သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၅ ခုနှစ်၊ ဩဂုတ် ၂၉ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၅ ခုနှစ် ဇူလိုင် ၄ မှ ဩဂုတ် ၂၉ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ အခြားသူများအား ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ဝေမျှသည့်အခါ မည်သို့အားဖြင့် ကျွန်ုပ်တို့၏ “အကျိုးသင့်အကြောင်းသင့်ရှိမှုကို လူအပေါင်းတို့ရှေ့ထင်ရှားစေ” နိုင်သနည်း၊ ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ (ဖိ. ၄:၅၊ ကဘ; ယာ. ၃:၁၇) [ပက စ. ၂၅၁ အပိုဒ် ၁-၃၊ လေးထောင့်ကွက်]
၂။ လိုက်လျောရမည့်အချိန်ကို သိရှိခြင်းက အခြားသူများနှင့် အောင်မြင်စွာဆက်ဆံတတ်ရန် မည်သို့ကူညီပေးမည်နည်း။ [ပက စ. ၂၅၃ အပိုဒ် ၁-၂]
၃။ ကိစ္စရပ်တစ်ခုကို ကျိုးကြောင်းဆင်ခြင်ရန် အခြားသူတို့အား ကူညီပေးသည့်အခါ မေးခွန်းများကို ကျွမ်းကျင်စွာအသုံးပြုခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ [ပက စ. ၂၅၃ အပိုဒ် ၃-၄]
၄။ တင်ဆက်မှုကို သွေးဆောင်နိုင်စွမ်းရှိစေရန် မည်သည့်အချက်များကို သုံးသပ်သင့်သနည်း။ [ပက စ. ၂၅၅ အပိုဒ် ၁-၃၊ လေးထောင့်ကွက်; စ. ၂၅၆ အပိုဒ် ၁-၂၊ လေးထောင့်ကွက်]
၅။ ကျမ်းစာ၏ကျိုးကြောင်းညီညွတ်မှုကို ထောက်ခံရန် ကျမ်းစာပြင်ပမှ သက်သေသာဓကကို အသုံးပြုဖို့ ဆုံးဖြတ်လျှင် အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း။ [ပက စ. ၂၅၆ အပိုဒ် ၄-၆၊ လေးထောင့်ကွက်]
တာဝန်နံပါတ် ၁
၆။ ထင်ရှားသည့် အဘယ်သာဓက,က ယေရှု၏ သမိုင်းဖြစ်ရပ်မှန်ကို သက်သေထူသနည်း။ [က၀၃ ၆/၁၅ စစ. ၄-၇]
၇။ မည်သို့အားဖြင့် ‘ဖြောင့်မှန်သူတို့၏နှုတ်မူကား ကိုယ်ကိုလွတ်မြောက်စေ’ သနည်း၊ ဖြောင့်မတ်သူတို့၏အိမ်သည် မည်သို့ “တည်မြဲ” သနည်း။ (သု. ၁၂:၆၊ ၇၊ သမ) [က၀၃ ၁/၁၅ စ. ၃၀ အပိုဒ် ၁-၃]
၈။ ဆောင်ရန်၊ ရှောင်ရန်စာရင်းတစ်ခုအသွင်ဖြင့် သမ္မာကျမ်းစာကို မရေးသားထားသောကြောင့် ကျွန်ုပ်တို့ မည်သို့ ‘ယေဟောဝါအလိုတော်ကို ပိုင်းခြား၍သိမြင်’ နိုင်သနည်း။ (ဧ. ၅:၁၇) [က၀၃ ၁၂/၁ စ. ၂၁ အပိုဒ် ၃–စ. ၂၂ အပိုဒ် ၃]
၉။ အဘယ်ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းက နွမ်းပါးမှု သို့မဟုတ် အဆင်မပြေသော စီးပွားရေးအခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန် လူတစ်ဦးအား ကူညီပေးနိုင်သနည်း။ [က၀၃ ၈/၁ စ. ၅ အပိုဒ် ၂-၅]
၁၀။ အဖိုးမခံဘဲပေးကမ်းရာတွင် ယေဟောဝါ၏ပုံသက်သေက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။ (မ. ၁၀:၈) [က၀၃ ၈/၁ စစ. ၂၀-၂]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ရှောလမုန်ဆောက်လုပ်ခဲ့သောဗိမာန်တော်အဝင်ဝရှိ ယာခိန်နှင့် ဗောဇဟူ၍ အမည်ရှိသော တိုင်နှစ်တိုင်က မည်သည့်အရာကို အမှတ်သညာပြုသနည်း။ (၃ ရာ. ၇:၁၅-၂၂)
၁၂။ ရှောလမုန်က တုရုမင်းကြီးဟိရံအား ဂါလိလဲပြည်ရှိ မြို့ ၂၀ ကိုလက်ဆောင်ပေးခြင်းသည် မောရှေပညတ်နှင့် ကိုက်ညီသလော။ (၃ ရာ. ၉:၁၀-၁၃)
၁၃။ “ဘုရားသခင်၏လူတစ်ယောက်” မနာခံမှုမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာယူနိုင်သနည်း။ (၃ ရာ. ၁၃:၁-၂၅)
၁၄။ ယုဒဘုရင်အာသသည် မည်သည့်နည်းဖြင့် သူ၏ရဲစွမ်းသတ္တိကိုပြခဲ့သနည်း၊ သူ၏ပုံသက်သေမှ အဘယ်အရာသင်ယူနိုင်သနည်း။ (၃ ရာ. ၁၅:၁၁-၁၃)
၁၅။ အာဟပ်မင်းနှင့် နာဗုတ်တို့ပါဝင်သောအဖြစ်အပျက်က မိမိကိုယ်ကိုသနားခြင်း၏အန္တရာယ်ကို မည်သို့ဖော်ပြသနည်း။ (၃ ရာ. ၂၁:၁-၁၆)