ကြေညာချက်များ
◼ နိုဝင်ဘာ တွင်ဝေငှရန်စာပေ– ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှပါ။ သို့မဟုတ် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော [လိပ်]၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် နှင့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် အပါအဝင် အခြားဝေငှစရာများကို အသုံးပြုပါ။ ဇန်နဝါရီ– ၁၉၉၀ ပြည့်နှစ်မတိုင်မီက ထုတ်ဝေခဲ့သော မည်သည့်စာအုပ်ကိုမဆို ဝေငှနိုင်သည်။ ထိုသို့သောစာအုပ်ဟောင်းတစ်ခုမျှမရှိသည့် အသင်းတော်များသည် ဘုရားသခင်ကို လူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။ ဖေဖော်ဝါရီ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်] စာအုပ်ကို ဝေငှကြမည်။ ဤစာအုပ်မရှိသော အသင်းတော်များသည် နောက်ဝေငှမှုတစ်မျိုးအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) သို့မဟုတ် ဗျာဒိတ်ကျမ်းအထွတ်အထိပ် [လိပ်] စာအုပ်ကို အသုံးပြုနိုင်သည်။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို ဒီဇင်ဘာ ၁ ရက် သို့မဟုတ် ယင်းနောက် စောနိုင်သရွေ့ စောစော စစ်ဆေးသင့်သည်။ ပြုပြင်ထိန်းသိမ်းရေး သို့မဟုတ် ဆောက်လုပ်ရေးအတွက်ကဲ့သို့သော သီးခြားဘဏ်စာရင်းတစ်ခုထားရှိပါက ၎င်းစာရင်းကိုလည်းစစ်ဆေးရန် အစီအစဉ်များပြုလုပ်သင့်သည်။ စာရင်းစစ်ဆေးမှု(များ) ပြုလုပ်ပြီးနောက် ယင်းကို နောက်လစာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်။
◼ အသင်းတော်များသည် ၂၀၀၄ ခုနှစ်အတွက် အင်္ဂလိပ်ကင်းမျှော်စင် နှင့် နိုးလော့! နှစ်ချုပ်စာအုပ်တွဲများကို နောက်လ စာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူသင့်သည်။ ယင်းပစ္စည်းများအား ရရှိနိုင်သောဘာသာစကားစာရင်းကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက်ကြေညာချက်” တွင်ဖော်ပြပေးပါမည်။ နှစ်ချုပ်စာအုပ်တွဲများရောက်ရှိကာ ထုပ်ပို့မှုများမပြုလုပ်မချင်း အသင်းတော်ထုပ်ပို့ရေးစာရင်းများပေါ်တွင် “ဆိုင်းငံ့ထား” ဟူ၍ဖော်ပြထားပါမည်။ နှစ်ချုပ်စာအုပ်တွဲများသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်။
◼ ၂၀၀၅ ခုနှစ်၊ မေ ၂၃ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် စောင့်နေကြလော့ ဘရိုရှာကို ကျွန်ုပ်တို့လေ့လာကြပါမည်။