လုပ်ငန်းတော်စည်းဝေးအစီအစဉ်
အောက်တိုဘာ ၁၁ တွင်စမည့်ပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စက်တင်ဘာ ၁၅ ကင်းမျှော်စင် နှင့် အောက်တိုဘာ ၈ နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြရန် စာမျက်နှာ ၆ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ ၎င်းတို့၏တင်ဆက်မှုတွင် ကျမ်းချက်တစ်ချက် ထည့်သွင်းရန် ကြေညာသူများကို အားပေးပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။
၁၅ မိ– အခြားသူများအား ကူညီရာ၌ ပျော်မွေ့ပါ။ (ယော. ၄:၃၄) လူတွေ့မေးမြန်းခန်းများ။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ လေ့လာသိရှိရသည့် အမှန်တရားများကြောင့် တစ်စုံတစ်ဦး၏မျက်နှာ ဝင်းလက်တောက်ပနေသည်ကို မြင်ရသည်မှာ စိတ်ကြည်နူးစရာဖြစ်၏။ (က၉၄ ၃/၁ စ. ၂၉ အပိုဒ် ၄-၅) ဓမ္မအမှုတွင်၊ ကျမ်းစာသင်အံမှုများစတင်ကျင်းပရာတွင် ကျမ်းစာကိုထိရောက်စွာအသုံးပြုသည့် ကြေညာသူ သို့မဟုတ် ရှေ့ဆောင်နှစ်ဦးသုံးဦးကို လူတွေ့မေးမြန်းပါ။ သူတို့တွေ့ရှိသည့် စိတ်ဝင်စားမှုကို မည်သို့ပြုစုပျိုးထောင်ကြသနည်း။ ထိုသို့လုပ်ဆောင်ရာတွင် အဘယ်ပျော်ရွှင်မှု ရရှိကြသနည်း။ သူတို့၏ဓမ္မအမှုမှ တွေ့ကြုံမှုများကို ပြန်ပြောပြစေပါ သို့မဟုတ် ပြန်သရုပ်ပြစေပါ။
၂၀ မိ– လွန်ခဲ့သောနှစ်တွင် ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ ၂၀၀၄ လုပ်ငန်းတော်နှစ်အတွက် အသင်းတော်လုပ်ငန်းတော်မှတ်တမ်းကို အခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။ မှတ်တမ်း၏ အားရှိစရာကဏ္ဍများအပေါ် အာရုံစိုက်ကာ ပြီးမြောက်ခဲ့သည့် လုပ်ဆောင်မှုကောင်းများအတွက် အသင်းတော်ကို ချီးမွမ်းပါ။ ရှေ့ဆောင်များ၏ ကြိုးစားလုပ်ဆောင်မှုကို ပေါ်လွင်စေပါ။ လာမည့်နှစ်တွင် အသင်းတော်အာရုံစိုက်နိုင်သည့် ကဏ္ဍတစ်ခုနှစ်ခုကို ဖော်ပြပါ။
သီချင်း ၆၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁၈ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၄၀ မိ– “အဆက်မပြတ်တိုးတက်မှုက နောက်ထပ်လုပ်သားများလိုအပ်စေ။” အကြီးအကဲတစ်ဦးကိုင်ရန်။ တစ်မိနစ် သို့မဟုတ် ထိုထက်မပိုစေဘဲ နိဒါန်းပျိုးပြီးနောက် ဆောင်းပါးကို ပရိသတ်နှင့်ဆွေးနွေးပါ။
သီချင်း ၁၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ အောက်တိုဘာ ၁ ကင်းမျှော်စင် တင်ဆက်ပုံကို သရုပ်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ထောက်ခံရန် အထောက်အထားပြပါ။ ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၂၅၆-၇ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျမ်းစာ၏ ကျိုးကြောင်းညီညွတ်မှုကို လူတို့ နားလည်သဘောပေါက်စေရန် ကျမ်းစာပြင်ပရှိ ရင်းမြစ်များမှ အထောက်အထားကို ကျွန်ုပ်တို့ မည်သို့အသုံးပြုနိုင်သနည်း။ အောက်ပါမေးခွန်းများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ– ဖန်ဆင်းရှင်ရှိကြောင်း အထောက်အထားအဖြစ် ရုပ်ပိုင်းစကြဝဠာမှ အဘယ်နမူနာများကို ကျွန်ုပ်တို့ထောက်ပြနိုင်သနည်း။ (ကက စစ. ၁၇၁-၂) သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်ကြောင်း အခြားသူများသိမြင်ရန် ပညာရှင်များ သို့မဟုတ် ကျွမ်းကျင်သူများ၏မှတ်ချက်များကို မည်သို့အသုံးပြုနိုင်သနည်း။ (ကက စစ. ၃၄၄-၆) ဆိုးသွမ်းမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုရကြောင်း အခြားသူများနားလည်ရန် အဘယ်ဥပမာ သို့မဟုတ် တူညီချက်ကို အသုံးပြုနိုင်သနည်း။ (ကက စစ. ၁၀၃) သင်သည် ကျမ်းစာသွန်သင်ချက်ကို လိုက်နာကျင့်သုံးခြင်း၏ ဉာဏ်ပညာရှိမှုကို အခြားသူများအား သဘောပေါက်စေရန် အဘယ်တွေ့ ကြုံမှုများ သို့မဟုတ် ပုံသက်သေများကို အသုံးပြုခဲ့ပြီနည်း။
သီချင်း ၆၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၁ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၅ မိ– ကောင်းမှုများပြုရာတွင် ခံနိုင်ရည်ရှိခြင်း။ (ဂလ. ၆:၁၀၊ ကဘ) မှန်မှန်ရှေ့ဆောင် သို့မဟုတ် အခါအားလျော်စွာ အရန်ရှေ့ဆောင်လုပ်သူတစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းပါ။ ယေဟောဝါ၏အမှုတော်ဆောင်ရာတွင် အဘယ်အတားအဆီးများကို သူတို့ကြုံတွေ့ခဲ့ရသနည်း၊ ယင်းတို့ကို သူတို့ မည်သို့ကျော်လွှားခဲ့သနည်း။ အခြားသူများအား ကောင်းမှုပြုရာတွင် ခံနိုင်ရည်ရှိရန် အဘယ်အရာက သူတို့ကို ကူညီပေးခဲ့ပြီနည်း။ ခရစ်ယာန်ဓမ္မအမှုတွင် သူတို့၏ကြိုးပမ်းအားထုတ်မှုများက သူတို့ကိုယ်တိုင်နှင့် အခြားသူများကို မည်သို့အကျိုးရရှိစေခဲ့ပြီနည်း။ သက်ဆိုင်မည်ဆိုလျှင် ဘာသာခြားစကားပြောဆိုသူများထံ သတင်းကောင်းရောက်ရှိရန် ဒေသအလိုက် လုပ်ဆောင်ခဲ့ရာများနှင့်စပ်လျဉ်းသည့် မှတ်ချက်များပါဝင်စေပါ။ ‘သူတို့၏ ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ တည်ကြည်ခြင်း’ အတွက် အားလုံးကို ချီးမွမ်းပါ။—၁ သက်. ၁:၂-၄။
၂၅ မိ– ယေဟောဝါ၏အခွင့်အာဏာကို ကျွန်ုပ်တို့ လေးစားရမည်။ တောလည်ရာ အခန်းကြီး ၁၆ နှင့် ဩဂုတ် ၁၊ ၂၀၀၂၊ ကင်းမျှော်စင် မှ “ဘုရားသခင့်အခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံလော့” ဆောင်းပါးပါ အကြောင်းအရာပေါ် အခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကောရနှင့် သူ၏နောက်လိုက်ပုန်ကန်သူများသည် အရေးပါသောကဏ္ဍခြောက်ခုတွင် သစ္စာစောင့်သိခြင်းစမ်းသပ်မှု ရှုံးနိမ့်ခဲ့သည့် သာဓကကိုသုံးသပ်ပါ– (၁) သူတို့သည် ဘုရားသခင့်အခွင့်အာဏာကို မည်သို့ မထီမဲ့မြင်ပြုခဲ့ကြသနည်း။ (၂) မာန်မာန၊ ရည်မှန်းချက်ကြီးခြင်းနှင့် မနာလိုစိတ်တို့က သူတို့ကို မည်သို့ထိခိုက်စေခဲ့သနည်း။ (၃) သူတို့သည် ယေဟောဝါခန့်အပ်ထားသူများ၏ မစုံလင်မှုများကို မည်သို့အာရုံစိုက်ခဲ့ကြသနည်း။ (၄) အဘယ်ညည်းညူတတ်သောသဘောကို သူတို့မွေးမြူခဲ့ကြသနည်း။ (၅) သူတို့သည် မိမိတို့၏ လုပ်ငန်းတော်အခွင့်အရေးများကို အဘယ်ကြောင့် မကျေမနပ်ဖြစ်လာကြသနည်း။ (၆) သူတို့သည် ယေဟောဝါအား တည်ကြည်ခြင်းထက် မိတ်ဆွေများနှင့် မိသားစုတို့ကို မည်သို့ဦးစားပေးခဲ့ကြသနည်း။ ဤကျမ်းစာမှတ်တမ်းတွင် ရရှိခဲ့သောသင်ခန်းစာများသည် ဘုရားသခင့်အခွင့်အာဏာအပေါ် ယနေ့ ကျွန်ုပ်တို့၏ကိုယ်ပိုင်ရှုမြင်ပုံနှင့် မည်သို့သက်ဆိုင်ကြောင်း သုံးသပ်ပါ– (၁) အသင်းတော်ရှိ အကြီးအကဲများ၏ဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း၊ အဘယ်ကြောင့်နည်း။ (၂) ကျွန်ုပ်တို့တွင်ရှိသည့် မလျောက်ပတ်သော မည်သည့် သဘောထားကိုမဆို မည်သို့တိုက်ဖျက်နိုင်သနည်း။ (၃) ဦးဆောင်ရန် ခန့်အပ်ခံရသူများ၏ မစုံလင်မှုများကို မည်သို့တုံ့ပြန်သင့်သနည်း။ (၄) ကျွန်ုပ်တို့၏နှလုံးထဲတွင် ညည်းညူတတ်သောသဘော စတင်ကိန်းအောင်းလာလျှင် အဘယ်အရာပြုသင့်သနည်း။ (၅) ကျွန်ုပ်တို့ရရှိထားသည့် အခွင့်အရေးတစ်ခုခုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ မည်သို့ယူမှတ်သင့်သနည်း။ (၆) မည်သူတို့ကို ဘုရားသခင်အား တည်ကြည်ခြင်းထက် မည်သည့်အခါမျှ ဦးစားမပေးသင့်သနည်း၊ မည်သည့်အချိန်တွင် ယင်းက ကျွန်ုပ်တို့အတွက် ခက်ခဲသောစမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်သနည်း။
သီချင်း ၁၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။