ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၅ စာ. ၅
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၈/၀၅ စာ. ၅

ကြေညာချက်များ

ဩဂုတ် တွင်ဝေငှရန်စာပေ– ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်။ စက်တင်ဘာ– ဖန်ဆင်းရှင် [လိပ်] စာအုပ်ကို အသုံးပြုမည်။ ဝေငှမှုနောက်တစ်မျိုးအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) ကိုဝေငှနိုင်သည်။ စာအုပ်အဟောင်းများပိုလျှံနေသည့် အသင်းတော်များသည် ၎င်းတို့ထဲမှ မည်သည့်စာအုပ်ကိုမဆို ဝေငှမှုတစ်မျိုးအနေနှင့် ဝေငှနိုင်သည်။ အိမ်ရှင်များသည် ဝေငှသည့်စာအုပ်ကို လက်မခံလျှင် စောင့်နေကြလော့! ဘရိုရှာကိုပြပါ။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ စိတ်ဝင်စားမှုပြလျှင် ကျေးဇူးပြု၍ တောင်းဆို ဘရိုရှာကိုပြပါ။

◼ အောက်တိုဘာတွင် စနေတနင်္ဂနွေငါးကြိမ်ရှိရာ အရန်ရှေ့ဆောင်ရန် အလွန်ကောင်းသောလတစ်လဖြစ်ပါမည်။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စစ်ဆေးသင့်သည်။ ပြုပြင်ထိန်းသိမ်းရေး သို့မဟုတ် ဆောက်လုပ်ရေးအတွက်ကဲ့သို့သော သီးခြားဘဏ်စာရင်းရှင်တစ်ခုဖွင့်ထားလျှင် ၎င်းစာရင်းကို စစ်ဆေးရန်လည်း စီစဉ်သင့်သည်။ စာရင်းစစ်ဆေးမှု(များ) ပြုလုပ်ပြီးသောအခါ နောက်စာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်။

◼ သတိပေးချက်အနေနှင့် မည်သည့်ပုဂ္ဂိုလ်ရေးအပြန်အလှန်ပေးစာ၌မဆို ဌာနခွဲရုံး၏လိပ်စာကို ဘယ်သောအခါမျှ မသုံးသင့်ပေ။ ၎င်းတွင် စိတ်ဝင်စားသူများထံ၊ လူမတွေ့ခဲ့သည့်အိမ်များထံ သို့မဟုတ် လူသူရောက်ခဲသောနေရာများတွင်နေထိုင်သူများထံ သက်သေခံရန်ပေးပို့သည့် စာများနှင့် စာပေအားလုံးပါဝင်ပါသည်။ ကြေညာသူတစ်ဦးသည် ဘုရားသခင့်အမှုတော်ကို ကိုယ်တိုင်ထမ်းဆောင်နေခြင်းဖြစ်ရာ မိမိ၏ကိုယ်ပိုင်လိပ်စာကိုသာ အသုံးပြုလိုပေမည်။ (မ. ၂၈:၁၉၊ ၂၀; ရော. ၁၀:၁၄၊ ၁၅) သို့သော် စာဖြင့်သက်သေခံသည့်အခါ မိမိ၏ကိုယ်ပိုင်လိပ်စာကို အသုံးပြုခြင်းသည် ပညာရှိရာမကျဟု ယူမှတ်လျှင် မိမိ၏အမည်နှင့် နိုင်ငံတော်ခန်းမလိပ်စာကို အသုံးပြုနိုင်သည်။

◼ ၂၀၀၅ ခုနှစ်၊ ဩဂုတ် ၃၁ တွင် သို့မဟုတ် ဖြစ်နိုင်သရွေ့ ၎င်းနှင့်အနီးဆုံးရက်တွင် လက်ရှိစာအုပ်စာတမ်းနှင့် မဂ္ဂဇင်းအားလုံး၏ နှစ်ချုပ်စာရင်းကို ပြုစုသင့်သည်။ ဤပစ္စည်းစာရင်းသည် စာအုပ်စာတမ်းအမှုထမ်း လစဉ်ပြုစုထားသည့် အရေအတွက်မှန်နှင့်အလားတူကာ စုစုပေါင်းများကို စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း (S-18) ပုံစံတွင် ရေးသွင်းသင့်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်း(များ)ထံမှ ရယူနိုင်သည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်ထက်နောက်မကျစေဘဲ ဌာနခွဲရုံးသို့ပို့ပေးပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင် သိမ်းထားပါ။ တတိယပုံစံစာရွက်ကို တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။

◼ အသင်းတော်များသည် ယေဟောဝါသက်သေများ၏ ၂၀၀၆ ခုနှစ်ပြက္ခဒိန်၊ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၆ နှင့် ယေဟောဝါသက်သေတို့၏ ၂၀၀၆ နှစ်ချုပ်စာအုပ် တို့ကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူသင့်သည်။ ၎င်းပစ္စည်းများအား ရရှိနိုင်သည့် ဘာသာစကားစာရင်းတစ်ခုကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက် ကြေညာချက်” တွင်ဖော်ပြပေးပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ