ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၅ စာ. ၁
  • ယေဟောဝါ၏နေ့နီးပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏နေ့နီးပြီ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားနိုင်ငံတော် ရောက်ရှိပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • “စောင့်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကျမ်းစာ ကြိုဟောချက်တွေကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဧရာမရုပ်တုကြီး၏ အတက်အကျ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၅/၀၅ စာ. ၁

ယေဟောဝါ၏နေ့နီးပြီ

၁ လက်ရှိအစီအစဉ်စနစ်ကို ဖျက်ဆီးပစ်ပြီး ဖြောင့်မတ်သော ကမ္ဘာသစ်တစ်ခုကို ဆောင်ကြဉ်းပေးမည့် ယေဟောဝါ၏နေ့ရောက်လာမည်ကို ခရစ်ယာန်များ မျှော်လင့်တောင့်တကြသည်။ (၂ ပေ. ၃:၁၂၊ ၁၃) ထိုနေ့ရောက်လာမည့်အချိန်ကို ကျွန်ုပ်တို့ အတိအကျမသိကြသောကြောင့် သတိနှင့်စောင့်နေပြီး အခြားသူများပါ အလားတူပြုမူရန် ကူညီပေးရမည်။ (ယေဇ. ၃၃:၇-၉; မ. ၂၄:၄၂-၄၄) ဘုရားသခင့်ပရောဖက်ပြုချက်စကားကို တွေးတောဆင်ခြင်ခြင်းက ‘ယေဟောဝါ၏နေ့ကြီးနီးပြီ’ ဟူသော ကျွန်ုပ်တို့၏ခံယူချက်ကို ခိုင်မာစေပါမည်။—ဇေ. ၁:၁၄။

၂ ကမ္ဘာ့အာဏာစက်များ ဆက်တိုက်ပေါ်လာ– ဗျာဒိတ် ၁၇:၉-၁၁ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ယောဟန်က ဆက်တိုက်ပေါ်လာမည့် ကမ္ဘာ့အာဏာစက်ခုနစ်ခုကို ကိုယ်စားပြုသော “ရှင်ဘုရင်ခုနစ်ပါး” အကြောင်း ဖော်ပြသည်။ ယခုအချိန်တွင် ကုလသမဂ္ဂကို ကိုယ်စားပြုသည့် ‘ရှစ်ပါးမြောက်ဘုရင်’ ကိုလည်း ယောဟန်ဖော်ပြ၏။ ကျွန်ုပ်တို့သည် အခြားကမ္ဘာ့အာဏာစက်များ ပေါ်လာရန် မျှော်လင့်ကြမည်လော။ မမျှော်လင့်ကြပါ၊ ဤရှစ်ပါးမြောက်ဘုရင်သည် “ဖျက်ဆီးခြင်းသို့ရောက်ရလိမ့်မည်” ဟုပရောဖက်ပြုချက်က ဖော်ပြပြီးနောက် နောက်ထပ် မည်သည့်မြေကြီးဘုရင်အကြောင်းကိုမျှ မဖော်ပြတော့ချေ။ ဤပရောဖက်ပြုချက်က ခေတ်ရေစီးကြောင်း၏ မည်သည့်နေရာတွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိမြင်ရန် သင့်အား ကူညီပေးသလော။

၃ ဒံယေလ ၂:၃၁-၄၅ က ရောက်လာမည့် ယေဟောဝါ၏နေ့တော်အကြောင်း နားလည်ရန် ကျွန်ုပ်တို့ကို ကူညီပေး၏။ ထိုပရောဖက်ပြုချက်တွင် အိပ်မက်အားဖြင့် နေဗုခဒ်နေဇာမြင်ခဲ့ရသည့် ဧရာမရုပ်တုကြီးသည် ဆက်တိုက်ပေါ်လာသည့် ကမ္ဘာ့အာဏာစက်များကို ကိုယ်စားပြုသည်။ ဤအာဏာစက်တစ်ခုစီသည် ပေါ်လာခဲ့ကြပြီဖြစ်၏။ ယနေ့ သမိုင်းလမ်းကြောင်း၏ မည်သည့်နေရာတွင် ကျွန်ုပ်တို့ကိုယ်တိုင် ရောက်ရှိနေသည်ကို တွေ့ရသနည်း။ ရုပ်တု၏ခြေထောက်ကပုံဆောင်သော ကာလအပိုင်းအခြားတွင်ဖြစ်၏။ ပရောဖက်ပြုချက်က နောက်ဖြစ်လာမည့်အရာကို ကွက်ကွက်ကွင်းကွင်းဖော်ပြသည်။ လူ့အုပ်ချုပ်ရေးသည် လုံးဝဖျက်ဆီးခံရမည်ဖြစ်ပြီး “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခု” အတွက် လမ်းပွင့်စေမည်။ ယင်းက ယေဟောဝါ၏နေ့ နီးပြီဖြစ်ကြောင်း မည်သို့ညွှန်ပြသည်ကို သင် သိမြင်နိုင်သလော။

၄ ထပ်ဆင့်အထောက်အထား– ယေဟောဝါ၏နေ့ နီးပြီဖြစ်ကြောင်း ထပ်ဆင့်အထောက်အထားကို ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ မြင်ရသည်။ ‘နောက်ဆုံးကာလ’ ရှိလူတို့၏စရိုက်များနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုကြိုဟောခဲ့သည့်အရာ ပြည့်စုံသည်ကို ကျွန်ုပ်တို့တွေ့ မြင်ရသည်။ (၂ တိ. ၃:၁-၅) ထို့ပြင် အဆုံးမတိုင်မီဟောရမည့် ကမ္ဘာချီသက်သေခံခြင်းတွင် ကျွန်ုပ်တို့ပါဝင်နေကြသည်။ (မ. ၂၄:၁၄) ကျွန်ုပ်တို့၏လူထုရှေ့ဓမ္မအမှုသည် ဤကောင်းကင်တမန်ကြွေးကြော်ချက်၏ အရေးတကြီးဖြစ်မှုကို ဆက်လက်ထင်ဟပ်နိုင်ပါစေ– “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။”—ဗျာ. ၁၄:၆၊ ၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ