လုပ်ငန်းတော်စည်းဝေးအစီအစဉ်
မတ် ၁၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၆ ရှိအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဖေဖော်ဝါရီ ၁၅ ကင်းမျှော်စင် နှင့် မတ် နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ ကြေညာသူသည် တင်ဆက်မှုတစ်ခုစီ၏အဆုံးတွင် ဝေငှနေသည့်မဂ္ဂဇင်း၏ ကျောဘက်အဖုံးကိုအသုံးပြု၍ အိမ်ရှင်အား အောက်မေ့ရာပွဲသို့ ဖိတ်ခေါ်သင့်သည်။
၁၅ မိ– “ရွေးနုတ်ဖိုးမှ အကျိုးကျေးဇူးရရှိရန် အခြားသူများကိုကူညီပါ။”a အောက်မေ့ရာပွဲသို့ လူတို့ကို ဖိတ်ခေါ်သည့်အခါ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်၏ စာမျက်နှာ ၂၀၆-၈ ကို မည်သို့အသုံးပြုနိုင်ကြောင်း နောက်အပိုင်းတွင် သုံးသပ်ပါမည်။
၂၀ မိ– သခင့်ညစာစားပွဲ—ဘုရားသခင်အား ဂုဏ်တင်သည့်ပွဲတော်။ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်၏ စာမျက်နှာ ၂၀၆-၈ ကိုအခြေခံ၍ မေးဖြေဆွေးနွေးရန်။ တစ်မိနစ်ထက်မပိုသောနိဒါန်းတွင် ပထမအပိုဒ်ကို ဖတ်ပြခြင်းဖြင့် အကြောင်းအရာကို အိမ်ရှင်နှင့် မည်သို့မိတ်ဆက်ပေးနိုင်ကြောင်း ဖော်ပြပါ။ ထို့နောက် အပိုဒ်များမဖတ်ဘဲ အောက်ပါမေးခွန်းများကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။ (ပိုဒ်. ၂) ယေရှုသည် မိမိ၏သေခြင်း အောက်မေ့ရာပွဲကို မည်သည့်အချိန်တွင် အစပြုကျင်းပခဲ့သနည်း။ (ပိုဒ်. ၃) သခင့်ညစာစားပွဲကို အကြိမ် မည်မျှကျင်းပသင့်သနည်း။ (ပိုဒ်. ၄) ဤအောက်မေ့ရာပွဲတော်အကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ (ပိုဒ်. ၅) ယေရှုသည် မုန့်နှင့်စပျစ်ရည်ကို ကိုယ်တော်၏ ပကတိအသား၊ အသွေးအဖြစ်သို့ မပြောင်းလဲခဲ့ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။ (ပိုဒ်. ၆) တဆေးမဲ့မုန့်သည် အဘယ်အရာကို ပုံဆောင်သနည်း။ (ပိုဒ်. ၇) အနီရောင်စပျစ်ရည်သည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ (ပိုဒ်. ၈) မည်သူတို့သာ မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်သင့်သနည်း။ (ပိုဒ်. ၉) အောက်မေ့ရာပွဲကို နှစ်စဉ် မည်သည့်အချိန်တွင် ကျင်းပသနည်း၊ ကျွန်ုပ်တို့ အဘယ်ကြောင့် တက်ရောက်သင့်သနည်း။ အချိန်ရသရွေ့ အဓိကကျမ်းချက်များကို ဆွေးနွေးပါ။ အပိုဒ်များဖတ်ခြင်း၊ အဓိကအချက်များဆွေးနွေးခြင်းနှင့် ဤအပိုင်းတွင်ပါသည့် မေးခွန်းများကဲ့သို့သော ရိုးရှင်းသည့်မေးခွန်းများအသုံးပြုခြင်းဖြင့် ကျမ်းစာသင်သားများ၊ အောက်မေ့ရာပွဲသို့ သူတို့ဖိတ်ခေါ်သူများနှင့်အတူ ဤအချက်အလက်များကို လေ့လာကြရန် အားလုံးကို တိုက်တွန်းပါ။
သီချင်း ၁၃၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “အောက်မေ့ရာပွဲနှိုးဆော်ချက်များ” လေးထောင့်ကွက်မှ အဓိကအချက်များကို သုံးသပ်ပါ။
၂၃ မိ– ဘုရားသခင့်အစီအစဉ်တွင် ခရစ်တော်၏အခန်းကဏ္ဍ။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၁၀-၁၃ ကိုအခြေခံ၍ ဟောပြောရန်။ “ခရစ်တော်၏အခန်းကဏ္ဍ” ဟူသောခေါင်းစဉ်ငယ်အောက်ရှိ ပထမနှစ်ပိုဒ်ကို ဆွေးနွေးသည့်အခါ အောက်မေ့ရာပွဲဖိတ်စာအသုံးပြုနည်းများကို အကြံပြုရန်နှင့် သရုပ်ပြရန် သုံးလေးမိနစ်အသုံးပြုပါ။ ဖေဖော်ဝါရီ ၂၀၀၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃၊ အပိုဒ် ၃ ပါအကြံပြုချက်များကို သုံးသပ်ပါ။
၁၂ မိ– ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်းဖြင့် ခွန်အားရရှိ။ ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၆ ၏ ကျမ်းဦးစကားကိုအခြေခံကာ ဟောပြော၍ သရုပ်ပြရန်။ ယနေ့ကျမ်းချက်နှင့် မှတ်ချက်များကို မိသားစုတစ်စုသုံးသပ်နေသည့် သရုပ်ပြတစ်ခုစီစဉ်ပါ။
သီချင်း ၁၀၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၇ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ မတ်လလယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၆ ရှိအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မတ် ၁ ကင်းမျှော်စင် အတွက်တင်ဆက်ပုံကို သရုပ်ပြပါ။ စိတ်ဝင်စားသူများအား အောက်မေ့ရာပွဲသို့ ဖိတ်ခေါ်ရန် ပုံနှိပ်ထားသည့်ဖိတ်စာအသုံးပြုပုံကိုလည်း ဖော်ပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “ဘုရားသခင်၏လမ်းစဉ်တွင် လျှောက်လှမ်းရန် စိတ်နှိမ့်ချသူများကို သွန်သင်ပါ။”b ဇူလိုင် ၁၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆၊ အပိုဒ် ၉ ကိုအခြေခံသည့်မှတ်ချက်များ ပါဝင်စေပါ။
သီချင်း ၁၇၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း လေ့လာခြင်းမှ ပျော်ရွှင်မှုရယူပါ” ဆောင်းပါးကို အကျဉ်းချုံးသုံးသပ်ပါ။ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်အတွက် သင်တန်းအစီအစဉ်ဇယားကို အာရုံစိုက်စေပါ။ စိတ်ဝင်စားသူများအား အောက်မေ့ရာပွဲသို့ဖိတ်ခေါ်ရန် ပုံနှိပ်ထားသည့်ဖိတ်စာအသုံးပြုပုံကိုလည်း ဖော်ပြပါ။
၁၅ မိ– ကြိုတင်ပြင်ဆင်ရန် သင်သားများအား လေ့ကျင့်ပေးပါ။ စက်တင်ဘာ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်၊ စာမျက်နှာ ၄၊ အပိုင်း ၄ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဒီဇင်ဘာ ၂၀၀၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁ မှမှတ်ချက်များကိုလည်း ပါဝင်စေနိုင်သည်။ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်၏ အခန်း ၁ မှနမူနာများကို အသုံးပြုခြင်းဖြင့် လိုရင်းချက်များကို ရှင်းပြပါ။
၂၀ မိ– မေးခွန်းသေတ္တာ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။
သီချင်း ၉၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။