၂၀၀၅ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်
ညွှန်ကြားချက်များ
၂၀၀၅ ခုနှစ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။
ပင်ရင်းအကြောင်းအရာ– ကမ္ဘာသစ်ဘာသာပြန်ကျမ်း [ကဘ]၊ ကင်းမျှော်စင် [က]၊ သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ [ပက]၊ ‘ကျမ်းစာတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု’ [ဘကမ-၀၅ (bsi05-BU)] နှင့် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း [ကက]။
သီချင်းဆို၊ ဆုတောင်း၊ ကြိုဆိုနှုတ်ဆက်ခြင်းဖြင့် ကျောင်းကို အချိန်မီ စတင်သင့်သည်။ အောက်ပါအတိုင်း ကျင်းပသွားရန်ဖြစ်သည်–
စကားပြောအရည်အသွေး– ၅ မိနစ်။ ကျောင်းကြီးကြပ်မှူး၊ အရန်သွန်သင်ချက်ပေးသူ သို့မဟုတ် အခြားအရည်အချင်းပြည့်မီသောအကြီးအကဲတစ်ဦးသည် ဓမ္မအမှုကျောင်း သုံးစာအုပ်ကို အခြေပြုထားသည့် စကားပြောအရည်အသွေးတစ်ခုကို ဆွေးနွေးပါမည်။ (အကြီးအကဲ အရေအတွက်နည်းသည့် အသင်းတော်များတွင် အရည်အချင်းပြည့်မီသော ဓမ္မအမှုထမ်းတစ်ဦးကို အသုံးပြုနိုင်သည်။) တစ်စုံတစ်ရာညွှန်ကြားထားခြင်းမရှိလျှင် တာဝန်ပေးထားသည့် စာမျက်နှာများပေါ်ရှိ လေးထောင့်ကွက်များကိုပါ ဆွေးနွေးသင့်သည်။ လေ့ကျင့်ခန်းများကို ချန်ထားသင့်သည်။ ယင်းတို့သည် အဓိကအားဖြင့် ကိုယ်ပိုင်အသုံးပြုရန်နှင့် သီးသန့်သွန်သင်ချက်ပေးရန်အတွက်ဖြစ်သည်။
တာဝန်နံပါတ် ၁– ၁၀ မိနစ်။ ယင်းကို အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦး ကိုင်တွယ်သင့်သည်၊ ကင်းမျှော်စင်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ သို့မဟုတ် ‘ကျမ်းစာတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု’ ပါအကြောင်းကို အခြေခံမည်ဖြစ်သည်။ ယင်းကို ပြန်လည်မေးမြန်းခြင်းမပြုဘဲ ဆယ်မိနစ်လုံးလုံး သွန်သင်ဟောပြောချက်အနေနှင့် တင်ပြရန်ဖြစ်သည်။ ဦးတည်ချက်မှာ အကြောင်းအရာကို အပြီးတင်ပြနိုင်ရုံသာမဟုတ်ဘဲ ဆွေးနွေးဖော်ပြသည့်အချက်အလက်များ၏ လက်တွေ့ကျတန်ဖိုး ကို အာရုံစူးစိုက်ရန်ဖြစ်သင့်သည်၊ အသင်းတော်အတွက် အကူအညီအဖြစ်ဆုံးသောအချက်များကို ပေါ်လွင်စေသင့်သည်။ ဖော်ပြထားသောအဓိကအကြောင်းကို အသုံးပြုသင့်သည်။ ဤဟောပြောချက်ကို တာဝန်ရသောညီအစ်ကိုများသည် ကန့်သတ်ထားချိန်အတွင်း ဟောပြောရန် ဂရုစိုက်မည်ဟု မျှော်လင့်ပါသည်။ လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးနိုင်သည်။
ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ– ၁၀ မိနစ်။ ပထမခြောက်မိနစ်တွင် အရည်အချင်းပြည့်မီသောအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ဒေသလိုအပ်ရာများနှင့်အညီ သက်ဆိုင်ပုံကို တင်ပြသင့်သည်။ သူသည် အပတ်အတွက် တာဝန်ပေးထားသောကျမ်းစာဖတ်ရှုခြင်းမှ မည်သည့်အပိုင်းကိုမဆို မှတ်ချက်ပေးနိုင်သည်။ ဖတ်ရှုရန်ပေးထားသည့်အခန်းများကို အကျဉ်းချုံးဖော်ပြရုံမျှမဖြစ်သင့်။ အဓိကဦးတည်ချက်မှာ အချက်အလက်များသည် အဘယ်ကြောင့် နှင့် အဘယ်သို့ တန်ဖိုးရှိသည်ကို ပရိသတ်သဘောပေါက်စေရန်ဖြစ်၏။ ဟောပြောသူသည် အဖွင့်ပိုင်းအတွက်သတ်မှတ်ထားသည့် ခြောက်မိနစ်ထက်မကျော်စေရန် ဂရုစိုက်သင့်သည်။ သူသည် ပရိသတ်ပါဝင်မှုအတွက် လေးမိနစ်ကို သီးသန့်ဖယ်ထားကြောင်း သေချာစေသင့်သည်။ ကျမ်းစာဖတ်ရှုခြင်းတွင် သူတို့သိရှိသဘောပေါက်ခဲ့ရာများနှင့် ယင်းတို့၏အကျိုးကျေးဇူးများအပေါ် တိုတုတ်သော မှတ်ချက်များ (၃၀ စက္ကန့် သို့မဟုတ် ထိုထက်နည်းလျက်) ပေးကြရန် ပရိသတ်ကိုဖိတ်ခေါ်သင့်သည်။ ထိုနောက် ကျောင်းကြီးကြပ်မှူးသည် အခြားအတန်းများတွင် တာဝန်ရထားသော ကျောင်းသားများအား ထွက်သွားစေပါမည်။
တာဝန်နံပါတ် ၂– ၄ မိနစ်။ ညီအစ်ကိုတစ်ဦးကိုပေးရမည့် ဖတ်ရှုခြင်းတာဝန်ဖြစ်၏။ အများအားဖြင့် ကျမ်းစာမှဖတ်ရှုရခြင်းဖြစ်မည်။ ဤတာဝန်သည် ကင်းမျှော်စင် မှထုတ်နုတ်ထားသည့် အကြောင်းအရာကို တစ်လလျှင်တစ်ကြိမ် တင်ပြပါမည်။ ကျောင်းသားသည် နိဒါန်း သို့မဟုတ် နိဂုံးမပါဘဲ တာဝန်ပေးထားသည့် အကြောင်းအရာကို ဖတ်ပြရမည်။ ဖတ်ရမည့် အကြောင်းအရာပမာဏသည် တစ်ပတ်နှင့်တစ်ပတ် အနည်းငယ်ကွာမည်ဖြစ်သော်လည်း လေးမိနစ် သို့မဟုတ် ထိုထက်မကြာသင့်ပေ။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသား၏အသက်အရွယ်၊ စွမ်းရည်နှင့်အညီ တာဝန်များချနိုင်ရန် တာဝန်မချမီ အကြောင်းအရာကို ကြည့်ရှုစစ်ဆေးသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သဘောပေါက်မှု၊ သွက်လက်ပြေပြစ်မှု၊ အဓိပ္ပာယ်ပေါ်စေသည့် လျောက်ပတ်သောလေးနက်မှု၊ အသံအပြောင်းအလဲ၊ သင့်လျော်သောရပ်တန့်ခြင်းနှင့် သဘာဝကျကျဖတ်တတ်ဖို့ ကျောင်းသားများကိုကူညီရန် အထူးစိတ်ဝင်စားမည်။
တာဝန်နံပါတ် ၃– ၅ မိနစ်။ ယင်းကို ညီအစ်မတစ်ဦးအား တာဝန်ပေးပါမည်။ ဤတာဝန်ရသောကျောင်းသူများအား ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၈၂ တွင်ဖော်ပြထားသည့်ဇယားမှ ဇာတ်အိမ်တစ်ခုကို သတ်မှတ်ပေးမည် သို့မဟုတ် ရွေးချယ်စေမည်။ ကျောင်းသူသည် ပေးထားသည့်အဓိကအကြောင်းကို အသုံးပြုကာ ဒေသခံအသင်းတော်ရပ်ကွက်အတွက် သဘာဝကျပြီး လက်တွေ့ကျသော လယ်ကွင်းလုပ်ငန်းကဏ္ဍတစ်ခုနှင့် ယင်းကိုသက်ဆိုင်စေသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသူသည် သစ္စာနှင့်သတိပညာရှိ ကျွန်အတန်းအစားက စီမံပေးထားသည့် စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက် အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပါမည်။ ကျောင်းသူအသစ်များအား ရည်ညွှန်းချက်များပေးထားသောတာဝန်များကို ပေးသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသူက တာဝန်ရထားသည့်အကြောင်းအရာအား အဆင့်ဆင့်ရှင်းလင်းတင်ပြသွားပုံနှင့် အိမ်ရှင်အား ကျမ်းချက်များအပေါ်ဆင်ခြင်ရန်နှင့် တင်ဆက်သည့်အဓိကအချက်များအားနားလည်ရန် ကူညီပေးပုံတို့ကို အထူးစိတ်ဝင်စားမည်။ ဤအပိုင်းကိုတာဝန်ရသော ကျောင်းသူများသည် မည်သို့စာဖတ်ရမည်ကို သိသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် အကူတစ်ဦးကို ခန့်အပ်ပေးမည်ဖြစ်သည်။
တာဝန်နံပါတ် ၄– ၅ မိနစ်။ ကျောင်းသားသည် ပေးထားသည့်အဓိကအကြောင်းကို အဆင့်ဆင့် ရှင်းလင်းတင်ပြသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသားသည် သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားက စီမံပေးထားသောစာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက်အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပါမည်။ ဤအပိုင်းကို ညီအစ်ကိုတစ်ဦးအား တာဝန်ပေးလျှင် နိုင်ငံတော်ခန်းမရှိပရိသတ်ကို ရည်စူးဟောပြောသည့်အနေဖြင့် တင်ပြသင့်သည်။ ညီအစ်မတစ်ဦးကိုတာဝန်ပေးလျှင် တာဝန်နံပါတ် ၃ အတိုင်း အမြဲတင်ဆက်သင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သင့်လျော်သည့်အခါတိုင်း တာဝန်နံပါတ် ၄ ကို ညီအစ်ကိုတစ်ဦးအား ပေးနိုင်သည်။ ဘေးတွင် ခရေပွင့်ပြထားသော အဓိကအကြောင်းများကို ဟောပြောချက်အနေဖြင့် အဆင့်ဆင့်ရှင်းလင်းတင်ပြရန် ညီအစ်ကိုများကို တာဝန်ပေးသင့်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။
အချိန်– မည်သည့်ဟောပြောချက်မျှ အချိန်မကျော်သင့်ပါ။ သွန်သင်ချက်ပေးသူ၏ မှတ်ချက်များလည်း အချိန်မကျော်သင့်ပါ။ တာဝန်နံပါတ် ၂ မှ နံပါတ် ၄ သည်အချိန်စေ့ပါက လိမ္မာပါးနပ်စွာ ရပ်ဆိုင်းစေသင့်သည်။ စကားပြောအရည်အသွေးတစ်ခုနှင့်ဆိုင်သည့် အဖွင့်ဟောပြောချက်၊ တာဝန်နံပါတ် ၁ သို့မဟုတ် ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များတင်ပြရန် တာဝန်ကျသောညီအစ်ကိုများ အချိန်ကျော်လျှင် သီးသန့်သွန်သင်ချက်ပေးသင့်သည်။ အားလုံး အချိန်မကျော်ရန် ဂရုစိုက်သင့်သည်။ သီချင်းဆိုခြင်းနှင့် ဆုတောင်းခြင်းမပါဘဲ ကျောင်းသည် စုစုပေါင်း ၄၅ မိနစ်ဖြစ်သည်။
သွန်သင်ချက်– ၁ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသားတင်ဆက်မှုတစ်ခုပြီးတိုင်း ချီးကျူးထိုက်သော ဟောပြောချက်ကဏ္ဍတစ်ရပ်နှင့်ဆိုင်သည့် တည်ဆောက်မှုဖြစ်စေသော ရှုမြင်ချက်အချို့ပေးရန် တစ်မိနစ် ထက်ကျော်မည်မဟုတ်ပေ။ သူ၏ဦးတည်ချက်မှာ “ကောင်းတယ်” ဟုဆိုရုံသာမဟုတ်ဘဲ ထိုတင်ဆက်မှုကဏ္ဍသည် အဘယ်ကြောင့်ထိရောက်မှုရှိကြောင်း သတ်သတ်မှတ်မှတ်အကြောင်းရင်းများကို ညွှန်ပြရန်ဖြစ်သည်။ ကျောင်းသားတစ်ဦးစီ၏လိုအပ်ရာနှင့်အညီ အပြုသဘောပါသော ထပ်ဆင့်သွန်သင်ချက်ကို အစည်းအဝေးပြီးသည့်အခါ သို့မဟုတ် အခြားအချိန်တစ်ချိန်တွင် သီးသန့်ပေးနိုင်သည်။
အရန်သွန်သင်ချက်ပေးသူ– ဖြစ်နိုင်လျှင် အကြီးအကဲအဖွဲ့သည် ကျောင်းကြီးကြပ်မှူးအပြင် အရန်သွန်သင်ချက်ပေးသူအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိအကြီးအကဲတစ်ဦးကို ရွေးချယ်နိုင်သည်။ အသင်းတော်တွင် အကြီးအကဲအတော်များများရှိပါက ဤတာဝန်ကို အရည်အချင်းပြည့်မီသောအကြီးအကဲတစ်ဦးလျှင် တစ်နှစ်စီထမ်းဆောင်နိုင်သည်။ အရန်သွန်သင်ချက်ပေးသူ၏တာဝန်သည် တာဝန်နံပါတ် ၁ နှင့် ကျမ်းစာပေါ်လွင်ချက်များတင်ဆက်သော ညီအစ်ကိုများအား လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးရန်ဖြစ်သည်။ သူသည် အကြီးအကဲချင်း သို့မဟုတ် ဓမ္မအမှုထမ်းချင်းများ၏ ထိုသို့သောဟောပြောချက် တစ်ခုပြီးတိုင်း သွန်သင်ချက်ပေးရန်မလိုပေ။ ဤအစီအစဉ်သည် ၂၀၀၅ ခုနှစ်အတွင်း အကျိုးသက်ရောက်မည်ဖြစ်ပြီး ၎င်းနောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုရှိကောင်းရှိပါမည်။
သွန်သင်ချက်ပုံစံ– ကျောင်းသုံးစာအုပ်တွင်။
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း– ၃၀ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းကို နှစ်လတစ်ကြိမ်ပြုလုပ်ပါမည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း စကားပြောအရည်အသွေးတစ်ခုနှင့် ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များကို သုံးသပ်ပြီးသည့်အခါ ယင်းကိုဆက်၍ပြုလုပ်ပါမည်။ နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းသည် လက်ရှိအပတ် အပါအဝင် ယခင်နှစ်လအတွင်း ကျောင်းတွင်သုံးသပ်ခဲ့သည့် အကြောင်းအရာအပေါ် အခြေခံမည်ဖြစ်သည်။ သင့်အသင်းတော်သည် နှုတ်ဖြေပြန်လည်သုံးသပ်မည့်အပတ်တွင် တိုက်နယ်စည်းဝေးပွဲ သို့မဟုတ် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှုရှိလျှင် ဒီဇင်ဘာ ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၅ တွင်ပါသည့် အစီအစဉ်ညွှန်ကြားချက်များကို လိုက်နာပါ။
အစီအစဉ်
ဇန်. ၃ကျမ်းစာဖတ်ရှုခြင်း–ယောရှု ၁၆–၂၀ သီချင်း ၆
စကားပြောအရည်အသွေး– အခြားသူများအား နားလည်သဘောပေါက်စေခြင်း (ပက စ. ၂၂၆
¶(အပိုဒ်) ၁–စ. ၂၂၇ ¶(အပိုဒ်) ၁)
နံပါတ် ၁–ဘုရားသခင်ကို ကြောက်ရွံ့လော့ (ပက စ. ၂၇၂ ¶၁–စ. ၂၇၃ ¶၁)
နံပါတ် ၂–ယောရှု ၁၆:၁–၁၇:၄
နံပါတ် ၃–ကျမ်းစာဖတ်ရုံနှင့် အဘယ်ကြောင့် မလုံလောက် (ကက စ. ၁၉၀ ¶၃-၄)
နံပါတ် ၄–ချမ်းသာခြင်း၊ ဆင်းရဲခြင်းဟူသည် ယနေ့ တကယ့် ဘုရားတရားကိုင်းရှိုင်းသည့် လက္ခဏာတစ်ရပ်လော
ဇန်. ၁၀ကျမ်းစာဖတ်ရှုခြင်း–ယောရှု ၂၁–၂၄ သီချင်း ၁၀၀
စကားပြောအရည်အသွေး–အကျွမ်းမဝင်သောစကားအသုံးအနှုန်းများကို ရှင်းပြခြင်း (ပက စ. ၂၂၇ ¶၂–စ. ၂၂၈ ¶၁)
နံပါတ် ၁–ဘုရားသခင့်နာမတော်ကို သိရှိစေခြင်း (ပက စ. ၂၇၃ ¶၂-၇)
နံပါတ် ၂–ယောရှု ၂၃:၁-၁၃
နံပါတ် ၃–မှန်သောဘာသာသည် ကျမ်းစာပေါ်အခြေပြုကာ ဘုရားသခင့်နာမတော်ကိုသိရှိစေ (ကက စ. ၁၉၀ ¶၅–စ. ၁၉၁ ¶၁)
နံပါတ် ၄–ယေရှုကို ကိုးကွယ်ခြင်းသည် တော်မှန်သလော
ဇန်. ၁၇ကျမ်းစာဖတ်ရှုခြင်း–တရားသူကြီး ၁–၄ သီချင်း ၉၇
စကားပြောအရည်အသွေး–လိုအပ်သောရှင်းပြချက်ကို ပေးခြင်း (ပက စ. ၂၂၈ ¶၂-၃)
နံပါတ် ၁–အမည်နာမဖြင့် ခွဲခြားပြထားသောပုဂ္ဂိုလ် (ပက စ. ၂၇၄ ¶၁-၄)
နံပါတ် ၂–တရားသူကြီး ၂:၁-၁၀
နံပါတ် ၃–မှန်သောဘာသာသည် ယေရှုခရစ်အပေါ် စစ်မှန်သောယုံကြည်ခြင်းရှိကြောင်း ထင်ရှားပြ
နံပါတ် ၄–အန္တရာယ်ရှိသော တေးဂီတဗီဒီယိုများမှ သင့်ကိုယ်ကို မည်သို့ကာကွယ်နိုင်သနည်း
ဇန်. ၂၄ကျမ်းစာဖတ်ရှုခြင်း–တရားသူကြီး ၅–၇ သီချင်း ၄၇
စကားပြောအရည်အသွေး–နှလုံးပါဝင်ပတ်သက်ပုံ (ပက စ. ၂၂၈ ¶၄–စ. ၂၂၉ ¶၁)
နံပါတ် ၁–ဘုရားသခင့်နာမတော်—“ခိုင်ခံ့သောရဲတိုက်” (ပက စ. ၂၇၄ ¶၅–စ. ၂၇၅ ခေါင်းစဉ်ငယ်)
နံပါတ် ၂–တရားသူကြီး ၆:၂၅-၃၅
နံပါတ် ၃–ကျမ်းစာက ကျွန်ုပ်တို့၏လွတ်လပ်စွာရွေးချယ်ခွင့်အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း
နံပါတ် ၄–မှန်သောဘာသာသည် အခမ်းအနားဆန်သောဝတ်ပြုမှုမဟုတ်သော်လည်း အသက်တာလမ်းစဉ်
တစ်ရပ်ဖြစ် (ကက စ. ၁၉၁ ¶၃)
ဇန်. ၃၁ကျမ်းစာဖတ်ရှုခြင်း–တရားသူကြီး ၈–၁၀ သီချင်း ၁၇၄
စကားပြောအရည်အသွေး–သင့်ပရိသတ်အတွက် သိမှတ်ဖွယ် (ပက စ. ၂၃၀ ¶၁-၆)
နံပါတ် ၁–ယေရှုအကြောင်း သက်သေခံခြင်း (ပက စ. ၂၇၅ ခေါင်းစဉ်ငယ်–စ. ၂၇၆ ¶၁)
နံပါတ် ၂–က၀၃ ၁/၁၅ စစ. ၁၉-၂၀ ¶၁၆-၁၈
နံပါတ် ၃–စစ်မှန်သောဘာသာ၏ အသင်းသားများသည် အချင်းချင်းချစ်ကြကာ လောကနှင့်သီးခြားနေ
နံပါတ် ၄–ရုပ်ဝါဒဟူသည် ဥစ္စာပစ္စည်းများ စုဆောင်းခြင်းမျှသာမဟုတ်
ဖေ. ၇ကျမ်းစာဖတ်ရှုခြင်း–တရားသူကြီး ၁၁–၁၄ သီချင်း ၂၀၉
စကားပြောအရည်အသွေး–သုတေသနပြုခြင်းဖြင့် ဟောပြောချက်ကို သိမှတ်ဖွယ်ရာဖြစ်စေခြင်း
နံပါတ် ၁–ရွေးနုတ်ရှင်အဖြစ် ယေရှု၏အခန်းကဏ္ဍကို အလေးပေးဖော်ပြခြင်း (ပက စ. ၂၇၆ ¶၂-၃)
နံပါတ် ၂–တရားသူကြီး ၁၂:၁-၁၅
နံပါတ် ၃–ယေဟောဝါသက်သေများ အဘယ်ကြောင့် စည်းလုံးမှုရှိကြ
နံပါတ် ၄–စစ်မှန်သောဘာသာ၏ အသင်းသားများသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း တက်ကြွစွာသက်သေခံကြ (ကက စ. ၁၉၂ ¶၁)
ဖေ. ၁၄ကျမ်းစာဖတ်ရှုခြင်း–တရားသူကြီး ၁၅–၁၈ သီချင်း ၁၀၅
စကားပြောအရည်အသွေး–ကျမ်းချက်များကို ရှင်းပြပေးခြင်း (ပက စ. ၂၃၁ ¶၄-၅)
နံပါတ် ၁–ယဇ်ပုရောဟိတ်မင်းကြီးနှင့် အသင်းတော်၏ဦးခေါင်းအဖြစ် ယေရှု၏အခန်းကဏ္ဍကို
အလေးပေးဖော်ပြခြင်း (ပက စ. ၂၇၇ ¶၁-၂)
နံပါတ် ၂–တရားသူကြီး ၁၅:၉-၂၀
နံပါတ် ၃–aတစ်စုံတစ်ယောက်က ‘ယေရှုကိုယုံကြည်လို့ရှိရင်၊ ဘယ်အသင်းပဲဝင်ဝင် အကြောင်းမဟုတ်ပါဘူး’ ဟုပြောလျှင် (ကက စ. ၁၉၄ ¶၃)
နံပါတ် ၄–စိတ်ညှို့ပညာကို ခရစ်ယာန်များ အဘယ်ကြောင့်မလိုက်စားကြ
ဖေ. ၂၁ကျမ်းစာဖတ်ရှုခြင်း–တရားသူကြီး ၁၉–၂၁ သီချင်း ၅၃
စကားပြောအရည်အသွေး–ဝေါဟာရများ၏အဓိပ္ပာယ်ကိုရှင်းပြခြင်း (ပက စ. ၂၃၂ ¶၁)
နံပါတ် ၁–စိုးစံလျက်ရှိသောဘုရင်အဖြစ် ယေရှု၏အခန်းကဏ္ဍကို အလေးပေးဖော်ပြခြင်း
နံပါတ် ၂–က၀၃ ၂/၁ စစ. ၁၇-၁၈ ¶၁၈-၂၁
နံပါတ် ၃–bအဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
တစ်စုံတစ်ယောက်က ‘မှန်တဲ့ဘာသာတစ်ခုတည်းရှိတယ်လို့ ခင်ဗျား ဘာကြောင့်ထင်သလဲ’ ဟုပြောလျှင် (ကက စ. ၁၉၄ ¶၄)
နံပါတ် ၄–“ဘုရားသခင်၏နက်နဲသောအရာ” အချို့ကား အဘယ်နည်း (၁ ကော. ၂:၁၀)
ဖေ. ၂၈ကျမ်းစာဖတ်ရှုခြင်း–ရုသ ၁–၄ သီချင်း ၁၂၀
စကားပြောအရည်အသွေး–ကျမ်းချက်များကို ဆင်ခြင်သုံးသပ်ခြင်း (ပက စ. ၂၃၂ ¶၂-၄)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
မတ် ၇ကျမ်းစာဖတ်ရှုခြင်း–၁ ဓမ္မရာဇဝင် ၁–၄ သီချင်း ၂၂၁
စကားပြောအရည်အသွေး–သင့်ပရိသတ်ကို အကျိုးပြုမည့် အချက်အလက်ကိုရွေးချယ်ခြင်း (ပက စ. ၂၃၂ ¶၅–စ. ၂၃၃ ¶၄)
နံပါတ် ၁–ခရစ်တော်ကို အုတ်မြစ်အဖြစ်ချခြင်း (ပက စ. ၂၇၈ ¶၁-၄)
နံပါတ် ၂–၁ ဓမ္မရာဇဝင် ၂:၁-၁၁
နံပါတ် ၃–ယေရှုသည် ကောင်းကင်သို့ သွေးသားခန္ဓာဖြင့် မတက်ကြွခဲ့ (ကက စ. ၂၇၁ ¶၂–စ. ၂၇၂ ¶၁)
နံပါတ် ၄–ခရစ်ယာန်စစ်များသည် အဘယ်ကြောင့် ဇာတာခွင်မကြည့်ရှုကြ
မတ် ၁၄ကျမ်းစာဖတ်ရှုခြင်း–၁ ဓမ္မရာဇဝင် ၅–၉ သီချင်း ၁၅၁
စကားပြောအရည်အသွေး–တာဝန်ကျအကြောင်းအရာကိုအသုံးပြုခြင်း (ပက စ. ၂၃၄ ¶၁–စ. ၂၃၅ ¶၃)
နံပါတ် ၁–နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း (ပက စ. ၂၇၉ ¶၁-၄)
နံပါတ် ၂–၁ ဓမ္မရာဇဝင် ၅:၁-၁၂
နံပါတ် ၃–ယေရှုသည် ရုပ်ခန္ဓာများဖြင့် အဘယ်ကြောင့်ထင်ရှားပြခဲ့ (ကက စ. ၂၇၂ ¶၂–စ. ၂၇၃ ¶၁)
နံပါတ် ၄–ယေဟောဝါနှင့် ကျွန်ုပ်တို့၏ခင်မင်ရင်းနှီးမှုကို ခိုင်ခံ့မြဲမြံစေနိုင်ပုံ
မတ် ၂၁ကျမ်းစာဖတ်ရှုခြင်း–၁ ဓမ္မရာဇဝင် ၁၀–၁၃ သီချင်း ၁၆၆
စကားပြောအရည်အသွေး–မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်း (ပက စ. ၂၃၆ ¶၁-၅)
နံပါတ် ၁–နိုင်ငံတော်ဟူသည် အဘယ်အရာဖြစ်ကြောင်း ရှင်းပြခြင်း (ပက စ. ၂၈၀ ¶၁-၅)
နံပါတ် ၂–၁ ဓမ္မရာဇဝင် ၁၀:၁-၁၂
နံပါတ် ၃–ခရစ်ယာန်များသည် ယုံကြည်ချင်းမတူသော ချစ်မြတ်နိုးရသူများအား မည်သို့ဆက်ဆံသင့်သနည်း
နံပါတ် ၄–ခရစ်တော်နှင့်အတူစိုးစံရန် ရှင်ပြန်ထမြောက်သူများသည် ကိုယ်တော်နှင့်တူမည် (ကက စ. ၂၇၃ ¶၃-၇)
မတ် ၂၈ကျမ်းစာဖတ်ရှုခြင်း–၁ ဓမ္မရာဇဝင် ၁၄–၁၅ သီချင်း ၁၇၂
စကားပြောအရည်အသွေး–အရေးကြီးသောယူဆချက်များကိုဖော်ပြရန် မေးခွန်းများ (ပက စ. ၂၃၇ ¶၁-၂)
နံပါတ် ၁–နိုင်ငံတော်က ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်ပုံကို ရှင်းပြခြင်း (ပက စ. ၂၈၁ ¶၁-၄)
နံပါတ် ၂–က၀၃ ၃/၁၅ စစ. ၁၉-၂၀ ¶၁၇-၂၁
နံပါတ် ၃–ခရစ်ယာန်များ အဘယ်ကြောင့် အခွန်ဆောင်ကြ
နံပါတ် ၄–ရှင်ပြန်ထမြောက်ခြင်းသည် လူသားအများစုအတွက် အဘယ်အဓိပ္ပာယ်ရှိမည်နည်း (ကက စ. ၂၇၄ ¶၁–စ. ၂၇၅ ¶၂)
ဧပြီ ၄ကျမ်းစာဖတ်ရှုခြင်း–၁ ဓမ္မရာဇဝင် ၁၆–၁၈ သီချင်း ၂၇
စကားပြောအရည်အသွေး–အကြောင်းအရာအပေါ် ကျိုးကြောင်းဆင်ခြင်ရန် မေးခွန်းများ (ပက စ. ၂၃၇ ¶၃–စ. ၂၃၈ ¶၂)
နံပါတ် ၁–ပညာရေးသည် ခရစ်ယာန်များအတွက် အဘယ်ကြောင့်အရေးပါ (က၀၃ ၃/၁၅ စ. ၁၀ ¶၁–
နံပါတ် ၂–၁ ဓမ္မရာဇဝင် ၁၇:၄၁-၅၁
နံပါတ် ၃–ရှင်ပြန်ထမြောက်သူများသည် ယခင်အကျင့်များအတွက် အဘယ်ကြောင့် အပြစ်စီရင်ခံရမည်မဟုတ် (ကက စ. ၂၇၅ ¶၄)
နံပါတ် ၄– အကျိုးဆက်များကို တွေးတောဆင်ခြင်ခြင်းက ကောင်းမှုကိုချစ်ပြီး မကောင်းမှုကိုမုန်းရန် ကူညီပေးနိုင်
ဧပြီ ၁၁ကျမ်းစာဖတ်ရှုခြင်း–၁ ဓမ္မရာဇဝင် ၁၉–၂၂ သီချင်း ၇၃
စကားပြောအရည်အသွေး–အတွင်းခံစားချက်များကိုဆွဲထုတ်ရန် မေးခွန်းများ (ပက စ. ၂၃၈ ¶၃-၅)
နံပါတ် ၁–လူငယ်များ ဝိညာဉ်ရေးဘက်တွင် တိုးတက်နိုင်ပုံ (က၀၃ ၄/၁ စစ. ၈-၁၀)
နံပါတ် ၂–၁ ဓမ္မရာဇဝင် ၂၀:၂၄-၃၄
နံပါတ် ၃–ကျိုးနွံမှုအစစ်သည် အဘယ်ကြောင့် နှစ်သက်ဖွယ်အရည်အသွေးတစ်ခုဖြစ်
နံပါတ် ၄–“ကျန်လူသေတို့” သည် ကမ္ဘာပေါ်သို့ အသက်ရှင်လာကြပုံ (ကက စ. ၂၇၆ ¶၁-၄)
ဧပြီ ၁၈ကျမ်းစာဖတ်ရှုခြင်း–၁ ဓမ္မရာဇဝင် ၂၃–၂၅ သီချင်း ၆၁
စကားပြောအရည်အသွေး–လေးနက်မှုထပ်ဆင့်ရန် မေးခွန်းများ (ပက စ. ၂၃၉ ¶၁-၂)
နံပါတ် ၁–ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားလော့ (က၀၃ ၁၁/၁ စစ. ၄-၇)
နံပါတ် ၂–က၀၃ ၅/၁ စ. ၁၇ ¶၁၁-၁၄
နံပါတ် ၃–မြေကြီးဆိုင်ရာထမြောက်ခြင်း၌ ပါဝင်သူများ (ကက စ. ၂၇၇ ¶၁-၅)
နံပါတ် ၄–အာဗြဟံပဋိညာဉ်ကို အဘယ်ကြောင့်ဖွဲ့ခဲ့ရ
ဧပြီ ၂၅ကျမ်းစာဖတ်ရှုခြင်း–၁ ဓမ္မရာဇဝင် ၂၆–၃၁ သီချင်း ၂၁၇
စကားပြောအရည်အသွေး–မှားယွင်းသောအတွေးအခေါ်ကို လှစ်ဟပြရန် မေးခွန်းများ (ပက စ. ၂၃၉ ¶၃-၅)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
မေ ၂ကျမ်းစာဖတ်ရှုခြင်း–၂ ဓမ္မရာဇဝင် ၁–၃ သီချင်း ၉၁
စကားပြောအရည်အသွေး–သွန်သင်ပေးသည့် နှိုင်းယှဉ်မှုများ (ပက စ. ၂၄၀ ¶၁–စ. ၂၄၁ ¶၁)
နံပါတ် ၁–ပညာရေးသည် အလုပ်အကိုင်ရဖို့အတွက်သာမဟုတ် (က၀၃ ၃/၁၅ စ. ၁၁ ¶၆–စ. ၁၄ ¶၄)
နံပါတ် ၂–၂ ဓမ္မရာဇဝင် ၂:၁-၁၁
နံပါတ် ၃–ခရစ်တော်၏ရောက်ရှိခြင်းဆိုင်ရာ အဖြစ်အပျက်များသည် နှစ်များစွာတစ်လျှောက်ဖြစ်ပျက်
နံပါတ် ၄–ရိုးသားမှုရှိခြင်း၏ များစွာသောအကျိုးကျေးဇူးများ
မေ ၉ကျမ်းစာဖတ်ရှုခြင်း–၂ ဓမ္မရာဇဝင် ၄–၈ သီချင်း ၁၈၃
စကားပြောအရည်အသွေး–နမူနာများကိုအသုံးပြုခြင်း (ပက စ. ၂၄၁ ¶၂-၄)
နံပါတ် ၁–ယေဟောဝါသည် လူငယ်များကို အမှန်တကယ်စိတ်ဝင်စား (က၀၃ ၄/၁၅ စ. ၂၉ ¶၃–စ. ၃၁ ¶၃)
နံပါတ် ၂–၂ ဓမ္မရာဇဝင် ၅:၁-၁၂
နံပါတ် ၃–ပညတ်ပဋိညာဉ်သည် အဘယ်အရာကို ပြီးမြောက်စေခဲ့သနည်း
နံပါတ် ၄–ခရစ်တော်ပြန်ကြွလာခြင်းကို မျက်စိဖြင့်မမြင်နိုင် (ကက စ. ၆၃ ¶၂-၄)
မေ ၁၆ကျမ်းစာဖတ်ရှုခြင်း–၂ ဓမ္မရာဇဝင် ၉–၁၂ သီချင်း ၆၆
စကားပြောအရည်အသွေး–ကျမ်းစာပါ နမူနာများ (ပက စ. ၂၄၂ ¶၁-၂)
နံပါတ် ၁–သင်၏လုပ်ဆောင်မှုကို ယေဟောဝါသတိပြုမိသလော (က၀၃ ၅/၁ စစ. ၂၈-၃၁)
နံပါတ် ၂–၂ ဓမ္မရာဇဝင် ၉:၁-၁၃
နံပါတ် ၃–ယေရှုပြန်ကြွလာသောနည်းနှင့် ကိုယ်တော်အား ရှိသမျှသောသူတို့ မြင်ရမည့်ပုံ (ကက စ. ၆၄ ¶၂–စ. ၆၅ ¶၃)
နံပါတ် ၄–ဘုရား၏နှုတ်ကပါဌ်တော်သည် မည်သည့်နည်းများဖြင့် အသက်ရှင်သနည်း (ဟေဗြဲ ၄:၁၂)
မေ ၂၃ကျမ်းစာဖတ်ရှုခြင်း–၂ ဓမ္မရာဇဝင် ၁၃–၁၅ သီချင်း ၁၀၃
စကားပြောအရည်အသွေး–နမူနာများကို နားလည်မည်လော (ပက စ. ၂၄၂ ¶၃–စ. ၂၄၃ ¶၁)
နံပါတ် ၁–နောဧ၏မှတ်တမ်း—ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်ရှိသလော (က၀၃ ၅/၁၅ စစ. ၄-၇)
နံပါတ် ၂–၂ ဓမ္မရာဇဝင် ၁၃:၁၀-၂၂
နံပါတ် ၃–ယောဟန် ၁၁:၂၅၊ ၂၆ ကို မည်သို့နားလည်ရန်ဖြစ်သနည်း
နံပါတ် ၄–ခရစ်တော်၏ရောက်ရှိခြင်းနှင့်ဆက်စပ်သော အဖြစ်အပျက်များ (ကက စ. ၆၅ ¶၄–စ. ၆၆ ¶၄)
မေ ၃၀ကျမ်းစာဖတ်ရှုခြင်း–၂ ဓမ္မရာဇဝင် ၁၆–၁၈ သီချင်း ၁၃၂
စကားပြောအရည်အသွေး–အကျွမ်းတဝင်ရှိသောအခြေအနေများမှ ပုံဥပမာများ (ပက စ. ၂၄၄ ¶၁-၂)
နံပါတ် ၁–ဖြောင့်မတ်မှန်ကန်စွာတွေးတော၍ ပညာရှိရှိကျင့်ဆောင်ပါလေ (က၀၃ ၇/၁၅ စစ. ၂၁-၃)
နံပါတ် ၂–က၀၃ ၅/၁၅ စစ. ၁၆-၁၇ ¶၈-၁၁
နံပါတ် ၃–ဥပုသ်စောင့်ရန် ခရစ်ယာန်များကို မတောင်းဆို (ကက စ. ၄၂၃ ¶၁–စ. ၄၂၄ ¶၂)
နံပါတ် ၄–နှိမ့်ချမှုသည် အဘယ်ကြောင့် အားနည်းမှုတစ်ခုမဟုတ်
ဇွန် ၆ကျမ်းစာဖတ်ရှုခြင်း–၂ ဓမ္မရာဇဝင် ၁၉–၂၁ သီချင်း ၂၂၄
စကားပြောအရည်အသွေး–သင့်ပရိသတ်အတွက် သင့်လျော်သောပုံဥပမာများ (ပက စ. ၂၄၄ ¶၃–
နံပါတ် ၁–ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း (က၀၃ ၁၀/၁ စ. ၂၀ ¶၁–စ. ၂၁ ¶၅)
နံပါတ် ၂–၂ ဓမ္မရာဇဝင် ၁၉:၁-၁၀
နံပါတ် ၃–ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်၏အနားယူရာသို့ မည်သို့ဝင်နိုင်သနည်း
နံပါတ် ၄–အာဒံ ဥပုသ်စောင့်ခဲ့ကြောင်း ကျမ်းစာမှတ်တမ်းမရှိ (ကက စ. ၄၂၄ ¶၃-၅)
ဇွန် ၁၃ကျမ်းစာဖတ်ရှုခြင်း–၂ ဓမ္မရာဇဝင် ၂၂–၂၄ သီချင်း ၇၄
စကားပြောအရည်အသွေး–ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ထိရောက်စွာအသုံးပြုခြင်း
နံပါတ် ၁–သွန်သင်၍ရသောသူဖြစ်ကာ သင့်နှုတ်ကိုစောင့်စည်းပါ (က၀၃ ၉/၁၅ စ. ၂၁ ¶၁–စ. ၂၂ ¶၄)
နံပါတ် ၂–၂ ဓမ္မရာဇဝင် ၂၄:၁၀-၁၇
နံပါတ် ၃–ယေရှုသည် မောရှေပညတ်ကို “အခမ်းအနား” နှင့် “သီလ” ဟူသောအပိုင်းများအဖြစ် မခွဲခြားခဲ့
နံပါတ် ၄–ခရစ်ယာန်တစ်ဦးသည် မည်သည့်နည်းများဖြင့် လောကနှင့်သီးခြားနေရမည်နည်း
ဇွန် ၂၀ကျမ်းစာဖတ်ရှုခြင်း–၃ ဓမ္မရာဇဝင် ၁–၂ သီချင်း ၂
စကားပြောအရည်အသွေး–ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ယေရှုအသုံးပြုခဲ့ပုံ
နံပါတ် ၁–ရောင့်ရဲသောစိတ်၏ လျှို့ဝှက်ချက်ကိုသင်ယူခြင်း (က၀၃ ၆/၁ စစ. ၈-၁၁)
နံပါတ် ၂–က၀၃ ၆/၁ စစ. ၁၂-၁၃ ¶၁-၄
နံပါတ် ၃–ပညတ်တော်ဆယ်ပါးနှင့်ပတ်သက်၍ အထူးအရေးပါသည့်အရာကား အဘယ်နည်း
နံပါတ် ၄–ပညတ်တော်ဆယ်ပါးသည် မောရှေပညတ်နှင့်အတူ ကွယ်ပျောက်ခဲ့ (ကက စ. ၄၂၆ ¶၁-၂)
ဇွန် ၂၇ကျမ်းစာဖတ်ရှုခြင်း–၃ ဓမ္မရာဇဝင် ၃–၆ သီချင်း ၁၆၇
စကားပြောအရည်အသွေး–ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုရန်နည်းလမ်းများ
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
ဇူ. ၄ကျမ်းစာဖတ်ရှုခြင်း–၃ ဓမ္မရာဇဝင် ၇–၈ သီချင်း ၁၉၄
စကားပြောအရည်အသွေး–မြေပုံများ၊ ပုံနှိပ်ထားသော စည်းဝေးပွဲအစီအစဉ်စာရွက်များနှင့် ဗီဒီယိုခွေ
များကို အသုံးပြုခြင်း (ပက စ. ၂၄၈ ¶၄–စ. ၂၄၉ ¶၂)
နံပါတ် ၁–သက်ကြီးရွယ်အို ယုံကြည်သူချင်းများကို တန်ဖိုးထားပါ (က၀၃ ၉/၁ စစ. ၃၀-၁)
နံပါတ် ၂–၃ ဓမ္မရာဇဝင် ၈:၁-၁၃
နံပါတ် ၃–ယေရှုသည် လောကကို မည်သို့အောင်နိုင်ခဲ့သနည်း
နံပါတ် ၄–ပညတ်တော်ဆယ်ပါး ကွယ်ပျောက်သွားသော်လည်း သီလဆိုင်ရာကန့်သတ်ချက်သည်
အဘယ်ကြောင့် ဖယ်ရှားမခံခဲ့ရ (ကက စ. ၄၂၆ ¶၃–စ. ၄၂၇ ¶၁)
ဇူ. ၁၁ကျမ်းစာဖတ်ရှုခြင်း–၃ ဓမ္မရာဇဝင် ၉–၁၁ သီချင်း ၁၉၁
စကားပြောအရည်အသွေး–ပို၍ကြီးမားသောလူစုအတွက် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို
အသုံးပြုခြင်း (ပက စ. ၂၄၉ ¶၃–စ. ၂၅၀ ¶၁)
နံပါတ် ၁–ကမ္ဘာပေါ် ယေရှုခရစ် သက်တော်ထင်ရှားခဲ့ခြင်းသာဓက (က၀၃ ၆/၁၅ စစ. ၄-၇)
နံပါတ် ၂–၃ ဓမ္မရာဇဝင် ၉:၁-၉
နံပါတ် ၃–ဥပုသ်သည် ခရစ်ယာန်များအတွက် အဘယ်အဓိပ္ပာယ်ရှိ (ကက စ. ၄၂၇ ¶၂–စ. ၄၂၈ ¶၄)
နံပါတ် ၄–ကျမ်းစာမူများကျင့်သုံးခြင်းဖြင့် မူးယစ်ဆေးစွဲခြင်းကို အောင်မြင်နိုင်
ဇူ. ၁၈ကျမ်းစာဖတ်ရှုခြင်း–၃ ဓမ္မရာဇဝင် ၁၂–၁၄ သီချင်း ၁၆၂
စကားပြောအရည်အသွေး–ကျိုးကြောင်းဆင်ခြင်သည့်ပုံစံသည် အဘယ်ကြောင့်အရေးကြီး (ပက စ. ၂၅၁ ¶၁-၃)
နံပါတ် ၁–အကြံအစည်ပေါ်၍ ပြုလုပ်ကြရာ အကျိုးဆက်ရ (က၀၃ ၁/၁၅ စ. ၃၀ ¶၁-၃)
နံပါတ် ၂–၃ ဓမ္မရာဇဝင် ၁၂:၁-၁၁
နံပါတ် ၃–ယုံကြည်ခြင်းက စုံစမ်းခြင်းများကို မည်သို့ရင်ဆိုင်နိုင်စေ
နံပါတ် ၄–သမ္မာကျမ်းစာက မည်သူတို့ကို သူတော်စင်များအဖြစ် ရည်ညွှန်း (ကက စ. ၃၂၄ ¶၁-၃)
ဇူ. ၂၅ကျမ်းစာဖတ်ရှုခြင်း–၃ ဓမ္မရာဇဝင် ၁၅–၁၇ သီချင်း ၁၅၈
စကားပြောအရည်အသွေး–စတင်ရမည့်နေရာ (ပက စ. ၂၅၁ ¶၄–စ. ၂၅၂ ¶၃)
နံပါတ် ၁–‘ယေဟောဝါအလိုတော်ရှိရာကို ပိုင်းခြားသိမြင်’ နိုင်ပုံ (က၀၃ ၁၂/၁ စ. ၂၁ ¶၃–စ. ၂၃ ¶၂)
နံပါတ် ၂–က၀၃ ၇/၁၅ စ. ၁၉ ¶၁၅-၁၇
နံပါတ် ၃–“သူတော်စင်” များထံ ကျွန်ုပ်တို့ အဘယ်ကြောင့်ဆုမတောင်းကြ (ကက စ. ၃၂၅ ¶၁–စ. ၃၂၆ ¶၁)
နံပါတ် ၄–သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်ယာန်များအား မည်သို့နှစ်သိမ့်မှုပေးသနည်း
ဩ. ၁ကျမ်းစာဖတ်ရှုခြင်း–၃ ဓမ္မရာဇဝင် ၁၈–၂၀ သီချင်း ၂၀၇
စကားပြောအရည်အသွေး–လိုက်လျောရမည့်အချိန် (ပက စ. ၂၅၂ ¶၄–စ. ၂၅၃ ¶၂)
နံပါတ် ၁–လူငယ်များ၊ ယေဟောဝါနှင့်ထိုက်လျောက်စွာကျင့်ကြလော့ (က၀၃ ၁၀/၁၅ စ. ၂၃ ¶၁–
နံပါတ် ၂–၃ ဓမ္မရာဇဝင် ၁၈:၁-၁၅
နံပါတ် ၃–ခရစ်ယာန်အားလုံး အသီးများစွာသီးနိုင်
နံပါတ် ၄–“သူတော်စင်များ” ၏ဓာတ်တော်နှင့် ရုပ်တုများအား ကိုးကွယ်ခြင်းနှင့်စပ်လျဉ်းသည့် အမှန်တရား (ကက စ. ၃၂၆ ¶၂–စ. ၃၂၇ ¶၂)
ဩ. ၈ကျမ်းစာဖတ်ရှုခြင်း–၃ ဓမ္မရာဇဝင် ၂၁–၂၂ သီချင်း ၉၂
စကားပြောအရည်အသွေး–မေးခွန်းများမေးခြင်းနှင့် အကြောင်းရင်းများကိုပေးခြင်း (ပက စ. ၂၅၃ ¶၃–စ. ၂၅၄ ¶၂)
နံပါတ် ၁–နွမ်းပါးမှုအတွက် ထာဝစဉ်ဖြေရှင်းနည်း (က၀၃ ၈/၁ စစ. ၄-၇)
နံပါတ် ၂–၃ ဓမ္မရာဇဝင် ၂၁:၁၅-၂၆
နံပါတ် ၃–ခရစ်ယာန်သူတော်စင်စစ်များသည် အပြစ်ကင်းသူများမဟုတ်ကြ (ကက စ. ၃၂၇ ¶၃)
နံပါတ် ၄–ကျွန်ုပ်တို့ အဘယ်ကြောင့် ရဲစွမ်းသတ္တိရှိရမည်နည်း၊ ယင်းကို မည်သို့မွေးမြူနိုင်သနည်း
ဩ. ၁၅ကျမ်းစာဖတ်ရှုခြင်း–၄ ဓမ္မရာဇဝင် ၁–၄ သီချင်း ၁၆
စကားပြောအရည်အသွေး–ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် ခိုင်မြဲစွာအခြေပြုသည့် ယုတ္တိတန်သော အချေအတင်ပြောဆိုချက် (ပက စ. ၂၅၅ ¶၁–စ. ၂၅၆ ¶၃)
နံပါတ် ၁–သင်တို့သည် အဖိုးမပေးဘဲခံရကြသည်ဖြစ်၍ အဖိုးမခံဘဲပေးကမ်းကြလော့ (က၀၃ ၈/၁ စစ. ၂၀-၂)
နံပါတ် ၂–၄ ဓမ္မရာဇဝင် ၃:၁-၁၂
နံပါတ် ၃–ရေလွှမ်းမိုးဘေးမတိုင်မီက လူတို့သည် အဘယ်ကြောင့် ထိုမျှအသက်ရှည်ကြသနည်း
နံပါတ် ၄–တစ်လောကလုံး ကယ်တင်ခံရခြင်းဟူသည် ကျမ်းစာနှင့်မညီ (ကက စ. ၄၉ ¶၁)
ဩ. ၂၂ကျမ်းစာဖတ်ရှုခြင်း–၄ ဓမ္မရာဇဝင် ၅–၈ သီချင်း ၁၉၃
စကားပြောအရည်အသွေး–သဘောချင်းညီသောသာဓကဖြင့် အချေအတင်ပြောဆိုချက်ကို ထောက်မပါ (ပက စ. ၂၅၆ ¶၄-၆)
နံပါတ် ၁–လိမ္မာပါးနပ်ခြင်းအတတ်ကို သင်ယူခြင်း (က၀၃ ၈/၁ စစ. ၂၉-၃၁)
နံပါတ် ၂–က၀၃ ၈/၁ စ. ၁၉ ¶၁၈-၂၂
နံပါတ် ၃–အဆုံး၌ လူသားအားလုံး ကယ်တင်ခြင်းရကြမည်လော (ကက စ. ၄၉ ¶၂)
နံပါတ် ၄–ယောန၏ အဘယ်အရည်အသွေးကောင်းများကို ကျွန်ုပ်တို့ တုပသင့်သနည်း
ဩ. ၂၉ကျမ်းစာဖတ်ရှုခြင်း–၄ ဓမ္မရာဇဝင် ၉–၁၁ သီချင်း ၁၂၉
စကားပြောအရည်အသွေး–လုံလောက်သောသက်သေပြခြင်း (ပက စ. ၂၅၇ ¶၁-၄)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
စက်. ၅ကျမ်းစာဖတ်ရှုခြင်း–၄ ဓမ္မရာဇဝင် ၁၂–၁၅ သီချင်း ၁၇၅
စကားပြောအရည်အသွေး–နှလုံးကိုထိမိစေရန်ကြိုးပမ်းခြင်း (ပက စ. ၂၅၈ ¶၁-၅)
နံပါတ် ၁–ယေဟောဝါကို ဇွဲရှိရှိရှာနေပါသလော (က၀၃ ၈/၁၅ စစ. ၂၅-၈)
နံပါတ် ၂–၄ ဓမ္မရာဇဝင် ၁၂:၁-၁၂
နံပါတ် ၃–နူးညံ့သိမ်မွေ့ ခြင်းကို အဘယ်ကြောင့် မီအောင်လိုက်ဖို့လိုသနည်း
နံပါတ် ၄–“လူအမျိုးစုံ” ကယ်တင်ခြင်းခံရမည် (ကက စ. ၅၀ ¶၁)
စက်. ၁၂ကျမ်းစာဖတ်ရှုခြင်း–၄ ဓမ္မရာဇဝင် ၁၆–၁၈ သီချင်း ၂၀၃
စကားပြောအရည်အသွေး–လူတို့၏နှလုံးထဲမှ ဆွဲထုတ်ခြင်း (ပက စ. ၂၅၉ ¶၁-၃)
နံပါတ် ၁–ယေရှုအကြောင်း လူတို့ အဘယ်အရာမှတ်မိကြသနည်း (က၀၃ ၈/၁၅ စ. ၆ ¶၅–စ. ၈ ¶၆)
နံပါတ် ၂–၄ ဓမ္မရာဇဝင် ၁၆:၁၀-၂၀
နံပါတ် ၃–အချို့သူများ ဘယ်တော့မျှ ကယ်တင်ခြင်းရမည်မဟုတ်ဟု သမ္မာကျမ်းစာဖော်ပြ (ကက စ. ၅၀ ¶၂-၄)
နံပါတ် ၄–သခင်နှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို မည်သို့သေချာစေနိုင်သနည်း
စက်. ၁၉ကျမ်းစာဖတ်ရှုခြင်း–၄ ဓမ္မရာဇဝင် ၁၉–၂၂ သီချင်း ၈၉
စကားပြောအရည်အသွေး–အကျိုးရှိသောခံစားချက်များကို နှိုးဆွပေးခြင်း (ပက စ. ၂၅၉ ¶၄–
နံပါတ် ၁–“စင်ကြယ်သောတရားစကားပုံစံကို စွဲလမ်းလော့” (က၀၃ ၁/၁ စ. ၂၉ ¶၂–စ. ၃၀ ¶၄)
နံပါတ် ၂–၄ ဓမ္မရာဇဝင် ၁၉:၂၀-၂၈
နံပါတ် ၃–တစ်ကြိမ်ကယ်တင်ခံရခြင်းသည် အစဉ်ကယ်တင်ခံရပြီဟုမဆိုလို (ကက စ. ၅၁ ¶၁-၄)
နံပါတ် ၄–စမုရနမြို့ရှိ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများထံမှ အဘယ်အရာသင်ယူနိုင်သနည်း
စက်. ၂၆ကျမ်းစာဖတ်ရှုခြင်း–၄ ဓမ္မရာဇဝင် ၂၃–၂၅ သီချင်း ၈၄
စကားပြောအရည်အသွေး–ဘုရားရေးရာခန့်ညားကြောက်ရွံ့မှုကို အခြားသူများပြုစုပျိုးထောင်ရန်
ကူညီပေးခြင်း (ပက စ. ၂၆၀ ¶၂-၃)
နံပါတ် ၁–သမ္မာကျမ်းစာနှင့် ၎င်း၏ကျမ်းဂန်စု—အပိုင်း ၁ (ဘကမ-၀၅ ¶(အပိုဒ်)၁-၆)
နံပါတ် ၂–က၀၃ ၈/၁၅ စ. ၂၀ ¶၆-၁၀
နံပါတ် ၃–ကျွန်ုပ်တို့သည် အနာဂတ်နှင့်ပတ်သက်၍ အကောင်းမြင်သူများဖြစ်ကြ
နံပါတ် ၄–ယုံကြည်ခြင်းသည် အကျင့်များနှင့် အဘယ်ကြောင့်ဒွန်တွဲရ (ကက စ. ၅၁ ¶၅–စ. ၅၂ ¶၃)
အောက်. ၃ကျမ်းစာဖတ်ရှုခြင်း–၁ ရာဇဝင်ချုပ် ၁–၄ သီချင်း ၅၁
စကားပြောအရည်အသွေး–ကျွန်ုပ်တို့၏အကျင့်အကြံသည် ဘုရားအတွက်အရေးကြီး (ပက စ. ၂၆၀ ¶၄–စ. ၂၆၁ ¶၁)
နံပါတ် ၁–သမ္မာကျမ်းစာနှင့် ၎င်း၏ကျမ်းဂန်စု—အပိုင်း ၂ (ဘကမ-၀၅ ¶၇-၁၆)
နံပါတ် ၂–၁ ရာဇဝင်ချုပ် ၄:၂၄-၄၃
နံပါတ် ၃–မာရ်နတ်တကယ်ရှိကြောင်း ကျွန်ုပ်တို့ မည်သို့သိနိုင် (ကက စ. ၈၁ ¶၅–စ. ၈၂ ¶၃)
နံပါတ် ၄–ကျွန်ုပ်တို့တစ်ဦးစီကို ယေဟောဝါချစ်မြတ်နိုး
အောက်. ၁၀ကျမ်းစာဖတ်ရှုခြင်း–၁ ရာဇဝင်ချုပ် ၅–၇ သီချင်း ၁၉၅
စကားပြောအရည်အသွေး–ဆန်းစစ်ရန် အခြားသူများအား ကူညီပေးခြင်း (ပက စ. ၂၆၁ ¶၂-၄)
နံပါတ် ၁–သမ္မာကျမ်းစာနှင့် ၎င်း၏ကျမ်းဂန်စု—အပိုင်း ၃ (ဘကမ-၀၅ ¶၁၇-၂၆)
နံပါတ် ၂–၁ ရာဇဝင်ချုပ် ၅:၁၈-၂၆
နံပါတ် ၃–“ယေဟောဝါ၏နေ့” အကြောင်း ကျွန်ုပ်တို့ အဘယ်အရာသိရှိ
နံပါတ် ၄–စာတန်ဟူသည် လူ့ကိုယ်တွင်းထဲက ဉာဉ်ဆိုးမျှသာမဟုတ် (ကက စ. ၈၂ ¶၄–စ. ၈၃ ¶၂)
အောက်. ၁၇ကျမ်းစာဖတ်ရှုခြင်း–၁ ရာဇဝင်ချုပ် ၈–၁၁ သီချင်း ၂၀၁
စကားပြောအရည်အသွေး–လှိုက်လှိုက်လှဲလှဲနာခံမှုကို တိုးတက်စေခြင်း (ပက စ. ၂၆၂ ¶၁-၄)
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ဟေဗြဲကျမ်း—အပိုင်း ၁ (ဘကမ-၀၅ ¶၁-၅)
နံပါတ် ၂–၁ ရာဇဝင်ချုပ် ၁၀:၁-၁၄
နံပါတ် ၃–ဘုရားသခင်သည် မာရ်နတ်ကို မဖန်ဆင်းခဲ့ (ကက စ. ၈၃ ¶၃)
နံပါတ် ၄–ကျွန်ုပ်တို့သည် မည်သူတို့နှင့် လိမ္မာပါးနပ်မှုရှိသင့်သနည်း
အောက်. ၂၄ကျမ်းစာဖတ်ရှုခြင်း–၁ ရာဇဝင်ချုပ် ၁၂–၁၅ သီချင်း ၈၀
စကားပြောအရည်အသွေး–လူတို့၏နှလုံးကိုထိမိစေရန် ယေဟောဝါနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ဟေဗြဲကျမ်း—အပိုင်း ၂ (ဘကမ-၀၅ ¶၆-၉)
နံပါတ် ၂–က၀၃ ၁၁/၁ စစ. ၁၀-၁၁ ¶၁၀-၁၃
နံပါတ် ၃–ယေဟောဝါ၏နာမတော်၌ လျှောက်လှမ်းခြင်းဟူသည် အမှန်တကယ်ဘာကိုဆိုလို
နံပါတ် ၄–ဘုရားသည် စာတန်ပုန်ကန်သည်နှင့် အဘယ်ကြောင့် သူ့ကိုမဖျက်ဆီးခဲ့သနည်း
အောက်. ၃၁ကျမ်းစာဖတ်ရှုခြင်း–၁ ရာဇဝင်ချုပ် ၁၆–၂၀ သီချင်း ၁၂၉
စကားပြောအရည်အသွေး–အချိန်ကိုက်ပြီးစီးနိုင်ပုံ (ပက စ. ၂၆၃ ¶၁–စ. ၂၆၄ ¶၄)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
နို. ၇ကျမ်းစာဖတ်ရှုခြင်း–၁ ရာဇဝင်ချုပ် ၂၁–၂၅ သီချင်း ၂၁၅
စကားပြောအရည်အသွေး–ထိရောက်သောတိုက်တွန်းနှိုးဆော်မှု (ပက စ. ၂၆၅ ¶၁–စ. ၂၆၆ ¶၁)
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ဟေဗြဲကျမ်း—အပိုင်း ၃ (ဘကမ-၀၅ ¶၁၀-၁၆)
နံပါတ် ၂–၁ ရာဇဝင်ချုပ် ၂၂:၁-၁၀
နံပါတ် ၃–မာရ်နတ်၏တန်ခိုးသြဇာကို လျှော့မတွက်နှင့် (ကက စ. ၈၅ ¶၁-၃)
နံပါတ် ၄–cအိမ်ထောင်မင်္ဂလာကို မည်သို့ခိုင်ခံ့မြဲမြံစေနိုင်
နို. ၁၄ကျမ်းစာဖတ်ရှုခြင်း–၁ ရာဇဝင်ချုပ် ၂၆–၂၉ သီချင်း ၃၅
စကားပြောအရည်အသွေး–မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်ခြင်း (ပက စ. ၂၆၆ ¶၂-၅)
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ဟေဗြဲကျမ်း—အပိုင်း ၄ (ဘကမ-၀၅ ¶၁၇-၂၅)
နံပါတ် ၂–၁ ရာဇဝင်ချုပ် ၂၉:၁-၉
နံပါတ် ၃–ယေဟောဝါ၏ကျေးကျွန်များ အဘယ်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရ
နံပါတ် ၄–စာတန့်သြဇာဆိုးမှ လွတ်မြောက်ရန်နီးပြီ (ကက စ. ၈၅ ¶၅–စ. ၈၆ ¶၃)
နို. ၂၁ကျမ်းစာဖတ်ရှုခြင်း–၂ ရာဇဝင်ချုပ် ၁–၅ သီချင်း ၄၆
စကားပြောအရည်အသွေး–ကျမ်းစာကိုအခြေခံ၍ တိုက်တွန်းနှိုးဆော်ခြင်း (ပက စ. ၂၆၇ ¶၁-၂)
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ဟေဗြဲကျမ်း—အပိုင်း ၅ (ဘကမ-၀၅ ¶၂၆-၃၁)
နံပါတ် ၂–၂ ရာဇဝင်ချုပ် ၂:၁-၁၀
နံပါတ် ၃–ဆုံးမပဲ့ပြင်ခြင်း၏ရည်ရွယ်ချက်ကို နားလည်ပါ
နံပါတ် ၄–dလိင်ဆက်ဆံမှုအားလုံးသည် အပြစ်ဖြစ်သလော (ကက စ. ၃၀၄ ¶၁–စ. ၃၀၅ ¶၂)
နို. ၂၈ကျမ်းစာဖတ်ရှုခြင်း–၂ ရာဇဝင်ချုပ် ၆–၉ သီချင်း ၁၀၆
စကားပြောအရည်အသွေး–‘လွတ်လပ်စွာပြောဆိုစေခြင်း’ (ပက စ. ၂၆၇ ¶၃-၄)
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ခရစ်ယာန်ဂရိကျမ်း—အပိုင်း ၁ (ဘကမ-၀၅ ¶၁-၇)
နံပါတ် ၂–က၀၃ ၁၂/၁ စစ. ၁၅-၁၆ ¶၃-၆
နံပါတ် ၃–ယေဟောဝါ၌ မွေ့လျော်ကြောင်း ကျွန်ုပ်တို့ပြသကြပုံ
နံပါတ် ၄–eလိင်တူဆက်ဆံခြင်းနှင့်ပတ်သက်၍ ကျမ်းစာကမည်သို့ဆို (ကက စ. ၃၀၅ ¶၄–စ. ၃၀၆ ¶၂)
ဒီ. ၅ကျမ်းစာဖတ်ရှုခြင်း–၂ ရာဇဝင်ချုပ် ၁၀–၁၄ သီချင်း ၁၁၆
စကားပြောအရည်အသွေး–အားပေးခြင်းသည် အဘယ်ကြောင့် အရေးကြီး (ပက စ. ၂၆၈ ¶၁-၃)
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ခရစ်ယာန်ဂရိကျမ်း—အပိုင်း ၂ (ဘကမ-၀၅ ¶၈-၁၆)
နံပါတ် ၂–၂ ရာဇဝင်ချုပ် ၁၂:၁-၁၂
နံပါတ် ၃–ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှုကို ကျွန်ုပ်တို့အဘယ်ကြောင့်လိုအပ်
နံပါတ် ၄–ဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန် ပြုလုပ်ရမည့်ပြောင်းလဲမှုများ (ကက စ. ၃၀၆ ¶၃–
ဒီ. ၁၂ကျမ်းစာဖတ်ရှုခြင်း–၂ ရာဇဝင်ချုပ် ၁၅–၁၉ သီချင်း ၁၈၂
စကားပြောအရည်အသွေး–ယေဟောဝါလုပ်ဆောင်ခဲ့ရာကို သတိရစေခြင်း (ပက စ. ၂၆၈ ¶၄–
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ခရစ်ယာန်ဂရိကျမ်း—အပိုင်း ၃ (ဘကမ-၀၅ ¶၁၇-၂၅)
နံပါတ် ၂–၂ ရာဇဝင်ချုပ် ၁၉:၁-၁၁
နံပါတ် ၃–စုံလင်သူတစ်ဦးသည် အဘယ်ကြောင့် အပြစ်ပြုနိုင် (ကက စ. ၃၈၄ ¶၂–စ. ၃၈၅ ¶၂)
နံပါတ် ၄–ယေရှု၏မိသားစုမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်
ဒီ. ၁၉ကျမ်းစာဖတ်ရှုခြင်း–၂ ရာဇဝင်ချုပ် ၂၀–၂၄ သီချင်း ၁၈၆
စကားပြောအရည်အသွေး–မိမိ၏လူမျိုးတော်အား ယေဟောဝါကူညီပေးခဲ့ပုံကို ဖော်ပြခြင်း
နံပါတ် ၁–သမ္မာကျမ်းစာထဲမှ ခရစ်ယာန်ဂရိကျမ်း—အပိုင်း ၄ (ဘကမ-၀၅ ¶၂၆-၃၂)
နံပါတ် ၂–က၀၃ ၁၂/၁၅ စစ. ၁၆-၁၇ ¶၁၃-၁၅
နံပါတ် ၃–ရောင့်ရဲသောစိတ်၏ လျှို့ဝှက်ချက်ကိုသင်ယူခြင်းမှ အကျိုးကျေးဇူးများ
နံပါတ် ၄–အပြစ်၏ ဆိုလိုရင်းအဓိပ္ပာယ်ကို အဘယ်ကြောင့် အသိအမှတ်ပြုသင့် (ကက စ. ၃၈၅ ¶၄–
ဒီ. ၂၆ကျမ်းစာဖတ်ရှုခြင်း–၂ ရာဇဝင်ချုပ် ၂၅–၂၈ သီချင်း ၁၃၇
စကားပြောအရည်အသွေး–ယခုပင် ဘုရားလုပ်ဆောင်နေသည့်အရာ၌ နှစ်ခြိုက်မှုကိုပြခြင်း (ပက စ. ၂၇၀ ¶၁–စ. ၂၇၁ ¶၂)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
[အောက်ခြေမှတ်ချက်များ]
a အချိန်ရသရွေ့ ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များ အစရှိသည်တို့အပေါ်တုံ့ပြန်ပုံများကို သုံးသပ်ပါ။
b အချိန်ရသရွေ့ ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များ အစရှိသည်တို့အပေါ်တုံ့ပြန်ပုံများကို သုံးသပ်ပါ။
c ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
d ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
e ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။