သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၅ ခုနှစ် စက်တင်ဘာ ၅ မှ အောက်တိုဘာ ၃၁ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုအခြေခံသည့် ကျွန်ုပ်တို့၏သွန်သင်ချက်သည် လူတို့၏နှလုံးကိုထိမိကြောင်း မည်သို့သေချာစေနိုင်သနည်း။ (မ. ၁၃:၁၉၊ ကဘ) [ပက စ. ၂၅၈ အပိုဒ် ၁-၂၊ လေးထောင့်ကွက်]
၂။ တစ်စုံတစ်ဦး၏နှလုံးထဲတွင် ရှိသည့်အရာကို ဆွဲထုတ်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီနိုင်သနည်း၊ သို့သော် အဘယ်အရာကို ဂရုစိုက်ရမည်နည်း။ [ပက စ. ၂၅၉ အပိုဒ် ၁-၂]
၃။ ကျွန်ုပ်တို့သွန်သင်သည့်အခါ ယေဟောဝါ၏ အံ့မခန်းဖွယ်ဂုဏ်ရည်တော်များကို အလေးပေးတင်ပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။ [ပက စ. ၂၆၀ အပိုဒ် ၁]
၄။ ကျွန်ုပ်တို့၏ကျမ်းစာသင်သားများအား သူတို့တိုးတက်ဖို့လိုသည့်ကဏ္ဍများကို ပိုင်းခြားသိမြင်ရန် မည်သို့ကူညီနိုင်သနည်း။ [ပက စ. ၂၆၀ အပိုဒ် ၄–စ. ၂၆၁ အပိုဒ် ၁]
၅။ ကိစ္စရပ်များကို အဘယ်ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေကြောင်း ဆန်းစစ်ရန် ကျွန်ုပ်တို့၏သင်သားများ သို့မဟုတ် နားထောင်နေသူများအား ကူညီပေးဖို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ [ပက စ. ၂၆၂ အပိုဒ် ၂-၃]
တာဝန်နံပါတ် ၁
၆။ ယေဟောဝါအား “ဇွဲရှိရှိရှာခြင်း” ဟူသည် အဘယ်အရာကိုဆိုလိုသနည်း၊ ယင်းကို ကျွန်ုပ်တို့လုပ်ဆောင်နေကြောင်း မည်သို့ပြသနိုင်သနည်း။ (ဟေဗြဲ ၁၁:၆၊ ကဘ) [က၀၃ ၈/၁၅ စ. ၂၅ အပိုဒ် ၂; စ. ၂၆ အပိုဒ် ၁-၂; စ. ၂၇ အပိုဒ် ၂]
၇။ “စင်ကြယ်သောတရားစကားပုံစံ” ကားအဘယ်နည်း၊ အကြီးအကဲများသည် ယင်းကိုစွဲကိုင်ကြောင်း မည်သို့တင်ပြနိုင်သနည်း။ (၂ တိ. ၁:၁၃၊ ၁၄၊ သမ္မာ) [က၀၃ ၁/၁ စ. ၂၉ အပိုဒ် ၂–စ. ၃၀ အပိုဒ် ၁]
၈။ “ကျမ်းရင်းဝင်ကျမ်းစောင်များ” ဟူသောဝေါဟာရသည် အဘယ်အရာကိုဆိုလိုသနည်း။ ကျမ်းစောင်တစ်ခုကို ကျမ်းရင်းဝင်ကျမ်းစောင်ဖြစ်ကြောင်း သတ်မှတ်ပေးသည့်အချက်အချို့ကား အဘယ်နည်း။ [ဘကမ-၀၅ စ. ၄ အပိုဒ် ၅-၆]
၉။ စီ.အီး. ဒုတိယရာစုနှောင်းပိုင်းမှဖြစ်သည့် မူရေတိုရီယန်အပိုင်းအစသည် ခရစ်ယာန်ဂရိကျမ်း၏ ကျမ်းရင်းဝင်ကျမ်းစောင်များကို အတည်ပြုရာတွင် အဘယ်ကြောင့်အရေးကြီးသနည်း။ [ဘကမ-၀၅ စ. ၈ အပိုဒ် ၁၉]
၁၀။ ကျမ်းစာကိုယ်နှိုက်က ကျမ်းစာဘာသာပြန်ဆိုခြင်းအတွက် အဘယ်အခွင့်အာဏာပေးထားသနည်း။ ရှေးဘာသာပြန်ကျမ်းများက အဘယ်ရည်ရွယ်ချက်ကို ဖြစ်မြောက်စေခဲ့ပြီနည်း။ [ဘကမ-၀၅ စ. ၁၄ အပိုဒ် ၉]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ၄ ဓမ္မရာဇဝင် ၁၃:၂၁ က ဓာတ်တော်မွေတော်များအား ကြည်ညိုလေးမြတ်သည့် ယုံကြည်ချက်ကို ထောက်ခံပါသလော။
၁၂။ ဟေဇကိသည် အီဂျစ်ပြည်နှင့် မဟာမိတ်ဖွဲ့ခဲ့သလော။ (၄ ရာ. ၁၈:၁၉-၂၁၊ ၂၅)
၁၃။ သနာခရိပ်အပေါ် ယေဟောဝါ၏ အံ့မခန်းဖွယ်အောင်ပွဲဆင်မှုအကြောင်းကို အာရှုရိရာဇဝင်မှတ်တမ်းက တိတိကျကျဖော်ပြမထားသော်လည်း ထိုမှတ်တမ်းများပါ ဖော်ပြချက်နှင့်ပတ်သက်၍ အဘယ်စိတ်ဝင်စားစရာကို သင်တွေ့ရှိသနည်း။ (၄ ရာ. ၁၉:၃၅၊ ၃၆)
၁၄။ ရှာလသေလ၏ဖခင်ကား မည်သူနည်း။ (၅ ရာ. ၃:၁၆-၁၈)
၁၅။ ဘုရင်ရှောလုခေတ်ရှိ ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်တို့သည် ယနေ့ ဘုရားသခင့်ကျေးကျွန်အားလုံးအတွက် မည်သို့ပုံသက်သေကောင်းချမှတ်ခဲ့ကြသနည်း။ (၅ ရာ. ၅:၁၈-၂၂)