သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၅ ခုနှစ် ဧပြီ ၂၅ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၅ ခုနှစ် မတ် ၇ မှ ဧပြီ ၂၅ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ် အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ဟောပြောချက်တစ်ခုပြင်ဆင်သည့်အခါ ကျွန်ုပ်တို့တာဝန်ကျသည့်အကြောင်းအရာကို မည်သို့ကောင်းစွာအသုံးပြုမည်နည်း၊ ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ [ပက စ. ၂၃၄ အပိုဒ် ၁-၃၊ လေးထောင့်ကွက်]
၂။ ဟောပြောချက်တစ်ခုတွင် တာဝန်ကျသောအကြောင်းအရာ မည်မျှကို ခြုံငုံတင်ပြရန် ကြိုးစားသင့်သနည်း။ [ပက စ. ၂၃၄ အပိုဒ် ၄– စ. ၂၃၅ အပိုဒ် ၁]
၃။ လယ်ကွင်းဓမ္မအမှုတွင် စကားလက်ဆုံပြောဆိုရန်အားပေးဖို့ မေးခွန်းများကို မည်သို့အသုံးပြုနိုင်သနည်း။ (တ. ၈:၃၀) [ပက စ. ၂၃၆ အပိုဒ် ၂-၅]
၄။ ကျမ်းစာသင်သားများအား သူတို့၏ “ဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုရန် ကူညီပေးဖို့ မေးခွန်းများကို မည်သို့အသုံးပြုနိုင်သနည်း။ (ရော. ၁၂:၁) [ပက စ. ၂၃၈ အပိုဒ် ၁]
၅။ ရောမ ၈:၃၁၊ ၃၂ နှင့် ဟေရှာယ ၁၄:၂၇ တွင်မေးထားသည့် မေးခွန်းများ၏အကျိုးရလဒ်ကား အဘယ်နည်း။ [ပက စ. ၂၃၉ အပိုဒ် ၁-၂]
တာဝန်နံပါတ် ၁
၆။ ကျွန်ုပ်တို့၏တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် မည်သို့ ‘ခရစ်တော်ကို အုတ်မြစ်အဖြစ်ချ’ ကြသနည်း။ (၁ ကော. ၃:၁၁) [ပက စ. ၂၇၈ အပိုဒ် ၁-၂]
၇။ ယေဟောဝါသည် ၁၉၁၄ ခုနှစ်တွင် မိမိ၏သားတော်ထံ အုပ်ချုပ်မှုအာဏာကို အပြည့်အဝအပ်နှင်းခဲ့ရာ အဘယ်သဘောဖြင့် “နိုင်ငံတော်တည်ထောင်ပါစေ” ဟု ကျွန်ုပ်တို့ဆုတောင်းကြသနည်း။ (မ. ၆:၉၊ ၁၀) [ပက စ. ၂၇၉ အပိုဒ် ၄]
၈။ ခရစ်ယာန်အားလုံးသည် စာဖတ်ခြင်းစွမ်းရည်ကို အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း၊ ယေရှုသည် ဤကိစ္စတွင် မည်သို့စံနမူနာချမှတ်ခဲ့သနည်း။ [က၀၃ ၃/၁၅ စ. ၁၀ အပိုဒ် ၅; စ. ၁၂ အပိုဒ် ၂]
၉။ ယောရှိနှင့် ယေရှုတို့၏ပုံသက်သေများက လူငယ်များအား ဝိညာဉ်ရေးတိုးတက်စေရန် မည်သို့ကူညီပေးနိုင်သနည်း။ [က၀၃ ၄/၁ စ. ၈ အပိုဒ် ၃-၄; စ. ၁၀ အပိုဒ် ၂]
၁၀။ ဘုရားသခင်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်ကိုးစားနိုင်သနည်း။ (သု. ၃:၅၊ ၆) [က၀၃ ၁၁/၁ စ. ၄ အပိုဒ် ၆–စ. ၅ အပိုဒ် ၁]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ဣသရေလနိုင်ငံတွင် လူသားရှင်ဘုရင်မရှိလျက်နှင့် ယေဟောဝါသည် “ရှင်ဘုရင်ကို ခွန်အားနှင့်ပြည့်စုံစေ” ရန် ဟန္န အဘယ်ကြောင့်ဆုတောင်းခဲ့သနည်း။ (၁ ရာ. ၂:၁၀)
၁၂။ သူတို့၏အလယ်တွင် ပဋိညာဉ်သေတ္တာတော်ရှိနေသည့်ကြားမှ ဣသရေလလူတို့ ရှုံးနိမ့်ခဲ့သည့်ဖြစ်ရပ်မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ (၁ ရာ. ၄:၃၊ ၄၊ ၁၀)
၁၃။ ၁ ရာဇဝင်ချုပ် ၂:၁၃-၁၅ (သမ္မာ) တွင် ဒါဝိဒ်ကို ယေရှဲ၏သတ္တမသားအဖြစ် ဖော်ပြထားပြီး ၁ ဓမ္မရာဇဝင် ၁၆:၁၀၊ ၁၁ တွင်မူ အဋ္ဌမသားဟု အဘယ်ကြောင့်ဖော်ပြရသနည်း။
၁၄။ အဘယ် “ဆိုးသောဝိညာဉ်” က ရှောလုကို ထိတ်လန့်စေခဲ့သနည်း။ (၁ ရာ. ၁၆:၁၄)
၁၅။ အင်ဒေါရမြို့ရှိ နတ်ဝင်သည်မှတစ်ဆင့် “ရှမွေလ” ၏ဟောကိန်းသည် တိကျမှန်ကန်မှုရှိခဲ့သလော။ (၁ ရာ. ၂၈:၁၆-၁၉)