သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီ ၂ မှ ဖေဖော်ဝါရီ ၂၇ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် ‘ဘုရားသခင်ထံ ချီးမွမ်းခြင်းယဇ် ပူဇော်ဆက်ကပ်ရန်နှင့် နာမတော်ကို လူအများရှေ့ကြေညာရန်’ ကျွန်ုပ်တို့ကို အဘယ်နည်းများဖြင့် ကူညီပေးသနည်း။ (ဟေဗြဲ ၁၃:၁၅၊ ကဘ) [ပက စ. ၅ အပိုဒ် ၃–စ. ၆ အပိုဒ် ၁]
၂။ တိကျစွာဖတ်ရှုရန် အဘယ်ကြောင့် ဝီရိယရှိရှိ ကြိုးစားအားထုတ်သင့်သနည်း။ [ပက စ. ၈၃ အပိုဒ် ၁-၅]
၃။ ကျွန်ုပ်တို့စကားပြောဆို၊ သွန်သင်သည့်အခါ ရှင်းလင်းစွာပြောဆိုရန် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။ [ပက စ. ၈၆ အပိုဒ် ၁-၆]
၄။ အသံထွက်မှန်ကန်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ အဘယ်အခြေခံအကြောင်းများကို သုံးသပ်ဖို့လိုသနည်း။ [ပက စ. ၈၉ အပိုဒ် ၁–စ. ၉၀ အပိုဒ် ၂၊ လေးထောင့်ကွက်]
၅။ စကားပြောဆိုရာတွင် ပို၍သွက်လက်ပြေပြစ်လာရန် အကူအညီဖြစ်စေသည့် အကြံပြုချက်အချို့ကား အဘယ်နည်း။ [ပက စ. ၉၄ အပိုဒ် ၄-၅၊ လေးထောင့်ကွက်]
တာဝန်နံပါတ် ၁
၆။ ကျမ်းစာပရောဖက်ပြုချက်ကို ယုံကြည်စိတ်ချနိုင်ကြောင်း ၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁ က မည်သို့ထောက်ခံသနည်း။ [ဘကမ-၀၁ စ. ၉ အပိုဒ် ၃၅]
၇။ အဘယ်ကွင်းဆက်ဖြစ်ရပ်များကြောင့် ဂျူးများသည် ယေဟောဝါ၏အိမ်တော် ပြန်လည်တည်ဆောက်ရန် ဘီစီ ၅၃၇ တွင် မိမိတို့၏မွေးရပ်မြေသို့ ပြန်နိုင်ခဲ့ကြသနည်း။ [ဘကမ-၀၁ စ. ၉-၁၀ အပိုဒ် ၁-၃]
၈။ ဧဇရမှတ်စာသည် ယေဟောဝါအား စစ်မှန်သောဘုရားအဖြစ် မည်သို့သင်္ကာယနကင်းစေပြီး ကိုယ်တော်အပေါ် ယုံကြည်စိတ်ချမှု မည်သို့တည်ဆောက်ပေးသနည်း။ [ဘကမ-၀၁ စ. ၁၁ အပိုဒ် ၁၄၊ ၁၈]
၉။ “အာတဇေရဇ်မင်းကြီးနန်းစံနှစ်ဆယ်” သည် ကျမ်းစာသက္ကရာဇ်စဉ်တွင် အဘယ်ကြောင့် အရေးကြီးသနည်း။ (နေ. ၂:၁၊ ၅၊ ၆၊ ၁၁၊ ၁၇၊ ၁၈) [ဘကမ-၀၁ စ. ၁၂ အပိုဒ် ၂၊ ၅]
၁၀။ မျက်မှောက်ခေတ် ဘုရားသခင့်ကျေးကျွန်များအတွက် နေဟမိသည်မည်သို့ပုံသက်သေကောင်းဖြစ်သနည်း။ [ဘကမ-၀၁ စ. ၁၃ အပိုဒ် ၁၆-၁၇]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ယေဟောဝါထံမှ အဖြေတောင်းခံရာ၌ အသုံးပြုခဲ့သော ဥရိမ်နှင့် သုမိမ်ကို ပြည်တော်ပြန်များ ရရှိနိုင်သေးသလော။ (ဧဇ. ၂:၆၁-၆၃)
၁၂။ ဗာဗုလုန်ရှိ ဂျူးများစွာသည် အဘယ်ကြောင့် ဧဇရနှင့်အတူ ယေရုရှလင်သို့ မသွားလိုကြသနည်း။ (ဧဇ. ၇:၂၈–၈:၂၀)
၁၃။ မြို့ရိုးပြန်လည်တည်ဆောက်သည့်အလုပ်ကို လက်တစ်ဖက်တည်းနှင့် မည်သို့လုပ်နိုင်ပါသနည်း။ (နေ. ၄:၁၇၊ ၁၈)
၁၄။ လျှို့ဝှက်စာများကို တံဆိပ်ခတ်ထားသောအိတ်ထဲ ထည့်လေ့ရှိရာ သမ္ဘာလတ်သည် “တံဆိပ်မခတ်သောစာ” ကို နေဟမိထံသို့ အဘယ်ကြောင့်ပို့ရသနည်း။ (နေ. ၆:၅)
၁၅။ နေဟမိသည် ဒုံရင်းအခြေအနေသို့ ပြန်ရောက်သွားသောဂျူးများကို “အပြစ်တင်” သည့်အပြင် မင်းသား၊ မှူးမတ်များကို အစောပိုင်းကပြုခဲ့သည့်အတိုင်း အခြားအဘယ်ပဲ့ပြင်သွန်သင်မှုများ ပြုခဲ့သနည်း။ (နေ. ၁၃:၂၅၊ ၂၈)