နည်း။

၁ ဓမ္မအမှုတွင် အဘယ်စာပေကိုမဆိုဝေငှရန် စီစဉ်နေပါစေ နားထောင်မည့်သူများအား ဝေမျှရန် စဉ်းစားမှုကိုလှုံ့ဆော်ပေးသည့် ကျမ်းချက်တစ်ချက် ရွေးချယ်ခြင်းသည် အကျိုးရှိ၏။ (ဟေဗြဲ ၄:၁၂) သင်ဝေငှနေသည့်စာပေတွင် အသုံးပြုထားသောကျမ်းချက်တစ်ချက်ကို ရွေးချယ်ခြင်းက ထိုစာပေကိုဆက်သွယ်ပေးရာတွင် ထိရောက်မှုရှိစေမည်။ ဒေသအချို့တွင် ကြေညာသူများက လူတစ်ဦးထံချဉ်းကပ်သည့်အခါ သို့မဟုတ် တစ်အိမ်မှတစ်အိမ် အမှုဆောင်သည့်အခါ လက်ထဲတွင် ကျမ်းစာအုပ် ကိုင်ထားခြင်းသည် အကျိုးရှိကြောင်း တွေ့ရှိခဲ့ကြပြီ။

၂။ (က) ကျွန်ုပ်တို့၏တင်ဆက်မှုကို ကျမ်းချက်တစ်ချက်ဖြင့် မည်သို့အစပြုနိုင်သနည်း။ (ခ) အဘယ်ကျမ်းဆိုင်ရာအကြောင်းများက ရပ်ကွက်ရှိလူတို့ကို စိတ်ဝင်စားစေသနည်း။

၂  ကျမ်းချက်တစ်ချက်ဖြင့် အစပြုပါ– ကြေညာသူအချို့သည် အိမ်ရှင်အား ကျမ်းချက်တစ်ချက်ကိုအခြေခံသည့် သဘောထားမေးခွန်း ရိုးရိုးလေးတစ်ခုမေးခြင်းဖြင့် တင်ဆက်မှုကို အစပြုကာ ကျမ်းချက်ကို ဆက်၍ဖတ်ပြသည်။ ယင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ချက်ချင်းအာရုံစိုက်စေသည်။ အောက်ပါနိဒါန်းများမှအချို့သည် သင့်ရပ်ကွက်တွင် ထိရောက်မှုရှိမည်လော။

◼ “မိတ်ဆွေဆီမှာ တတ်စွမ်းနိုင်တဲ့တန်ခိုးသာရှိရင် ဒီလိုပြောင်းလဲမှုတွေ လုပ်ပေးမလား။” ဗျာဒိတ် ၂၁:၄ ကိုဖတ်ပါ။

◼ “ဒီလိုခဲယဉ်းတဲ့ကာလမှာ ကျွန်တော်တို့ ဘာကြောင့် အသက်ရှင်နေရတာလဲ။” ၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။

◼ “ဒီအကြံပြုချက်ကို အားလုံးလိုက်နာကြရင် ကျွန်တော်တို့ရဲ့ရပ်ကွက်ဟာ ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်လာမယ်လို့ မိတ်ဆွေထင်သလား။” မဿဲ ၇:၁၂ ကိုဖတ်ပါ။

◼ “ဒီမှာဖော်ပြထားတဲ့ အခြေအနေတွေကို မိတ်ဆွေရဲ့သားသမီးတွေ တွေ့ ကြုံခံစားနိုင်မယ်လို့ ထင်သလား။” ဆာလံ ၃၇:၁၀၊ ၁၁ ကိုဖတ်ပါ။

◼ “တစ်ချိန်ချိန်မှာ ဒီစကားတွေ အမှန်တကယ်ပြည့်စုံလာမယ်လို့ မိတ်ဆွေထင်သလား။” ဟေရှာယ ၃၃:၂၄ ကိုဖတ်ပါ။

◼ “ဒီမှာဖော်ပြထားတဲ့ အစိုးရအပြောင်းအလဲနဲ့ မိတ်ဆွေ အကျွမ်းတဝင်ရှိသလား။” ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။

◼ “ဘုရားသခင်ကို ဒီမေးခွန်း မေးချင်တဲ့ဆန္ဒ ရှိခဲ့ဖူးသလား။” ယောဘ ၂၁:၇ ကိုဖတ်ပါ။

◼ “ကျွန်တော်တို့ရဲ့ သေဆုံးသွားတဲ့ ချစ်မြတ်နိုးရသူတွေကို ပြန်တွေ့ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။” ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။

◼ “လူသေတွေဟာ အသက်ရှင်နေတဲ့သူတွေ ဘာလုပ်နေတယ်ဆိုတာ သိကြသလား။” ဒေသနာ ၉:၅ ကိုဖတ်ပါ။

၃။ ကျွန်ုပ်တို့ဖတ်သည့် ကျမ်းချက်များကို လူတို့ နားလည်ရန် မည်သို့ကူညီပေးနိုင်သနည်း။

၃ ရှင်းပြ၊ ဥပမာပေးပြီး သက်ဆိုင်ပုံတင်ပြပါ– လူတစ်ဦးသည် တလိုတလားစကားပြောသည့်အခါ အလောတကြီးပြောဆိုဆွေးနွေးခြင်းမပြုဘဲ ထိုသူနားလည်စေရန် သင်ဖတ်သည့်ကျမ်းချက်ကို ရှင်းပြ၊ ဥပမာပေးပြီး သက်ဆိုင်ပုံကိုတင်ပြရန် အချိန်ယူပါ။ (နေ. ၈:၈) ဘုရားသခင့်နှုတ်ကပါဌ်တော်က သွန်သင်ပေးသည့်အရာကို လူတို့နားလည်ကာ လက်ခံသောအခါ သူတို့၏အသက်တာသည် အံ့မခန်းဖွယ်ပြောင်းလဲလာနိုင်သည်။—၁ သက်. ၂:၁၃။

၄။ ပြန်လည်ပတ်မှုများတွင် ကျမ်းစာကို မည်သို့ ကောင်းစွာအသုံးပြုနိုင်သနည်း။

၄ စိတ်ဝင်စားမှုကို သင် ပြုစုပျိုးထောင်ပေးစဉ် ကျမ်းစာကို ဆက်လက်၍ ကောင်းစွာအသုံးပြုပါ။ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ ဤအလားတူနည်းကို အသုံးပြုနိုင်သည်– (၁) သင့်လျော်သည့်ကျမ်းချက်တစ်ချက်ကို ရွေးချယ်ပါ။ (၂) ကျမ်းချက်နှင့်ပတ်သက်ပြီး သဘောထားမေးခွန်း ရိုးရိုးလေးတစ်ခုမေးကာ ကျမ်းချက်ကို ဖတ်ပြပါ။ (၃) ကျမ်းချက်ကို ရှင်းပြ၊ ဥပမာပေးပြီး သက်ဆိုင်ပုံကိုတင်ပြပါ။ သင် လည်ပတ်သည့်အခါတိုင်း ထိုသူ၏ ဘုရားသခင့်နှုတ်ကပါဌ်တော်အသိပညာ တိုးလာစေရန် ကြိုးစားပါ။ သင် မကြာမီ ကျမ်းစာသင်အံမှု ကျင်းပကောင်း ကျင်းပနိုင်မည်!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ