လက်ကမ်းဝေစာများကို သင်အသုံးပြုနေသလော
တစ်နေ့တွင် ၁၁ နှစ်အရွယ် လူငယ်လေးတစ်ဦးသည် ငရဲအကြောင်း လူထုဟောပြောချက်ကို ကြေညာထားသည့် လက်ကမ်းဝေစာတစ်စောင်ကို တွေ့ရှိခဲ့သည်။ “အဲဒီလက်ကမ်းဝေစာကို ကျွန်တော် အရမ်းစိတ်ဝင်စားသွားတယ်။ ကျွန်တော် အမြဲတမ်း အမှားလုပ်တတ်တော့ ကျွန်တော်သေတဲ့အခါ မီးတောက်လောင်နေတဲ့ငရဲကိုရောက်မှာ အရမ်းစိုးရိမ်တယ်” ဟုနောက်ပိုင်းတွင် သူရှင်းပြခဲ့သည်။ ထိုလူငယ်လေးသည် ဟောပြောချက်ကို တက်ရောက်ပြီး နောက်တစ်နှစ်ခန့်အကြာ၊ ကျမ်းစာလေ့လာမှုအတော်အတန်ပြုပြီးနောက် နှစ်ခြင်းခံခဲ့သည်။ ဤသို့ဖြင့် ကားလ်ကလိန်း၏ ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းကို စတင်ခဲ့သည်။ နောက်ပိုင်းတွင် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာအမှုထမ်းခဲ့သည်။ ဤအဖြစ်အပျက်အားလုံးသည် လက်ကမ်းဝေစာလေးတစ်စောင်မှ အစပြုခဲ့ခြင်းဖြစ်၏။
လက်ကမ်းဝေစာများသည် ယနေ့အချိန်တွင် ထိရောက်သည့် သက်သေခံခြင်းကိရိယာတစ်ခု ဆက်ဖြစ်နေဆဲပင်။ လူတစ်ဦးအား လက်ကမ်းဝေစာတစ်စောင်ကမ်းခြင်းသည် မိမိတို့ကိုယ်ကို မိတ်ဆက်ရန်နှင့် စကားစမြည်စတင်ပြောဆိုရန် အဆင်ပြေသောနည်းတစ်ခုဖြစ်ကြောင်း ကြေညာသူများစွာတွေ့ရှိကြသည်။ မိဘတို့သည် မိမိတို့၏ကလေးငယ်များအား အိမ်ပေါက်ဝတွင် လက်ကမ်းဝေစာဝေငှစေခြင်းဖြင့် ဓမ္မအမှုတွင် ပါဝင်စေနိုင်သည်။ စာရေးသက်သေခံသောကြေညာသူများသည် စာအိတ်ထဲတွင် လက်ကမ်းဝေစာတစ်စောင်ကိုပါ ထည့်ပေးခြင်းဖြင့် အစည်းအဝေးများကို ကြေညာပေးနိုင်သည်။ ထို့ပြင် လက်ကမ်းဝေစာများသည် ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများကို ကျွန်ုပ်တို့၏အစည်းအဝေးများသို့ ဖိတ်ခေါ်ရန် အဆင်ပြေသောနည်းတစ်ခုဖြစ်၏။
သင်၏ဓမ္မအမှုတွင် လက်ကမ်းဝေစာများကို ကောင်းစွာအသုံးပြုနေပါသလော။