ကြေညာချက်များ
◼ အောက်တိုဘာ– တွင် ဝေငှရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ စိတ်ဝင်စားမှုပြလျှင် ကျေးဇူးပြု၍ တောင်းဆို ဘရိုရှာကိုပြပါ။ နိုဝင်ဘာ– ကြီးမြတ်သောဆရာထံမှသင်ယူပါ [လိပ်] စာအုပ်ကို ဝေငှပါ။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် အသိပညာ စာအုပ် သို့မဟုတ် သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာကို ဝေငှပါ။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှပါ။ သို့မဟုတ် အသင်းတော်တွင်ရှိမည်ဆိုလျှင် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော [လိပ်] သို့မဟုတ် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် အပါအဝင် အခြားဝေငှစရာများကို အသုံးပြုပါ။ ဇန်နဝါရီ– ၁၉၉၁ ခုနှစ်မတိုင်မီက ထုတ်ဝေခဲ့သော မည်သည့်စာအုပ်ကိုမဆို ဝေငှနိုင်သည်။ အိမ်ရှင်သည် ဝေငှသည့်စာအုပ်ကို လက်မခံလျှင် စောင့်နေကြလော့! ဘရိုရှာကိုပြပါ။
◼ အောက်တိုဘာတွင် စနေတနင်္ဂနွေငါးကြိမ်ရှိမည်ဖြစ်ရာ အရန်ရှေ့ဆောင်ရန် အလွန်ကောင်းသောလတစ်လဖြစ်ပါမည်။
◼ ဤလထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု စာစောင်ပါ ကြားညှပ်သည် “၂၀၀၆ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်” ဖြစ်ပြီး ၂၀၀၆ ခုနှစ်တစ်လျှောက်လုံး ရည်ညွှန်းရန်အတွက် သိမ်းထားသင့်သည်။
◼ ‘ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်၏’ ဟူသောကြားညှပ်ဆောင်းပါးသည် ၂၀၀၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်ထုတ် အင်္ဂလိပ်ကင်းမျှော်စင် မှဖြစ်သည်။ ဤအကြောင်းအရာကို အဆိုပါလထုတ်မဂ္ဂဇင်းတွင် မြန်မာဘာသာဖြင့်မရရှိခဲ့ပါ။